Episode-23

24.1K 3.3K 272
                                    

Episode-23

အဆင်မြင့်ဟိုတယ်ခန်းမထဲသို့ဝင်လာသည့် ဧကရာဇ် ၏ဘေးတွင်ဒေဝီက ကပ်ရပ်ပါလာသလို နောက်ပါးဆီက လင်းမောင်နှင့် သက်တော်စောင့်တပ်ဖွဲ့ ကတစ်ပါးတည်းပါသည်။ဟိုတယ်ပိုင်ရှင်က ခရီးဦးကြိုပြုလျက် နှုတ်ဆက်သည်ကို ဧကရာဇ် ပြန်လည် ပြုံးပြနှုတ်ဆက်လိုက်သည်။ ဟိုတယ်တစ်ခုလုံးဝန်ထမ်းတချိူ့သာရှိလျက် အားလုံးရှင်းလင်းနေသည်။ အထူးသဖြင့် ကင်မရာတဖျတ်ဖျတ်ဖြင့်သတင်းယူမည့်သူများလည်းရှိမနေစေရန် သေချာမှာကြားထားသည်မို့ ဧကရာဇ် စိတ်ချမ်းသာရသည်။

“အဲ့တစ်ယောက်ကတွေ့ချင်တာကို ဘာလို့ လက်ခံလိုက်တာလဲ။ဦးရီးတော် ကိုလည်းပေးမသိဘဲနဲ့လေ.”

“ရော် သူက ငါ့ကိုတွေ့ချင်တာလေ။ ဖခမည်းကိုတွေ့ချင်တာမှမဟုတ်ဘဲ။ ခု ငါ လာတော့လည်း စိတ်မချလို့ဆို နင် လိုက်လာပဲမလား ဒေဝီ ရဲ့။စိတ်လေးရှင်းရှင်းထားစမ်းပါ။”

ဧကရာဇ်က အပြုံးတစ်ခုဖြင့် ဆိုလျက် လမ်းပြကာရှေ့ကာ ဦးဆောင်နေသည့် ဟိုတယ်ပိုင်ရှင်နောက်က သာသာလိုက်သည်။ ဒေဝီမှာသာ မျက်မှောင်တကြုံ့ကြုံ့။စိတ်မပူရှိမည်လား။ ဒီတစ်လောမှာပဲ ထိခိုက်ဒဏ်ရာ ရသည်။ အစာအဆိပ်သင့်သည်။ အရေးကြီးတွေ့ဆုံစည်းဝေးပွဲကိုဖျက်သောကြောင့် မင်းကြီးထံမှ ဆူပူကြိမ်းမောင်းအပြစ်ဝန်ခံခြင်းတင်ရသည်။ဒါတောင် သခင်လေး က ခု ပြည်ပနိုင်ငံသားခံယူထားသည့် နာမည်ကြီး တစ်ယောက်နှင့်တွေ့ဖို့လက်ခံလိုက်သည်။နန်းတော်ထဲမှာ မဟုတ်ဘဲ ဧကရာဇ်ကိုသာတွေ့ဆုံလိုသည်မို့ နန်းတွင်းရေးရာက တစ်ဆင့်တောင်းခံလာသည်ကိုပယ်ဖျက်လိုက်လျှင်လည်း ရရဲ့သားနှင့် ဧကရာဇ် က မငြင်းပယ်။

“ကြွပါ သခင်လေး လိုအပ်တာခိုင်းရအောင် ကျွန်တော့် ဝန်ထမ်းတွေကိုအပြင်ကနေ စောင့်ခိုင်းလိုက်ပါ့မယ်။”

“ဟုတ်ကဲ့ ကျေးဇူးဗျာ။”

အဆင်သင့် ဟထားပေးသည့် နှစ်ရွက်ဖွင့်ကျွန်းတံခါးကြီးကနေ ဧကရာဇ် နှင့် ဒေဝီ ဝင်လာခဲ့သလို လင်းမောင် တစ်ဦးတည်းက ထပ်ရပ်လိုက်ပါလာသည်။ ကြီးမားကျယ်ပြန်သည့် လေးထောင့်စားပွဲဝိုင်းကြီး၏ တစ်ဖက်တွင် အမျိူးသားတစ်ဦးနှင့်အမျိူးသမီး တစ်ဦးက သူတို့ဘက် ကျောပေးထိုင်နေသည်။ လင်းမောင်က အရင် ဧကရာဇ် အတွက် အခြေအနေကိုလေ့လာကြည့်ရှုရန် ဦးအောင် လှမ်းလိုက်တာမို့ ထို နှစ်ယောက်က အနောက်ဘက်ကိုလှည့်ကြည့်လာကြသည်။

မောင့်ဧကရာဇ် Donde viven las historias. Descúbrelo ahora