ကြယ်တွေဆီသို့
"ဆွတ်ရိန်.... ငါတို့ ဇာတ်လမ်းကို ဒီမှာပဲ
အဆုံးသတ် လိုက်ရအောင်..... "ဆွတ်ရိန်က နောက်သို့ယိမ်းယိုင်သွားသော ခန္ဓာကိုယ်ကို လက်နှင့်ပြန်ထောက်လိုက်ကာ ဒန်နီရယ့်အား နားမလည််နိုင်သလိုအကြည့်မျိူးဖြင့် ဆွေးမြေ့စွာကြည့်လိုက်သည်။
"ငါ့ကို အဲလိုမနောက်နဲ့ ဒန်နီရယ် ငါမကြိုက်ဖူး "
ဆွတ်ရိန်၏အသံသည်ခြောက်သွေ့ပြီး အနဲငယ် အက်ကွဲနေသည်။ နောက်တော့ ဒန်နီရယ့်မျက်၀န်းတွေကို ငေးစိုက်ကြည့်ရင်း တစ်ချက်ခန့် ပြုံးသည်။
ထိုအပြုံးသည် သေချာပေါက်ရင်ဆိုင်ရတော့မည့် အရာတစ်ခုကိုမြင်နေရသည့်တိုင် မသိချင်ယောင်ဆောင်သော ရူးချင်ယောင်ဆောင်သည့် အပြုံးမျိူးဖြစ်သည်။
"ဆွတ်ရိန် မင်းသွားတော့ကွာ မနက်ဖန်ကစပြီး မင်းအလုပ်ဆင်းစရာမလိုတော့ဖူး မာမီကို ငါပြောလိုက်မယ် မင်းအတွက်ဘာမှမနစ်နာစေရဖူး နောက်ထပ်အလုပ်တစ်ခုရဖို့အတွက်လည်း မာမီစီစဉ်ပေးလိမ့်မယ် "
"ဒန်နီရယ် မင်းရူးနေပြီလားငါနစ်နာတယ် မနစ်နာဖူးဆိုတာ မင်းဘယ်လိုဆုံးဖြတ်လဲ အခုအချိန် ငါလိုချင်တာ မင်းအနားမှာ နေခွင့်ရဖို့တစ်ခုတည်းပဲ ငါ့ကိုစွန့်ပစ်ဖို့မကြိုးစားနဲ့ ဒန်နီရယ် ငါ တကယ် သေလိမ့်မယ် ပြောစမ်းပါ..... မင်းရော ငါ့ကို လိုအပ်နေသေးတယ် မဟုတ်လား "
မျက်ရည်ကြည်တစ်ချိူ့သည် ဆွတ်ရိန်၏မျက်ခမ်း စပ်တစ်ဝိုက် ဝှေ့သီလာသည်။ဒန်နီရယ့်အား မည်သည့် အကြောင်းကြောင်းမှ သူမစွန့်လွှတ်နိုင်။
သူ့အပေါ်ကို အသက်မပါသလို အေးစက်စက်နှင့် စိမ်းကားစွာ ကြည့်နေသော ဒန်နီရယ့်၏ မျက်၀န်းတွေကိုလည်း သူ ရင်မဆိုင်ရဲပါ။
ထိုမျက်၀န်းတွေသည် စကားမပြောတတ်သည့်တိုင် သူ့အားလိုလားသည့်ဟန်မပြတာကို သူရိပ်မိသည်ပဲ ။
အဲလို မျက်၀န်းမျိူးတွေနဲ့ ငါ့ကိုအဝေးဆုံးကိုတွန်းမပို့ပါနဲ့ဒန်နီရယ်။မင်းအနားကနေ ငါ့ကို အလွယ်တကူ ထွက်သွားခွင့် မပေးလိုက်ပါနဲ့....။
YOU ARE READING
Way to the stars [Completed] Z+U
Romanceဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်ကိုပြေးပြေး ကျွန်တော့်ရင်ပြင်ကျယ်ကြီးထဲကနေ မလွတ်မြောက်နိုင်မှာလေ 🌻