~16~

7.4K 856 57
                                    

(Unicode)

"ငါ့ကိုကြေးစားလူသတ်ပေးမဲ့လူရှာပေး"

​ပြောစရာရှိသည်ဟုဆိုလာသော မမလေး ဆူ​ယောင်းကြောင့် သူနဲ့အတူတူ အပြင်ထွက်လာတော့ လူသတ်မဲ့သူကိုရှာခိုင်းတာပင်။

"ဘယ်သူ့ကိုသတ်မလို့လဲ"

"အဲ့ဒါ ငါ့ကိစ္စ နင့်အလုပ်က သူ့ကိုရှာပေးဖို့ပဲ"

သူ့အားမကြည့်ပဲ အရှေ့ကိုသာ ရှုတည်တည်စိုက်ကြည့်နေသော ကင်မ်ဆူယောင်း။ပြစ်မျိုးမှဲ့မထင် လှပါရက်နဲ့ သူမကိုယ်တိုင်ပင် အပြစ်ဖြစ်အောင်လုပ်နေသည်။အရင်က သူသိခဲ့သော ကြင်ကြင်နာနာ ဆက်ဆံတတ်သည့် ဆူယောင်း ဆိုသော မိန်းကလေးဖြင့် အလွန်ပင်ကွာခြားလွန်းလှသည်။

အိမ်ကြီးကိုစစရောက်ခြင်း ပန်းအိုးတွေသူ့ကြောင့်ကွဲတော့ သခင်မကြီးက စိတ်ဆိုးပြီး ထမင်းမကျွေး။ဒါကို သူမက ပန်းသီးတစ်လုံးလာပေးကာ မြေအိုးကြောင့်ထိခိုက်မိသော ဒဏ်ရာကိုလဲ ဆေးထည့်ပေးသည်။သူ့ကိုလဲ ကြင်ကြင်နာနာ ဆက်ဆံကာ သူငယ်ချင်းတစ်ယောက်လိုပင်..။

ဒါပေမဲ့ အခုဆူယောင်းကတော့ သူကိုယ်တိုင်ပင် ဒဏ်ရာရအောင်ပြုလုပ်ပြီး အပြုံးတစ်ခုဖြင့်ဖုံးကွယ်တတ်သည်။

ပြောင်းလဲတတ်တဲ့သဘာဝကြီးကိုနားလည်ပေမဲ့ ဆူယောင်းရဲ့ပြောင်းလဲမှုကိုတော့ မနှစ်သက်ပါ...။

ဒါပေမဲ့ ဒါတွေဟာ သူ့အလုပ်မဟုတ်။သူ့အလုပ်က ဆူယောင်းဘေးနားမှာ အတတ်နိုင်ဆုံးနေပြီး ဆူ​ယောင်းခိုင်းတာလုပ်ရင်းသူ့ဘဝကိုကုန်ဆုံးမည်။ဒါပေမဲ့ဆူယောင်းကတော့ သူ့အပိုင်ဖြစ်ရမည်။

"ကိုယ် သတ်ပေးမယ်လေ ဘယ်သူလဲပြော ငွေဆိုတာ မလိုအပ်ပါဘူး"

ဆူယောင်းဆံပင်တွေကိုပွတ်သပ်ကာ မြောင်ဟွန်း ပြောလိုက်တော့ ပုတ်ချခံလိုက်ရသည်။

"မလိုဘူး နင့်လိုလူယုတ်မာက ဘာတွေကြံစည်ထားနိုင်မလဲမပြောနိုင်ဘူး။ကြေးစားလူသတ်သမား ၅ရက်အတွင်းရှာပေး"

"ကောင်းပါပြီ"

ဘုရင်မတစ်ပါးလိုအမိန့်ပေးသော သူမကြောင့် ကျွန်လိုသူက မငြင်းနိုင်စရာကိစ္စမရှိ..။

Epilogue Where stories live. Discover now