Episode-33

27.6K 3.4K 180
                                    

Episode-33

"အချစ်အတွက်နဲ့နန်းစွန့်တယ်ဆိုတာ ရာဇဝင်ထဲမှာပဲရှိတယ်ထင်နေတာ။ဘယ်လိုလုပ် သူ့ကျမှလာဖြစ်ရတာလဲမသိဘူး။"

ဆေးရုံက သိပ်မကြာခင်ပဲ ဆင်းလာခွင့်ရခဲ့သော်ငြား ဧကရာဇ် ၏ ရာထူးစွန့်လွှတ်သည့်ကိစ္စကို သတင်းပြန်ကြားရေးတွေမှာ ကြေငြာသည့်အခါမှ သိရသည့်အခါ မိုးညှို့ တစ်မနက်လုံး ရေရွတ်နေလေသည်။

"ထိမိမယ်လေကွာ."

"ဖယ်! မကိုင်နဲ့"

ဝတ်ထားသည့် အင်္ကျီကို ခပ်မြန်မြန်ဆွဲချွတ်နေသည်မို့ ပတ်တီးသိပ်ထားဆဲဖြစ်သည့် ဒဏ်ရာကို စိတ်ပူစွာ ဖြင့် ဧကရာဇ် ဆိုမိသည်။သို့သော်လည်း သူ့လက်ကို မိုးကလေးက ပုတ်ချ၏။ မနက်ခင်းနိုးပြီး မနက်စာစားသည့်အချိန်ထိက ကြည်ကြည်သာသာပေမယ့် သတင်းကလာသည့် အကြောင်းအရာကိုသိမြင်ကြားပြီးသည့်နောက်တွင် မိုးညှို့ မျက်နှာလေး အုံ့မှိုင်းသွားရခြင်းဖြစ်သည်။ ဒေဝီကိုလည်း ဧကရာဇ် ဖုန်းဖြင့်ပင်ဆက်သွယ်မေးမြန်းသည့်အခါ ဧကရာဇ် စွန့်လွှတ်ရသည့် အကြောင်းကို ဒေဝီက ထဲထဲဝင်ဝင်မပြောသော်ငြား မိုးညှို့ကတော့သဘောပေါက်ခဲ့ပြီဖြစ်သည်။
ကြားလိုက်ရကတည်းကရင်ထဲနင့်နေအောင်နာကျင်သည်။ချစ်ရလွန်းသူက သူ့အတွက် ဘယ်လောက်တောင် စွန့်လွှတ်နိုင်မှုကို ပြသနေဦးမှာလဲ။ဘယ်လောက်ထိတောင်စွန့်လွှတ်နိုင်ရတာလဲ။

"မိုး. ကိုယ်လုပ်ပေးပါမယ်။."

"ဟင့်အင်း။မတိုင်မပင်ဘဲနဲ့ ခင်ဗျားစိတ်ထင်ရာတွေချည်းဇွတ်လုပ်တာ.။ဖယ်လို့ပြောနေတယ်နော်."

သူ့ဘက်ကိုဝေ့ကြည့်လာသည့် မိုးညှို့မျက်ဝန်းလေးတွေက စူးစူးတောက်တောက်မို့ ဧကရာဇ် လှမ်းဆွဲထားသည့် လက်ဖဝါးလေး ကို လွှတ်ပေးလိုက်ရသည်။မိုးညှို့က အောက်ခံစွပ်ကျယ်လေးရယ်ဘောင်းဘီဒူးအတိလေးရယ်ဖြင့် ရေချိူးခန်းထဲ ဝင်သွားခဲ့သည်။သတင်းကြားပြီးကတည်းက မိုးညှို့ က ခါးက ဒဏ်ရာနှင့်ကိုမှ ဧည့်ခန်းသန့်ရှင်းရေးတွေလုပ်လိုက်၊တံမြက်စည်း တွေကောက်လှည်းလိုက်ဖြင့် ဧကရာဇ်ကို စကားပြောခွင့်မပေး.။စိတ်အာရုံကလည်းကိုယ်၌တွင်ရှိပုံလည်းရတာမဟုတ်။ နောက်ဆုံး အိပ်ခန်းထဲဝင်လာတော့မှသာ ဧကရာဇ် လိုက်လာခဲ့ရခြင်း။

မောင့်ဧကရာဇ် Where stories live. Discover now