~15~

7.5K 884 147
                                    

(Unicode)

ဒီနေ့က Super Sunday ဖြစ်တာကြောင့် ဂျောင်ကု တစ်နေကုန်အားနေသည်။
ငယ်နဲ့TVကြည့်ပြီးတော့ နေ့လည်စာစားပြီး ငယ်လဲ အခန်းထဲဝင်သွားသလို သူလဲစာဖတ်နေလိုက်သည်။

စာဖတ်လိုက်ငယ်ဖျော်ပေးသော ကော်ဖီသောက်လိုက်နဲ့ပဲ သူအချိန်ကုန်နေတုန်း
အခန်းထဲက အဒေါ်ကြီးဘောင်းဘီဝတ်ကာ တံမြက်စည်းတစ်ချောင်းနဲထွက်လာသော ငယ် ။

"ကိုယ် ကူ-"
အခန်းသန့်ရှင်းရေးလုပ်မယ်ထင်တာကြောင့် သူကူညီပေးဖို့ပြောတော့ သူ့အား အတင်းထိုင်ခိုင်ပြီး ဘယ်တုန်းကပါလာမှန်းမသိသော စာအုပ်ထောင်ကာ

**ကျွန်တော်ပဲ အကုန်လုံးလုပ်မှာမလို့ ဦးကစာအေးဆေးဖတ်ပါ ok**

"Okပါ"

ငယ် ပြောသလိုပဲ သူလဲ မကူညီပဲ စာဖတ်ရန် လုပ်ပေမဲ့ အင်္ကျီအပွနဲ့ လှုပ်လှုပ် လှုပ်လှုပ် လုပ်နေသော ငယ်ကို မျက်ထောင့်က မြင်နေရတာမို့ စိတ်က ငယ့်ဆီကိုသာရောက်နေသည်။ငယ်နဲ့သူရဲ့ပုံစံက အခုဆိုရင် အိမ်ထောင်ရှင်ပုံစံတွေလိုပင်။ အတွေးကြောင့် သူ့နှုတ်ခမ်း ပြုံးပန်းဝေခနဲ...။

စိုက်ကြည့်နေရင် အလိုလိုသိတဲ့ The psychic staring effect (scopaesthesia)
ကြောင့် ငယ်က သူ့ဘက်ကိုလှည့်လှည့်လာတာကြောင့်လဲ သူ့မှာ စာအုပ်ကိုဟန်ဆောင်ဖတ်နေရသေးသည်..။

အရင်ဆုံး TV စတီခုံတွေကို ဖုန်ခါပြီး
အံသေးသေးလေးတွေထဲက စာအုပ်တွေ ထုတ်ကာ ဖုန်သုတ်ရင်း တစ်နေရာမှာတင်လိုက်တော့သော ငယ်။နောက်တော့ တံမြက်စည်းဖြင့် လှည်းချပြီး ဆပ်ပြာရည် ရေပတ်ဝတ်တွေတိုက်နေသည်။ကြမ်းပြင်ကို
တုတ်ရှည်ဖြင့်တိုက်တာကတော့ ကိစ္စမရှိပေမဲ့ အံသေးသေးလဲ ကုန်းကွကာ အားရပါးရ သူ့အရှေ့မှာတိုက်နေတာကြောင့် အနောက်က သူက ကြည့်ရင်း ကြည့်ရင်းဖြင့် အဆင်ကမ​​ပြေလှတော့။စပန့်ဘောင်းဘီသားကြောင့် ငယ်ရဲ့ အနောက် အလှက အထင်းသား..။

"အဟမ်း"

အာခေါင်ခြောက်လာသလိုလို ရေဆာသလိုလိုဖြစ်လာတာ​ကြောင့် ကိုယ့်ကိုယ်ကိုယ် ချောင်းဟန့်ပြီး စာအုပ်ကိုကြည့်လိုက်တော့ ငယ် ရဲ့တင်နှစ်လုံးက မျက်လုံးထဲအထင်းသား...။

Epilogue Where stories live. Discover now