ကြယ်တွေဆီသို့
" သြော် ... ဆွတ်ရိန်တောင် ရောက်လာပြီ "
ဧည့်ခန်းဝကိုခြေချလိုက်မိစဉ်မှာပဲ ပျံ့လွင့်လာတဲ့ ဆိုဖီယာရဲ့လေသံကြောင့် ဆွတ်ရိန်၏ လှမ်းလက်စ ခြေလှမ်းတို့ ရပ်တန့်သွားသည်။
"ဟုတ်ကဲ့ အမ အစောကြီးရောက်နေတာလား "
ဆွတ်ရိန်က ဆိုဖီယာ့ကို ပြုံးပြလိုက်ကာ ရိုရိုကျိူးကျိူး နှုတ်ဆက်လိုက်သည်။ ချစ်ရသူရဲ့ အမအရင်း ခေါက်ခေါက်ဖြစ်တာမို့ အနဲငယ် ရှိန်နေတာလည်း ပါသည်။
ဒန်နီရယ် မူးလဲပြီးနောက်ပိုင်း ဆိုဖီယာက မကြာခဏပင်လာပြီးပြုစုသည်မို့ သူနဲ့ဆိုဖီယာတောင် အတော်အတန်တော့ ရင်းနှီးနေပြီ.....
ဆိုဖီယာသည် ပညာတတ်တစ်ယောက် ပီပီအမြဲနှစ်လိုဖွယ်ကောင်းအောင် ပြုံးပြတတ်ပြီး ပေါင်းတတ်သင်းတတ်သူဖြစ်သည်။ သူနဲ့ ဒန်နီရယ်၏ ကိစ္စကိုလည်းဆိုဖီယာက မသိချင်ယောင်ဆောင်ထားပေးတာမို့မျက်နှာပူတာတွေ ဘာတွေမဖြစ်ပဲ ပုံမှန်အတိုင်းပဲ ဆက်ဆံလို့ရနေတာ ဖြစ်သည်။
"ဒန်နီရယ်ကတော့ အပေါ်မှာ သူ့ငယ်ချစ်ဦးရောက်နေလို့ စကားတွေကောင်းနေလေရဲ့ ဆွတ်ရိန် တတ်သွားလိုက်လေ "
ငယ်ချစ်ဦး.......
ကြားဖူးနေကျစကားပေမယ့် ရင့်ဘတ်တစ်ခုလုံးကို ထုချေလိုက်သလို နာကျင်အောင့်မျက်သွားစေသည်။
သူ့မျက်လုံးအစုံဟာပြာဝေသွားပြီးနှုတ်ခမ်းများသည်လည်း ရယ်နေရာမှ ရုတ်တရက် ရပ်တန့်သွားသည်။
" ဟုတ် အမ ကျွန်တော် သွားလိုက်ပါဦးမယ် "
ဆိုဖီယာ့ကိုနှုတ်ဆက်ပြီး လှေကားပေါ်တတ်လာသည်အထိ စိတ်တွေက မတည်ငြိမ်။
အပေါ်ရောက်ပြန်လျှင်လည်း ဘယ်လိုမြင်ကွင်းမျိူးနဲ့ သူကြုံတွေ့ရဦးမှာလဲ ။
အစိုးမရသော စိတ်တွေကယောက်ယှက်ခတ်နေကာ ခြေလှမ်းတွေပင် မှားချင်ချင်။
ဘုရားသခင် ...ကျွန်တော့်ရင်ခွင်ထဲကနေ ဒန်နီရယ့်ကို ဆွဲထုတ်သွားမယ့်သူတော့မဟုတ်ကောင်းပါရဲ့....
![](https://img.wattpad.com/cover/165904599-288-k715347.jpg)
ESTÁS LEYENDO
Way to the stars [Completed] Z+U
Romanceဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်ကိုပြေးပြေး ကျွန်တော့်ရင်ပြင်ကျယ်ကြီးထဲကနေ မလွတ်မြောက်နိုင်မှာလေ 🌻