Zawgyi Code
" ချစ်တယ်...သည်းငယ်.."
* အင်းငါထင်သားပဲငါဒီလောက်မြူ စွမ်တွေတိုက်နေမှတော့ မင်းမကြွေရင်လေငါမင်းကို ဂတုံးတုံးပြီး ဘုန်းကြီးကျောင်းပို့တော့မို့ပဲသိရဲ့လား *
"အဲ့ဒီ့တော့ငါကဘာလုပ်ရမှာလဲ Yibo... မင်းမှာငါ့ညီတစ်ယောက်လုံးရှိနေတာလေ."
" ကိုယ်သူ့ကိုမချစ်ဘူး သည်းငယ် ကိုယ့်မှာဖြေရှင်းစရာပြသနာတစ်ခုရှိသေးလို့သူ့ကိုခဏအနားမှာခေါ်ထားရတာ သည်းငယ် အဲ့ကိစ္စကိုလဲ သည်းငယ်နဲ့ကိုယ်လက်မထပ်ခင်အကုန်ရှင်းမှာ..."
* wtf မင်းကိုဘယ်သူကယူမှာမို့လို့တုံး..*
Yibo မင်းက ကိုယ့်ကိုကိုယ်မတရားတွေ confident level so high နေတာပဲနော်..အကုန်လုံးကိုပိုင်သေထွက်နေတာပဲ..." အင်း..အင်း..အကုန်ရှင်း."
* အေးမင်းအဲ့ပြသနာတွေအကုန်ရှင်းပြီးတဲ့အချိန်ကျရင်ငါက ကောင်မလေးတစ်ယောက်နဲ့ papapa ပြီးလို့သားနဲ့သမီးနဲ့ဖြစ်နေလောက်ပြီအဟစ်အဟစ် *" ကိုယ်ဂတိပေးတယ်သည်းငယ်...ကိုယ်မင်းတစ်ယောက်ထဲကိုလက်ထပ်မှာ..."
Xiao Zhan ကတော့စကားစပ်မပြောတော့ပဲYiboရဲ့ပုခုံးပေါ်တွင်မျက်နှာအပ်ကာ လက်နှစ်ဖက်ကလဲ Yiboရဲ့ရင်ဘက်ကိုဖက်ထားသည်။သူအိပ်ချင်နေပြီလေ...........
Xiao Zhan ဒီနေရာကိုထပ်ရောက်လာပြန်ပြီအဆုံးမရှိတဲ့ပန်းခင်းကြီး
" ကျေးဇူးတင်ပါတယ် Xiao Zhan.."
အသံလာရာကိုကြည့်လိုက်တော့မူလပိုင်ရှင်ဖြစ်တဲ့ကောင်လေး...Xiao Zhanတစ်ခုခုပြောဖို့လုပ်လိုက်ပေမဲ့ပါးစပ်ကိုတစ်ခုခုပိတ်ထားသလိုဖြစ်နေသည်
" ကျွန်တော်သွားရတော့မယ်Xiao Zhan မကြာခင် Xiao Wangကခင်ဗျားကိုဒုက္ခပေးဖို့အစီအစဉ်ချနေပြီ"
* စောက်ကလေးငါဒုက္ခရောက်တော့မယ်မှန်းတော့သိတယ်ပေါ့..*
မူလခန္ဓာကိုယ်ပိုင်ရှင်ကောင်လေးဟာထိုစကားပြောပြီးသည်နှင့်မြူ ငွေ့တွေလိုပျောက်ကွယ်သွားသည်။
" ဟင့်အင်း..မဟုတ်. မဟုတ်..မသွားနဲ့ Xiao Zhan.."
Xiao Zhan အိမ်မက်ပြီးနိုးလာတော့စိမ်းသက်တဲ့အခန်းရဲ့အငွေ့အသက်ကိုရလိုက်သည် သူ Yiboရဲ့ကျောပေါ်မှာအိပ်ပျော်သွားတာမဟုတ်ဘူးလားဒါကဘယ်နေရာမလဲ မကြာပင် Yiboက ပနးကန်လုံးတခုကိုသယ်လာကာ Xiao Zhanနားသို့ရောက်လာသည်။
YOU ARE READING
Reborn Of Xiao Zhan( Completed)
Fanfictionသေခါနီးလူတယောက်ရဲ့ဆုတောင်းတစ်ခုကပြည့်မယ်ဆိုရင်ခဗျားတို့ရောဘာဆုကိုတောင်းမလဲကျတော်တောင်းမဲ့ဆုကတော့..... ငါမင်းကိုမချစ်ဘူးဒါပေမဲ့ငါ့အနားမှာပဲနေပေး Wang Yibo ကျွန်တော့ဘဝကိုပြန်မပေးလို့ကတော့ကျတော်ခဗျားကိုစိတ်အကြီးကြီးကောက်ပြီဘုရားခင် Xiao Zhan သူဟာကျတော့...