Episode-11(U&Z)

27K 3.5K 292
                                    

Episode-11

“မင်း ရဲ့မိတ်ဆွေက သီးသီးသန့်သန့်ပြောချင်ပုံရတယ် ဟုတ်လား မိုးညှို့”

“ဟုတ်တယ် ကိုကို.။လာ-”

မိုးညှို့ ဦးဆောင်ခေါ်သည့်နောက်ကိုပြယုဂ် လိုက်လာခဲ့လိုက်သည်။မိုးညှို့၏ မိတ်ဆွေတစ်ယောက်က အလှကုန်ကြေငြာတစ်ခု ရိုက်ချင်တာမို့ ဒါရိုက်တာပြယုဂ်ကို အကူအညီတောင်းချင်သည်ဟု မိုးညှို့မှ တစ်ဆင့်ဆိုလာခြင်းပင်ဖြစ်သည်။ပုံမှန်အတိုင်းဆို ကုမ္ပဏီမှာသာ တွေ့ဆုံလက်ခံပေမယ့် မိုးညှို့က နေ့လည်စာ ပြန်ကျွေးချင်သည်ဟု ဆိုလာရင်းဖြင့် အကူအညီတောင်းလာ တော့ ပြယုဂ် မငြင်းခဲ့တော့။မဟုတ်လည်း ဒီနေ့လည် သူ အားလပ်ရက် ယူထားသည်ပဲလေ။

မိုးညှို့ ခေါ်လာသည့်နေရာက မြို့တွင်းက နာမည်ကြီးစားသောက်ဆိုင်တစ်ခု၏ အတွင်းပိုင်းဆုံးကျသည့်နေရာဖြစ်သည်။ဒီဆိုင် ကို ပြယုဂ်ကတော့ တစ်ခါမှ မရောက်ဖူးပါ။ ရှေ့ပိုင်းတွင်က romantic ဆန်ဆန် ဆိုင်ပြင်ဆင်မှုတွေရှိပြီး အတွင်းပိုင်းထိလျှောက် လာတော့ ရေတံခွန်အတုလေးတွေရယ်--မြက်ခင်းပင်စိမ်းစိုစိုတွေရယ်..ဝါးပင်တုတွေရယ်နှင့် ဆိုရပါလျှင် တရုတ်ရှေးဟောင်း ကားတွေထဲက နေရာလေးတစ်ခုကိုရောက်သွားသလိုပင်ခံစားရသည်မို့ ပြယုဂ် သဘောကျမိလေသည်။စိတ်ကြည်လင်ရခြင်း က သီးသန့်အခန်းလေးအတွင်းက တစ်စုံတစ်ယောက်ကိုမြင်သည့်အချိန် မျက်မှောင်ကုတ်သွားရတော့သည်။

“သခင်မလေး စောင့်နေတာကြာပြီလားဗျ.. လမ်းမှာ ကားနည်းနည်းပိတ်နေလို့ပါ.အစောကြီးကြိုထွက်လာပေမယ့်..”

“ရပါတယ် ဒေဝီလည်း ခုလေးတင်မှရောက်တာ ထိုင်လေ..သြော်--ဒါရိုက်တာကြီး ထိုင်ပါ.”

မိုးညှို့ က ပြုံးပြုံးလေးဖြင့် ဝင်ထိုင်လိုက်ပေမယ့် ဆန့်ကျင်ဘက်ဖြစ်စွာ ပြယုဂ် မျက်နှာက မကြည်သာ။ဒေဝီ လှစ်ခနဲပြုံးလိုက်မိ သည်။ ဒီမနက် သူမ စိတ်အနှောင့်အယှက်ဖြစ်ရသည့် သတင်းကြောင့် လူကိုယ်တိုင်တွေ့ချင်နေတာကို မိုးညှို့ ကို ပြေးသတိရ လိုက်မှ အခန့်သင့်သွားသည်။

“ဟင်းပွဲတွေတော့ လာချပေးလိမ့်မယ်.။ဗိုက်ဆာနေကြပြီလား.”

မောင့်ဧကရာဇ် Where stories live. Discover now