(Unicode)
ထမင်းစားပွဲပေါ်က ဟင်းအမယ်တွေကိုကြည့်ရင်း မျက်လုံးပြူးနေသော ငယ်..။
သူတို့ဆီမှာ မရှိတဲ့ ဟင်းလျာတွေကို အခုမှမြင်ဖူးပုံရ လျှာလေးတသပ်သပ်ဖြင့် ကြည့်နေတာကြောင့် ငယ် မျက်စိကျနေသော ထိုဟင်းကိုထည့်ပေးလိုက်တော့ သူ့အား ကျေးဇူးတင်သော မျက်လုံးများဖြင့်..။
ထိုဟင်းကို မြည်းကာ ကြိုက်သွားဟန်ဖြင့် သူ့အား လက်မ တစ်ထောင်ထောင် လုပ်ပြနေသော ငယ်ကြောင့် သူတွေးမိသည်က ထယ်လဲ ထိုဟင်းကို အရမ်းကြိုက်သည်ဆိုတာပင်။
နှုတ်ခမ်းတထော်ထော်ဖြင့် အစားသောက်စားနေသော ငယ်က သူတွေးချင်စရာကောင်းလောက်အောင်ပင် ထယ်နဲ့ တူခဲ့သည်။
"ဂျောင်ကု စားလေ"
အမေ့ရဲ့ သတိပေးသံကြောင့် ငယ့်ကို ငေးရင်း ထယ်ကိုတွေးနေသော သူ့စိတ်တွေကို ပြန်လည်စုစည်ပြီး ဟင်းလျာမရှိသော သူ့ပန်းကန်ထဲက ထမင်းကို ယောင်ပြီးစားမယ်လုပ်တော့ သူ့ဇွန်းပေါ်တင်လာသော ကြက်ဥလိပ်တစ်ခု..။
ထည့်ပေးသူက ငယ်..။
သူ့အားကြည့်ကာ ပြုံးပြလာတာကြောင့် သူလဲ ပြန်ပြုံးလိုက်ကာ ကြက်ဥလိပ်နဲ့ ထိုထမင်းကို ပါးစပ်ထဲထည့်လိုက်သည်။
လက်မတထောင်ထောင် ဖြစ်နေသော ငယ်ကို ပြန်လက်မထောင်ပြလိုက်တော့ ထမင်းကို ဆက်စားနေတာကြောင့် သူလဲ အေးအေးဆေးဆေး စားစေရန် ဆက်မကြည့်တော့..။
....
"ငယ် မအိပ်ပျော်ဘူးလား"
သူလဲစာဖတ်ပြီးအချိန်ကိုကြည့်လိုက်တော့ ဉာဥ့်နက်နေပြီဖြစ်သည်။သူတောင် အိပ်ငိုက်နေပြီဖြစ်သော်လည်း ငယ်က တက်တက်ကြွကြွဖြင့် စာအုပ်နဲ ဘောပင်ကိုင်ကာ ရေးခြစ်နေတာကြောင့် သူမေးလိုက်တော့ ခေါင်းငြိမ့်ပြကာ ဆက်ရေးခြစ်နေသည်။
အိပ်ဆေးကြောင့် အိပ်ပျော်ပြီး ညအိပ်မပျော်တာဖြစ်မယ်။
"ဘာတွေဆွဲနေတာလဲ ကိုယ့်ကိုပြပါဦး"
ငယ် လက်ထဲက စာအုပ်ကိုစောင်းကြည့်လိုက်တော့ ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးတစ်ယောက် စကားပြောနေသောပုံ..။
YOU ARE READING
Epilogue
Fanfictionချစ်ခြင်းတစ်ခုရဲ့နိဂုံးက အမုန်းတရားတစ်ခုအား နိဒါန်းသွယ်စေခဲ့သော်....