ဖုန်းပြောပြီးပြီးချင်းဖုန်းချလိုက်ပေမယ့် ကျွန်တော်သူမကိုတော့စိတ်မချချေ။ အိမ်တော့သူမအရောက်ပြန်လာ
တတ်မှာပါ...။ထီးရောပါရဲ့လား? မဖြစ်ပါဘူးဟုဆိုကာ
သူမဖုန်းဆက်တဲ့နေရာကိုကားမောင်းထွက်လာမိသည်။Yeol: ခုနပြောတဲ့လိပ်စာနားကိုသွား
မိုးတွေကလည်း ပို၍ပို၍ရွာလာလေသည်။လူကလည်း
မိုးကြောင့်ပြတ်နေသည်။မှတ်တိုင်ကိုမြန်မြန်ရောက်ဖို့အရေးသာတွေး၍သွားနေသော်လည်း လူကချမ်းနေပြီမလို့
မနည်းအားယူကာလျှောက်နေစဉ်....မျက်လုံးတည့်တည့်ကိုကျရောက်လာသောကားမီးရောင်ကြောင့် မျက်လုံးတို့ကျိန်းဝါးနေစဉ် အနောက်မှ လူနှစ်ယောက်ကလည်းရုတ်တရက်လက်ကိုလာဖမ်းချုပ်ပြီး ရုန်းမရအောင်ဖမ်းဆီး
ထားသည်...။Baek: ရှင်တို့ဘာလုပ်တာလဲ? လွှတ် လွှတ်နော်...
ဖမ်းချုပ်ထားသောယောက်ျားနှစ်ဦးထံမှ ရုန်းထွက်နိုင်ရန်
ကြိုးစားနေသောလည်း မအောင်မြင် ရေတွေစိုနေတာ
ကြောင့်ခန္ဓာကိုယ်ပေါ်က အဝတ်ကလည်းကိုယ်နှင့်ကပ်
ကာအတွင်းသားတွေပေါ်နေသည်မလို့ မလုံမလဲဖြစ်မိ
သလို ကြောက်လည်းကြောက်နေမိသည်။မကြာခင်အရှေ့တည့်တည့်သောမောင်လာသောကားက
ရပ်တန့်ကာ မိန်းခလေး တစ်ဦးကားပေါ်မှဆင်းလာခဲ့သည်။အကူညီတောင်းခံရန်သူမအားကြည့်မိတော့Baek: ဟင်...nana unnie
ဟုတ်တယ်အလုပ်ခွင်မှာ ဋ္ဌာနတူတူလုပ်တဲ့unnieဖြစ်နေသည်မလို့ အားကိုရှိပြီဟူသောအတွေးနှင့်သူမကိုအကူညီပေးဖို့မျက်ဝန်းတို့နှင့်ကြည့်မိသည်...။
Baek: unnie...unnie...baekကို ကယ်ပါဦး
Nana: ဟွန့် နင့်ကိုကယ်ဖို့အတွက်ငါဒီလောက်ထိ
အချိန်မရဘူးကျွန်မnana unnieရဲ့ အပြောအဆိုတွေကိုအံ့သြနေအိသည်။
Nana: baekနင်ကဘာလဲ ယောကျာ်းရှိတယ်မလား?
ဒါဆိုဘာလို့Kaiရဲ့နားမှာ အရမ်းကပ်နေတာလဲ?ဘာလဲ
ဖောက်ုပန်ချင်နေတာလား??Baek: unnieဘာတွေပြော???
နားမလည်စွာဖြင့် ကျွန်မnana unnieကိုမေးခွန်းပြန်ထုတ်မိသည်။
