Chapter 8

7.3K 738 10
                                    

Zawgyicode

အလင်းရောင်ကမျက်နှာပေါ်ကိုလာကျသောကြောင့်Xiao Zhanအိပ်ရာထဲကနေလူးလွန့်လာသည် ။
သူဘေးပတ်ဝန်းကျင်ကိုအကဲခတ်မိတော့သကောင့်သားWang Yibo ကဘေးတစောင်းလှဲကာလက်တစ်ဖက်ကိုထောက်ထားပြီးသူ့ကိုစားမတတ်ဝါးမတတ်
ကြည့်နေသည်။

" ဘယ်လိုဖြစ်​နေတာလဲအကြည့်ကြီးကငါ့ကိုဝါးစားတော့မယ်အတိုင်း..."

" ဟုတ်တယ်ကိုက ကလေးကို အကောင်လိုက်တောင်မြို ချချင်တာဗိုက်ထဲမဆန့်လို့သာ..."

" မိုးမေလင်...အဲ့လောက်ထည့်ချင်နေရင်လေမင်းဗိုက်ထဲကိုဖန်ပြွန်သန္ဓေသားသာထည့်ထားလိုက်.."

" အာ..ကလေးကပြောင်းပြန်တွေပြောနေပြန်ပြီအဲ့ဟာက ကိုယ်နဲ့ယူပြီးရင်ကလေးဆီထည့်ရမှာလေ"

" မင်း...မင်း.."
Xiao Zhanဘေးနားရှိခေါင်းအုံးတွေနဲ့Yiboကိုအပီအြ့င်ထုရိုက်နေသည် Yiboကတော့ပြီတီတီမျက်နှာဘေးနဲ့ထုထောင်းသမျကိုငြိမ်ခံနေသည်။

" ကဲတော်တော့လက်တွေနာနေမယ်နော်...ရေသွားချိုး ပြီးရင်ထမင်းစားကြရအောင် ပြီးကျရင်ကလေးတွေကိုကျန်းမာရေးစစ်ဆေးပေးရင်ဝိုင်းလုပ်ပေးကြရဦးမယ်..."

Xiao Zhanကတော့ဆောင့်အောင့်ကာရေချိုးခန်းထဲဝင်သွားသည်။ Yiboကတော့Xiao Zhan ဖွထားသောစောင်နဲ့ခေါင်းအုံးများကိုသိမ်းနေသည်။

Xiao Zhanရေချိုးခန်းကနေထွက်လာတော့Yibo်ရှိတော့ပေ ကုတင်ပေါ်တွင်တော့ အင်္ကျီအဖြူ လက်ရှည်နဲ့ဂျင်းဘောင်းဘီအဖြူ ရောင်လေးကိုထုတ်ထားပေးခဲ့သည်။Xiao Zhanလဲအင်္ကျီနဲ့ဘောင်းဘီကိုကိုက်စွတ်ကာထမင်းစားဆောင်ထဲသို့ဝင်လာသည်။
Xiao Zhanဝင်လာတော့သူတို့ကျောင်းကအတန်းသားများက ထမင်းစားနေကြသည်။

^ wang yibo ဘယ်ရောက်သွားတာလဲ^

" အယ်..အတန်းခေါင်းဆောင် Wang Yiboကိုတွေ့မိသေးလား.."

" အော်..Yiboလား ဟိုဘက်ကအပင်တန်းကြားမှာ Xiao Wangနဲ့စကားပြောနေတာတွေ့ခဲ့တယ်..."

" အော်.."

Xiao Zhanလဲထမင်းစားဆောင်ထဲကာပြန်ထွက်ကာမင်ယွဲ့ပြသောနေရာသို့လိုက်လာသည်။သူမနှစ်သက်ပါ Yiboနဲ့ Xiao Wangကိုအတူတူတွေ့နေရတာကိုဘာကြောင့်မှန်းရေရေရာရာမသိပေမဲ့Xiao Zhanထိုခံစားချက်ကြီးမနှစ်မြို့ပေ။တွေ့ပါပြီ Xiao Wangနဲ့Yiboစကားပြောနေတာ...

Reborn Of Xiao Zhan( Completed)Opowieści tętniące życiem. Odkryj je teraz