Episode-21

23.6K 3.2K 121
                                    

Episode-21

နန်းတွင်းထဲဝင်လာသည့် ထိပ်ထားကိုမြင်တော့ ဒေဝီ က ငြိမ်းစေဆောင်ဘက်လှမ်းနေခြင်းကို နေရာပြောင်းကာ ထိပ်ထား ဘက်လှည့်လိုက်၏။ နှင်းဆီရောင်မြန်မာဝမ်းဆက်.. ထုံးဖွဲ့ထားသည့် ဆုံထုံးပြေပြဖြင့် ထိပ်ထားက တော်တော်လေးကို လှပ နေသည်။ဒေဝီကတော့ ဒီမနက်မှ ဂေါ့ဖ်ကလပ်မှပြန်လာတို့ ပေါ့ပေါ့ပါးပါးအားကစားဝတ်စုံလေးဖြင့် ဖြစ်သည်။

“ဒေဝီ  ဂေါ့ဖ်က ပြန်လာတာထင်တယ်”

“ဟုတ်တယ်။ခုပဲ။ ဒေဝီက မဟုတ်တောင် ထိပ်ထားကို သက်သက်လာတွေ့တော့မလို့.။ခုနေ တစ်ခါတည်းတွေ့လိုက်တော့လည်းကောင်းသွားတယ်။”

“ဟုတ်လား..ဖုန်းဆက်လိုက်တာမဟုတ်ဘူး။ထိပ်ထားလာခဲ့မှာပေါ့”

ထိပ်ထား၏ ဖြူဖြူစင်စင်အပြုံးကို ဒေဝီက တစ်ချက်ပြန်လည်ပြုံးပြရင်း ဖြည်းဖြည်းချင်းအနားကပ်လာသည်။နှစ်ကိုယ်ကြား ပမာဏနားထိရောက်လာသည့်အခါ ဒေဝီ အပြုံးကရုတ်သိမ်းသွားသည်။

“ဟိုတစ်နေ့က စားသောက်ဆိုင်မှာ ဧကရာဇ် လုပ်ကြံခံရတဲ့ကိစ္စလေ။ လင်းမောင်တို့ လိုက်တာတောင် မမိခဲ့တာသိတယ်မလား။”

“အင်း သိတယ်လေ.။ထိပ်ထားတောင် တော်တော်လန့်သွားခဲ့တာ”

“ဟုတ်လား။ ထိပ်ထားက လန့်တယ်လား.။ကြံစည်သူကလန့်တယ်ဆိုတော့ တို့တွေလန့်ဖို့လည်းထားပါဦးလား။”

ဒီတစ်ခါတော့ ထိပ်ထားမျက်နှာက အပြုံးလည်းပျောက်ကွယ်သွားပြီဖြစ်သည်။သူမ နားကပ်နေသည့် ဒေဝီကို စေ့စေ့ပြန်ကြည့် လိုက်မိသည်။ ကပ်ဦးထုတ်အဖြူရောင်အောက်က ဒေဝီမျက်ဝန်းတွေက တလက်လက်။သားကောင်ကိုဖမ်းတော့မည့် ကျားသစ်ပျိူမ အသွင်။

“ဒေဝီ ဘာဆိုလိုတာလဲ.စကားက ဘောင်လွန်တယ်ဆိုတာသိရဲ့လား။”

“အမှန်ကိုပြောနေတာဆိုရင်တော့ ဘောင်မလွန်ဘူးမလား။ဧကရာဇ်က ဒေဝီတို့ရဲ့အိမ်ရှေ့စံ.။ စောင့်ရှောက်ဖို့က ဒေဝီ စိတ်ထဲ အမြဲတမ်း တည်နေပြီးသားကိစ္စမို့ သူ့ကိုထိခိုက်စေတဲ့ကိစ္စတွေ ဒေဝီ လက်မခံဘူး။”

မောင့်ဧကရာဇ် Where stories live. Discover now