Concert က ပြန်ရောက်ရောက်ချင်း အခန်းထဲဝင်ပြီး အဝတ်အစားတွေအသည်းအသန်ထည့်နေတဲ့ sica ရဲ့ အနောက်ဘက်မှ
Yul- အခုကရော ဘာလောက်ကြာဦးမှာလဲ
Sica- အင်း😩 ၁ပတ်လောက်တော့ ကြာမယ်ထင်တယ်
YUL-Schedule မရှိတုန်းလေးပဲ တွေ့ရတာကို အခုတော့ LAကို ဗြုန်းစားကြီး သွားရဦးမယ် Manager oppa ကလည်း စောစောကတည်းက ကြိုပြောတာမဟုတ်ဘူး အခုတော့ sicaက ညဘက်ကြီးသွားရတော့ ပင်ပန်းဦးမယ်
စိတ်ဆိုးနေတာတောင် သူမအတွက်ဆို အမြဲတမ်းစိတ်ပူပေးနေတဲ့ yul ကြောင့် ပြုံးမိရင်း 😊
Sica- oppa လည်း ဘယ်သိမလဲ yulရဲ့
LAက ရှယ်ယာရှင်တွေက အရေးတကြီး ကိစ္စပေါ်လာလို့ဆိုပြီး ခုနလေးတင်ကမှ ဖုန်းဆက်လာတာကိုYul တစ်ယောက် sicaမကြားအောင် ပွစိပွစိနဲ့
'Jessica အစုတ်ပလုတ်မ ရည်းစားနဲ့ရှိတဲ့အချိန် ခဏလေးတောင် ရည်းစားကို ဂရုမစိုက်ဘဲ တခြားကောင်မလေးအကြောင်းပဲ တွေးနေတယ် အခုလည်း အလုပ်ကိစ္စနဲ့ ဘယ်တွေ သဝေထိုးပြီး ဘယ်လောက်တောင်ကြာဦးမှာလဲ မသိဘူး'😒
အနောက်ကနေ ပွစိပွစိပြောနေရင်း နှုတ်ခမ်းဆူနေမယ့် yulရဲ့ပုံစံကို လှည့်မကြည့်ပေမယ့်လည်း သိတာမို့လို့ luggageထဲ လိုအပ်တာတွေ မြန်မြန်ပြီးအောင်ထည့်ပြီးတာနဲ့ yulဆီသို့ လျှောက်သွားပြီးနှုတ်ခမ်းဆူနေတဲ့ yulရဲ့ လည်ပင်းလေးကို သိုင်းဖက်လိုက်တယ်
ပြီးတော့ စိတ်ကောက်နေလို့ ဆူနေတဲ့ yulရဲ့ နှုတ်ခမ်းလေးကို တချက်နမ်းလိုက်ရင်း yul ရဲ့ ရင်ခွင်ထဲကို ခေါင်းလေးတိုးဝင်ပြီး
Sica- 'sicaကို စိတ်မဆိုးပါနဲ့နော် sicaလည်း yulနဲ့ အမြဲတမ်း အတူရှိချင်တာပေါ့ အခုက BlANC & ECLARE(sicaရဲ့ ကုမ္ပဏီ) အတွက် အရေးကြီး ကိစ္စရှိနေလို့ sicaလည်း မသွားချင်ဘဲ သွားရတာ'
အဲ့ဒီလို တီတီတာတာ ပြောရင်း yulကို မော့ကြည့်လိုက်တော့ yul က သူမကို ငုံကြည့်နေတာကိုလည်းမြင်ရော sica တစ်ယောက် yulရဲ့ ရင်ခွင်ထဲကို ပိုပြီး တိုးဝင်ပြီး yulရဲ့ ရင်ဘတ်ကို kissတွေပေးနေတယ်
yul mind' ဒီကောင်မလေး လူကို ဘယ်လိုချော့ရမလဲဆိုတာ ကောင်းကောင်းကြီး သိနေတာပဲ'