Yeol: ဒါနဲ့ဒီတိုင်း နေ့လည်စာလာပို့တာလား???Baek: ဟင့်အင်း ပြောစရာရှိလို့
Yeol: ဘာကိုလဲ???
Baek: ငါဒီနေ့အလုပ်ရသွားပြီ....။
ကျောင်းပြီးတော့ appa ကုမ္ပဏီမှာဝင်လုပ်လို့ရမှန်း
သိပါတယ် ဒါပေမယ့်Yeolကပြောတယ် အလုပ်လုပ်ချင်
ရင်တောင် ဝန်ထမ်းနေရာကနေသွားကြည့်ပေါ့တဲ့ နင့်အတွက်အတွေ့အကြုံတွေရတာပေါ့တဲ့ အဲ့တာကြောင့်yeol
ရဲ့အကြံပြုချက်အတိုင်း မော်ဒယ်တွေအတွက် ဝတ်စုံဒီဇိုင်းရေးဆွဲပေးရတဲ့ အလုပ်ကိုဝင်လျှောက်တော့ အလုပ်ရခဲ့တယ်...။ကိုယ်တိုင်ကလည်း ဒါမျိုးတွေဖန်တီးရတာဝါသ
နာပါသူမလို့လုပ်ကြည့်ချင်တယ်ဆိုပြီး ဝင်လုပ်ကြည့်လိုက်တာပါ...ဒါမျိုးတွေက နာမည်ရလာရင်လည်းဝင်ငွေ
ကောင်းတယ်လေ....appaရဲ့ ကုမ္ပဏီကလည်းနောက်
ပိုင်းYeolနဲ့လက်ထပ်ပြီးမှ ဝင်လည်းရတာမလို့ ငယ်တုန်း
ဝါသနာပါတာကိုလျှောက်လမ်းကြည့်ချင်တယ်.....။
ကံကောင်းတယ်ပြောရမလားဘဲ ကျွန်မတို့အလုပ်ရှင်က
သဘောကောင်းတယ်ဆိုပြီး အင်တာဗျူးဖြေတဲ့နေ့က
ကြားခဲ့ရတယ်လေ....။Yeol: CEOက???
Baek: မမြင်ဖူးသေးဘူး....
Yeol: ငါတို့စေ့စပ်ထားတာ နင်သိပါတယ်နော်...
Baek: အေးလေ ဘာဖြစ်လို့လဲ???
Yeol: အလုပ်ကယောကျာ်းလေးတွေနဲ့ ရင်းရင်းနှီးနှီး
မနေနဲ့နော်...ကျွန်တော်ဘာပြောမိလိုက်တာပါလိမ့်...ကိုယ်ပြောတဲ့စကားကိုယ့်ဘာသာနားထောင်ပြီးမှ အံ့သြနေမိတယ်
ကျွန်တော်ကရိုးရိုးလေးဘဲပြောလိုက်တာပါ...သူမက
ပြုံးနေတော့မှ ကိုယ့်စကားကိုယ်ပြန်ကြားပြီး ရှက်ကိုးရှက်
ကန်းတွေဖြစ်နေရတယ်ဗျာ...Baekhyunကို ချစ်လို့လား
အဲ့လိုမဟုတ်ပါဘူး...ဒီအတိုင်းသာမန်ဘဲ အရင်ကဘယ်
သွားသွားအတူတူမလို့ စိတ်ချရပေမယ့် ခုကသူကသူ့အလုပ်နဲ့သူကျွန်တော်မမြင်ရတဲ့နေရာမှာလေ...။အဲ့ကြောင့်
သူငယ်ချင်းတစ်ယောက်အနေနဲ့ပြောလိုက်တာပါ....။အမလေး...Park Chanyeolမှ ဟုတ်ရဲ့လား...ကိုယ့်ကို
ဆိုတစ်ခါမှ ဒီလိုဂရုမစိုက်တတ်တဲ့လူက ဒါမျိုးတွေသတိ
ပေးနေတော့ အံ့သြမှုနဲ့ထပ်တူ ဝမ်းသာမိပြန်တယ်...။
သူဘာလို့ခုလိုဂရုစိုက်တတ်သွားရတာလဲ???သူရဲ့တစ်ချိန်ဇနီးဖြစ်လာရမယ့်လူအတွက် သတိပေးတာလား???
ချစ်လို့တော့မဟုတ်လောက်ဘူးမလား???ကိုယ့်အတွေးကမမှားဘူးဆိုတာကိုyeolရဲ့နောက်ဆက်တွဲစကားက
သက်သေတစ်ခုဖြစ်နေတယ်...။