အိမ်ပြန်မယ်ပြောပြီး ခေါ်လာတာအိမ်မဟုတ် အရင်က
သူနဲ့စာသွားသွားဖတ်လေ့ရှိတယ် စာကြည့်တိုက်လေး
သို့ မျက်နှာချင်းဆိုင်ထားကာ ကော်ဖီတစ်ယောက်တစ်
ခွက်နဲ့....Baek: ဘာပြောမလို့လဲ???
Yeol: Kaiနဲ့မပြန်စေချင်လို့ခေါ်လာတာ
.....
Yeol: ပြောပါဦးမနေ့က ဘယ်သွားတာလဲ??
Baek: မဟုတ်မှ....
Yeol: ဟုတ်တယ်မနေ့က နင်တို့နောက်ကိုတောက်
လျှောက်လိုက်ချောင်းနေတာ....အော်...လိုက်ချောင်းနေတာတဲ့...ရယ်ဖို့တော့ကောင်း
သားအပစ်လုပ်ထားတဲ့ခလေးကို အမေကအတင်းဝန်ခံ
ခိုင်းလို့ နှုတ်ခမ်းလေးထော်ပြီးပြန်ပြောနေတဲ့ပုံစံမျိုးနဲ့ ရင်ထဲကတိတ်တခိုးလေး...။ဘာရယ်မှန်းမသိပေမယ့် စိတ်ထဲမှာတော့ကျေနပ်နေမိတယ်...ဘာဖြစ်ဖြစ်ဒါဟာကိုယ့်ကိုသူစိတ်ပူနေလို့လိုက်ချောင်းနေတာဘဲမလား???အဲ့လိုဘဲကျွန်မကတော့ မှတ်ချက်ပေးမိတယ်...။Baek: နေပါဦးဒါကဘာလဲ???
မနေ့က ommaကိုသူပေးခိုင်းလိုက်တဲ့ ဗူးလေးကိုထုတ်
ပြလေတော့...Yeol: လက်ဆောင်လေ
Baek: လက်ဆောင်???ဘာအတွက်လဲ?
ကျွန်မအမေးကိုပြန်မဖြေ ထိုင်ရာကနေထလာပြီး
ဗူးထဲကဆွဲကြိုးလေးကိုထုတ်ပြီး သူကိုယ်တိုင်လာဆွဲ
ပေးနေတယ်...သူ့ရဲ့လုပ်ရပ်တွေကို အံ့သြစွာကြည့်နေပေမယ့်သူကတော့အေးဆေးစွာပင် ခနကြာတော့အိတ်ထဲ
ကဘော့ပင်လေးတစ်ချောင်းကိုသူထုတ်လိုက်တာ...။Baek: ဒါငယ်ငယ်က ငါတို့အသံဖမ်းဘော့ပင်လေးမလား?
အမေးကိုပြန်မဖြေဘဲ ဘော့ပင်ခလုတ်လေးကိုသူနှိပ်
လိုက်တော့....
''ဟဲရို ဟဲရိုbaekတို့koreaကိုပြောင်းရာတာ
ဆယ့်ခြောက်နှစ်ပြည့်တဲ့နေ့ကျရင် ပျော်ချရာတွေ ဖန်တီး
ပေးမယ်နော်...တကယ်ရား???
''ရာဆိုခဲ...ငါတို့အသက်ကြီးရင် မုန့်ဖိုးတွေ
အများကြီးရမှာလေ ငါ့မုန့်ဖိုးနဲ့အဲ့ကျရင်လက်ဆောင်ဝယ်ပေးမယ်''သူ့လုပ်ရပ်တွေကြည့်ပြီး အံ့သြရပြန်သည်...။သူကတကယ်ဘဲဒီနေ့လေးကို အမှတ်ရှိပေးနေတာလား...။ဒါဆို
ကျွန်မရဲ့ တစ်ဖက်သတ်အတွေးကမှားသွားပြီးပေါ့...။
ကိုယ့်ကို ဂရုမစိုက်ဘူးထင်ခဲ့တာ...။အချိန်အကြာကြီး
ပေါင်းသင်းလာတဲ့သူငယ်ချင်းကို ဒီနေ့မှသေချာသိလိုက်
တာကတော့Park Chanyeolဟာ မထင်ရင်မထင်သလို
romaticလေးတွေဖန်တီးတတ်တာကိုပေါ့...။ဒီတစ်ခါ
တော့Baekအားနာမိတယ်...။