ကြယ်တွေဆီသို့စတင်ခြင်း
The trouble is you think you have time( Buddha )
" Male Nurse တစ်ဦးအမြန်အလိုရှိသည်။ "သတင်းစာထဲက ကြော်ငြာအပိုင်းအစလေးတစ်ခုကငြိမ်သက်နေသည့် ကျွန်တော်စိတ်တွေကိုလှုပ်ခတ်သွားစေသည်။Posting မကျခင်သူနာပြုကျောင်းဆင်းခါစလူသစ်လေးကျွန်တော့်အတွက် ယခုလိုကြော်ငြာမျိူးက အလွန်ပင် စိတ်လှုပ်ရှားဖွယ်ကောင်း၏။
Private Nurse တဲ့ ။ ဂဏန်းခြောက်လုံးအထက်ရှိသည့် မက်မောလောက်စရာ လစာကလည်း ထိုအလုပ်ကိုလျှောက်ဖြစ်ဖို့ကျွန်တော့အားတွန်းအားပေးနေလေသည်။
ဤလစာပမာဏနဲ့ဆိုလျှင် ကျွန်တော်ရော ကျွန်တော့်မိသားစုပါ ဖူလုံရုံမက လုံလောက်သည်ဆိုတာထက်ပင် ပိုနေမှာအသေအချာ။
ဟိုးငယ်စဉ်ကတည်းက ဆရာဝန်ဖြစ်ချင်လွန်းခဲ့သည့်ကျွန်တော် ဆေးတက္ကသိုလ်ဝင်ခွင့်အမှတ်နဲ့အနဲငယ်လွဲချော်ခဲ့သော်ငြား သူနာပြုကျောင်းကို ရွေးချယ်ဖြစ်ခဲ့ခြင်းအတွက်တော့ နောင်တမရမိ။
ကျွန်တော့်ရဲ့တစ်ခုတည်းသော ရည်ရွယ်ချက်ကိုက ကမ္ဘာပေါ်မှာရှိတဲ့လူတွေ ကျန်းကျန်းမာမာနေနိုင်ဖို့၊သူတို့ခံစားနေရတဲ့ဝေဒနာတွေကို ကျွန်တော့်လက်နဲ့ပဲဖြစ်ဖြစ် အနဲငယ်သက်သာစေဖို့၊ အားနဲနေတဲ့လူတွေကိုကူညီစောင့်ရှောက်ပြီး ပြန်လည် ထူထောင်ပေးချင်တာရယ်မို့ ကျွန်တော် ဒီလမ်းပေါ်ကို ရွေးပြီးလျှောက်မိခဲ့ခြင်ဖြစ်သည်။
ထိုကြော်ငြာအတွက် အနဲငယ်လောက်ကြိုးစားကြည့်လျှင်ကောင်းမည်ဟုကျွန်တော်ထင်မိသည်။
ဘာမှမလုပ်ဘဲ မျှော်လင့်ချက်ထားလို့မရသည်
ထက်စာလျှင်တော့ ကြိုးစားကြည့်တာကမှ 50% တော့မျှော်လင့်ခွင့်ရှိသေးသည်မဟုတ်လား။ထို့နောက် သတင်းစာအပိုင်းအစကို လက်ထဲကျစ်
ကျစ်ပါအောင်ဆုပ်ရင်း ကျွန်တော့်ခြေလှမ်းတွေမှာယုံကြည်မှုတွေအဆစ်ပေါင်းထည့်လိုက်သည်။ကျွန်တော့်အတွက်
ကျွန်တော့်မိသားစုအတွက်
![](https://img.wattpad.com/cover/165904599-288-k715347.jpg)
BINABASA MO ANG
Way to the stars [Completed] Z+U
Romanceဒန်နီရယ်က တိမ်ကလေးလို လေနှင်ရာလွင့်ချင်တယ်ဆို ကျွန်တော်က အဲဲဲဒီတိမ်ကလေးကို အုပ်မိုးကာကွယ်ပေးနိုင်တဲ့ ကောင်းကင်ကြီးပဲ ဖြစ်ချင်တာ အဲတာမှ တိမ်ကလေး ဘယ်ကိုပြေးပြေး ကျွန်တော့်ရင်ပြင်ကျယ်ကြီးထဲကနေ မလွတ်မြောက်နိုင်မှာလေ 🌻