Ep.5

153 11 4
                                    

ညက တဖြည်းဖြည်း ညဥ့်နက်လာတာတောင် Fany ကတော့  နေ့လည်က သူမနဲ့ TaeYeonအကြောင်းတွေးရင်း  အိပ်ရာ ထက်မှာလူးလိမ့်ရင်း  တော်တော်နဲ့ အိပ်မပျော်နိင်သေးဘူး

   'အိပ်မရမယ့်အတူတူ တခွက်လောက်သောက်လိုက်ရင် ကောင်းမယ် ထင်တယ်'

Fany မီးဖိုချောင်က ရေခဲသေတ္တာကို ဖွင့်ကြည့်တော့ သောက်စရာဆိုလို့ ရေတောင်တဘူး မှ ရှိမနေဘူး

Fany- ဟာ ဆိုဂျုရော မက်ဂျုရော တဘူးမှတောင် မရှိတော့ဘူး Yoona မ ဘယ်လိုတောင် သောက်လိုက်တာလဲဟ အရင်တပတ်ကမှ အများကြီး ဝယ်ထားတာကို

Fany လည်း မထူးတော့တာမို့လို့ လမ်းထိပ်က 24 hours ဖွင့်တဲ့ store မှာဘဲ တခုခု သွားဝယ်ဖို့ ဆုံးဖြတ်လိုက်တယ် မနက် ၂နာရီထိုးတော့မှာမို့ Yoonaကိုလည်း အပြင်သွားမယ့် အကြောင်း မပြောဖြစ်တော့ဘူး  အခန်းထဲဝင် အပေါ်ထပ်အကျီင်္ဝတ် ပိုက်ဆံအိတ်ယူပြီး store ဆိုင်ကိုပဲ ထွက်လာခဲ့တော့တယ်

storeဆိုင်ကိုသွားတဲ့ လမ်းတလျှောက်လုံးမှာ လူတွေရှင်းနေတယ် Fanyက  ငယ်ငယ်ကတည်းက တယောက်တည်း နေခဲ့ရတဲ့အချိန်တွေကများတော့  ဒီလိုအခြေအနေတွေကို သိပ်တော့ မကြောက်တတ်ဘူး

Store ဆိုင်မှာ မက်ဂျု  ၃  ၄ဘူးနဲ့ တခြား လိုအပ်တဲ့ ပစ္စည်းလေးတွေ နည်းနည်းဝယ်လာခဲ့ပြီး
အိမ်လည်း မပြန်ချင်တာနဲ့  storeဆိုင်ကနေ ၁၅မိနစ်လောက် လမ်းလျှောက်ရင် ရောက်တဲ့ ဟန်မြစ်ဆီပဲ ထွက်လာခဲ့လိုက်တော့တယ်

အပြင်မှာလေနုအေးတွေ တိုက်နေပေမယ့် အရမ်းကြီးတော့ အေးမနေဘူး  Fany လမ်းလျှောက်ရင်း ဟန်မြစ်နားရောက်ခါနီးတော့  အလင်းရောင်သိပ်မရှိတဲ့ တနေရာမှာ

    'အု   အု     အု    အု '

     'ဂီး     ဂီး      ဂီး       ဂီး '

ခွေးပေါက်လေးအသံရော မာန်ဖီးနေတဲ့ အသံတွေရောသူမ ကြားနေရတယ်  Fany ထိုနေရာကို အသေအချာ ကြည့်မိတော့ ခွေးပေါက်လေး တစ်ကောင်ကို ခွေးလေခွေးလွင့် တွေက ဝိုင်းကိုက်ဖို့မာန်ဖီနေကြတယ် Fany လည်း ထိုခွေးတွေ ထွက်ပြေးသွားအောင် ခြောက်လွှတ်လိုက်ပြီး ခွေးပေါက်လေးကို အသာအယာ ပွေ့ချီလိုက်တော့ ထိုခွေးပေါက်လေးခမျာ ကြောက်လွန်းလို့ အသားတွေတောင်မှ တဆတ်ဆတ်တုန်နေတယ် Fany လည်း ထိုအိမ်မွေးခွေးလေးကို ရင်ခွင်ထဲထည့်ဖက်ထားရင်း

💙Part Of Her World 💙(သူမကမ္ဘာကြီးရဲ့ အစိတ်အပိုင်းတစ်ခု)Where stories live. Discover now