~3~

10.5K 1.1K 59
                                    

(Unicode)

"ဆရာဝန်လူကြီး"

"ဗျာ"

"ကျွန်တော်ကြားဖူးတာက ပါမောက္ခဘွဲ့လိုချင်ရင်နိုင်ငံခြားသွားရမယ်ဆို ခင်ဗျားရော သွားမှာလား"

ကျောင်းပြေးပြီးသူ့ကျောင်းဆီကို တန်းတန်းမတ်မတ်ရောက်ကလာတဲ့ ကလေးဆိုးလေး။ဗိုက်ဆာတယ်ဆိုသောကြောင့်လဲ canteenကနေ မုန့်ဝယ်ကျွေးပြီးပြီ ပန်းခြံထဲမှာထိုင်ချင်တယ်ဆိုသောကြောင့်ထိုင်နေရင်းမှ သူ့ပေါင်ပေါ်ကိုလှဲချကာ မေးလာသည့်အဆိုးလေး။

"အင်း သွားရမှာပေါ့ "

"ဟမ် ဒါဆို ကျွန်တော့်ကိုလက်မထပ်ဘူးပေါ့"

သူ့အား မျက်နှာထားတင်းတင်းနဲ့ပြောလာသည့်ကောင်လေးမျက်ဝန်းတွေမှာ အရည်ကြည်လေးတွေဖြင့်။

"ဒါပေါ့"

"ခင်ဗျား တော်ပြီ ပြန်တော့မယ် ခင်ဗျားကို မုန်းသွားပြီ"

ပေါင်ပေါ်ကနေ ကုန်းထကာ ပြန်တော့မည်လုပ်နေတဲ့ထိုကောင်လေးကို ဆွဲချကာ ရင်ခွင်ထဲထည့်လိုက်တော့ ရုန်းနေသည်။

"လွှတ် ခင်ဗျားကြီး"

"ငတုံးလေး ကိုယ်က ဘာလို့လက်မထပ်ရမှာလဲ ဖြစ်နိုင်ရင် ကိုယ်က လက်ထပ်ချင်နေပြီ မင်းလေးကသာ အထက်တန်းပြီးမှဆိုလို့ငြိမ်နေတာ။ဒီကောင်လေးကိုလက်ထပ်ပြီးတာနဲ့ Londonမှာ ပညာသွားသင်မှာ ကလေးလဲလိုက်ရမှာ"

နှစ်ယောက်ဆင်တူ စေ့စပ်လက်စွပ် ရှိရာ လက်ဖဝါးကို ထပ်ကာ​ပြောလိုက်တော့ ဘာစကားမှမပြော။ဒါပေမဲ့ ဒီကောင်လေး သဘောကျနေမယ်ဆိုတာ မို့တက်နေတဲ့ပါးလေးကနေ သူမြင်နေပါသည်။

"ကိုယ့်ကို အဖြေပေးဦးလေ"

"ဘာအ​ဖြေလဲ စိတ်ဆိုးနေတာနော် စကားလာမပြောနဲ့"

စိတ်ဆိုးတယ်လဲပြောသေးတယ် ရင်ခွင်ထဲမှာ ငြိမ်နေတဲ့ထိုကလေးဆိုးလေး။

"ကျွန်တော်တို့အဲ့ကို မသွားခင် ဂျယ်ဂျူကိုသွားရအောင်နော် ပင်လယ်ကိုငယ်ငယ်ကတစ်ခေါက်ပဲရောက်ဖူးသေးတယ် နော် လိုက်ပို့ပေးမယ်မလား"

နှုတ်ခမ်းတထော်ထော်နဲ့ ပူဆာနေပုံက ကလေးငယ်အတိုင်းပင်။ပါးလေးဖောင်းကာ လက်ညိုးထိုးပြလိုက်တော့ မျက်စောင်းနဲ့အတူ ကပ်ထိလာတဲ့ နှုတ်ခမ်းပါးတစ်စုံ။

Epilogue Where stories live. Discover now