ကျောင်းတွေလည်း ဖွင့်ပြီဆိုတော့ Fanyက Yoonaရဲ့အိမ်မှာ မနေတော့ဘဲ သူမရဲ့ အဆောင်ကိုပြောင်းသွားခဲ့တယ် သူမတို့မကြာမကြာဆုံဖြစ်ကြပေမယ့် အခုတလောFany တစ်ယောက်ပျောက်ချက်သားကောင်းနေတာမို့ မနေနိုင်တဲ့ Yoonaကပဲ Fanyအိမ်ကို လိုက်လာခဲ့ရသည်Fanyရဲ့ အိမ်ကိုရောက်တော့ Fanyကို ခေါ်မရတာနဲ့ Yoona ကိုယ်ဘာသာကို passwordနှိပ်ပြီးပဲ ဝင်လာလိုက်သည် တအိမ်လုံး လိုက်ရှာပေမယ့် Fany အရိပ်အယောင်တောင် မတွေ့ရတာမို့ နောက်ဆုံးကျန်တဲ့ Fanyရဲ့ အခန်းတံခါးကို ဖွင့်ကြည့်လိုက်တော့ တွေ့ပါပြီ သူမ ရဲ့ သူငယ်ချင်း Tiffanyကို
ကော်ဖီခွက်ကို ကိုင်ရင်း အပြင်ဘက်မှာ သည်းထန်စွာရွာနေတဲ့ မိုးကို ကြည့်လိုက် သူမအခန်းထဲက TaeYeon ပုံတူုပန်းချီကားကို ကြည့်လိုက်နဲ့ မျက်ရည်တွေဝဲနေတဲ့ fanyကို မြင်တော့ yoona အံ့သြသွားမိသည်
အနည်းငယ် ပိန်ကျသွားပြီး ဖြုဖျော့နေတဲ့Fanyကို မြင်ရတော့ Yoonaစိတ်မကောင်းဖြစ်မိသည် အခုဖြစ်နေတဲ့ပုံစံအရဆိုရင် လွန်ခဲ့တဲ့ ၁ လလုံးလုံး Fany က သင်တန်းကိုရော ကျောင်းကိုရော သွားမှာမဟုတ်သလို အခန်းထဲက မထွက်ဘဲ လူတိုင်းနဲ့ အဆက်အသွယ်ဖြတ်ထားတာဖြစ်မည် ဒါကြောင့် သူမဆီလည်း ရောက်မလာခဲ့တာကိုး
Yoonaနဲ့ စခင်ကတည်းက အမြဲတမ်းပျော်ပျော်နေတတ်တဲ့ Fanyရဲ့ ဒီလိုပုံစံကှိုYoona တခါမှမမြင်ဘူးခဲ့ဘူး TaeYeon unnieကြောင့်လည်း အခုတလော Fanyပိုပြီး ပျော်ရွှင်လာပြီး အမြဲတမ်းပြုံးနေတတ်ပေမယ့် အခုတော့ Fanyက စိတ်ဒဏ်ရာ ရနေတဲ့ ဝေဒနာသည်တစ်ယောက်က လောကကြီးကိုအရှုံးပေးထားတဲ့ ပုံစံလိုဖြစ်နေပြီ
Yoona mind' နင်ဒီလိုဖြစ်နေတာ ဟိုတလောက ငါ့အကြံပေးတာနဲ့ များ ဆိုင်နေတာများလားဟာ ငါကလည်း နင်ပျော်ပါစေဆိုပြီး အကြံပေးခဲ့မိတာပါ fany ya
လွန်ခဲ့သော ရက်၄၀ခန့်,
'နင် ဒီလောက် သူ့ကို ချစ်နေတာ ဖွင့်ပြောလိုက်တော့ပါလား'
'ဖွင့်ပြောချင်တာပေါ့ဟာ ဒါမယ့် ငါ့ကို ထူးဆန်းတဲ့လူလို့မြင်သွားပြီး ငါတို့ရဲ့ အခုအခြေအနေလေးပါ ပျက်စီးသွားမှာ ငါကြောက်တယ်'