Chapter 10

7.3K 674 12
                                    

Zawgyi code

One month later....

Xiao Zhanကျောင်းကပြန်လာပြီးအိမ်ထဲသို့ဝင်လိုက်တော့ ဧည့်ခန်းsofaပေါ်တွင် အမျိုးသမီးတစ်ယောက်ကိုတွေ့ရသည်။ သူ့နောက်မှဝင်လာသော Xiao Wangသည် အမျိုးသမီးရဲ့ရင်ခွင်ထဲကိုဝင်ကာချွဲနေသည်။

" မေမေ..သားကိုပြစ်ထားတယ်နော်..သားကလွမ်းနေတာကို..."

* အော်..ပါးပါးရဲ့နောက်မိန်းမပဲကို..*

" မဟုတ်ပါဘူးသားရယ်..မားမားက သားလေးအတွက်ရှာနေတာပါနော်..အခုမားမားပြန်လာပြီလေသားဖြစ်ချင်တာအကုန်လုံးလုပ်ပေးမယ်နော်..ဟုတ်ပြီလား.."

" ဟုတ်..မားမား..ဟီး.."

ထိုအမျိုး သမီးဟာ Xiao Zhanဘက်ကိုလှည့်လာပြီး

" သား Zhanလေးတောင်တော်တော်အရွယ်ရောက်ပြီပဲ..လာပါဦးမေမေလေးဆီကို.."
အမျိုးသမီးကလက်ဆန့်ကာXiao Zhanကိုကြိုဆိုသည်။အပြင်လူများရဲ့အမြင်တွင်တော့သူ့ကှေ့ကအမျိုးသမီးဟာ နွေးထွေးကြင်နာတတ်တဲ့မိထွေးပုံစံဖြစ်သည်။သို့သော် Xiao Zhanအတွက်ကတော့ဟိုးအတွင်းထဲထိမကောင်းတဲ့စိတ်များကိုမြင်ရသည်။

" နေပါစေအန်တီ ကျွန်တော်ကကျွန်တော့်အမေရဲ့ရင်ခွင်နဲ့.အင်း....သူ့ရဲ့ရင်ခွင်ကလွဲရင်မဝင်တတ်တော့ဘူး..."
သူ့ရဲ့ရင်ခွင်ဆိုသောနေရာတွင်စကားကိုဖိပြောကာ Xiao Wangကိုစူးစိုက်ပြီးကြည့်မိသည်။

" အိုး...အရင်ကဆိုမေမေလေးဆိုပြီးကပ်ချွဲတတ်တဲ့ကာင်လေးမဟုတ်ပါလား..ကြားထားတဲ့သတင်းတွေကအမှန်ပဲကို.."

" ငယ်ငယ်တုံးကလုပ်ခဲ့မိတာရူးနေလို့နေမှာ..ပြီးတော့ကျွန်တော့်ရဲ့သတင်းတွေကိုနားစွင့်နေတယ်ဆိုတော့...အင်း...မိထွေးပီသပါတယ်..အဟင်း.."

Xiao Zhanကတော့ပြောစရာရှိတာပြောကာတတ်သွားသည်နောက်ကလူများဘယ်လိုကျန့ခဲ့သည်ကိုသူမကြည့်ပါကြည့်ဖို့လဲလိုမယ်မထင်ဘူးလေ
သူတို့လိုလူမျိုးဟာဘယ်လောက်ပဲသိုးရေခြုံထားပါစေဝံပုလွေစိတ်ဓာတ်ကပေါ်လာမြဲဖြစ်သည်။
* ငါရောမင်းကိုယုံကြည့်လို့ရပါ့မလား Wang Yi Bo *
......
ညစာစားချိန်တွင်လူစုံတက်စုံရှိလှသည် ဟိုမိသားစုသုံးယောက်ရဲ့စကားသံများဖြင့်သာထမင်းဝိုင်တွင်ဆူညံနေသည်။Xiao Zhanကတော့ဘာမှမပြောပဲထမင်းကိုသာစားနေသည်။

Reborn Of Xiao Zhan( Completed)Kde žijí příběhy. Začni objevovat