မနက်စောစော ထမင်းစားခန်းမှာ မနက်စာ ပလုတ်ပလောင်းစားနေတဲ့ Yoona မှ
'ဒါဆို နင်နဲ့ TaeYeon unnie က ရင်းနှီးသွားပြီပေါ့😂'
'အေး 😊'
'ငါ့အခန်းထဲမှာ ဘာမီတွန် ရှိတယ် သွားယူသောက်လိုက် ရောဂါက နုသေးတော့ ပျောက်ရင်လည်း ပျောက်လောက်မှာပေါ့😂😂''Ya Im Yoona ငါတကယ် အတည်ပြောနေတာ TaeYeon unnie က nickname အနေနဲ့ ငါ့ကို Eye Smile လို့တောင်ခေါ်သေးတာ 😊'
' ဘာ . . . .Eye smile ဟုတ်လား ဟား ဟား ဟား ဟား 😂😂😂'
'Ya မိကျောင်းပါးစပ်လို ရယ်မနေနဲ့ နင့်ပါးစပ်ထဲက ဟာတွေ ထွက်ကျကုန်မယ်'😒
' sorry ပါဟယ်😁 တော်တော်ရယ်ရတော့ ငါလည်း မထိန်းနိုင်ဘူးဖြစ်သွားတယ်'
' နင်မယုံဘူးလား'
'ဆိုပါတော့😁'
'ရော့ ဒါဆို ဒီမှာကြည့် '
Fany က သူမ ဖုန်းထဲက TaeYeonကို ခိုးရိုက်ထားတဲ့ ဓာတ်ပုံကို ပြလိုက်ရင်း
' ဟဲ့ ဒါက TaeYeon instragram က save ထားတာမလား ဒီဟာလောက်ကတော့ ငါလည်းသိတယ် ရော့ နင်ဖုန်း ပြန်ယူ😁'
TaeYeon အိပ်နေတုန်း Fany ခိုးရိုက်ထားတဲ့ဓာတ်ပုံကို ပြတာတောင် Yoona က မယုံဘူးဆိုတော့
'ရော့ အာ့ဆို ဒီပုံကိုကြည့် '
fanyကို ခွီပြီး မောသွားလို့ ရေသောက် နေတဲ့ Yoonaရဲ့ မျက်နှာအရှေ့ကို သူမရဲ့ဖုန်းထဲမှ ပုံတစ်ပုံကို ပြလိုက်တဲ့အခါ
'ဖြီး 💦💦💦😨'
'Ya ရေတွေစင်ကုန်ပြီ😡'
'တကယ်ကြီး နင်လား Fany ya၊ ဒီဓာတ်ပုံထဲက ကောင်မလေးက တစ်ကယ်ကြီး နင်လား '
'အေး အဲ့ဒါ ငါပဲ သူ အိပ်နေတုန်းလေး အမှတ်တရ အနေနဲ့ selfie ဆွဲထားတာ 😁'
'Wow အာ့ဆို နင်ပြောတာတွေက တကယ်ကြီးပေါ့ဟုတ်လား ဒါဆို နင့်ကို တကယ်ကြီး eye smile လို့ခေါ်တာလား '
'တကယ် eye smile လို့ခေါ်တာ အဲ့နာမည်ကိုလည်း သူ့တစ်ယောက်တည်း ခေါ်မှာတဲ့ ငါဆို ပျော်လွန်းလို့ ဟန်မြစ်ထဲတောင် ခုန်ချ ပစ်လိုက်ချင်တာ'