Chapter 8

6.6K 863 151
                                    


Yibo ရင်ခွင်ထဲမှေးနေရင်းနဲ့ကို ပိုပိုအိပ်ချင်လာတာမို့ မျက်လုံးကို အားယူပြီး ပြန်ပြန်ဖွင့်နေရတယ်...။ အခုနေ အိပ်ပျော်သွားရင် Yibo ကိုအားနာစရာကြီးလေ...။ ဒါပေမယ့် ဘယ်လိုပဲ ကြိုးစားဖွင့်ဖွင့် မြင်ကွင်းတွေက မရှင်းတော့တဲ့ထိကို ဖြစ်လာတာကြောင့် သူ့ကို ဆက်မမှီတော့ဘဲ အားယူထလိုက်ရတော့သည်...

" Yibo...ငါ အရမ်းကို နေလို့မကောင်းတော့ဘူး..."

" ဟင်...ဒါဆို ဘယ်လိုလုပ်မလဲ..."

" ဒီနေ့တော့ ပန်းခင်းထဲမသွားနိုင်လောက်တော့ဘူး...နောက်တစ်ခါပြန်လာမှ သွားကြမယ်လေနော်..."

" ရပါတယ်...ပန်းခင်းထဲကို မဖြစ်မနေသွားရမှာမှ မဟုတ်တာ...ဒါဆို မင်း ဘာလုပ်ချင်လဲ အိမ်ပြန်ချင်လား..."

" ရတယ်...ဆိုင်တစ်ခုခုမှာပဲ ထိုင်ရအောင်လေ...မပြန်ခင် မင်းကို ညစာလိုက်ကျွေးမယ်..."

" အင်း အင်း...ဒါဆို ခဏအိပ်ရင်အိပ်လိုက်ခဲ့လေ...ဆိုင်ရောက်ရင် နှိုးမယ်..."

" အင်း...အိပ်ပျော်နေလည်း နှိုးလိုက်နော်...ငါ မှေးရုံပဲ မှေးနေမှာ..."

" အင်းပါ...အားနာရမယ့်သူတွေမှ မဟုတ်တာကို...အိပ်တော့..."

ဆေးအစွမ်းကပြချင်နေပြီကို တင်းခံနေပုံပဲ...။ ပြန်မှီထားပေမယ့် အိပ်မပျော်အောင် အတင်းကြိုးစားနေမှန်း သိသာတယ်...။ ဒီပုံစံအတိုင်းသာဆို စံအိမ်နားရောက်တဲ့ထိ အသိစိတ်ရှိနေမယ့်ပုံမို့ နီးရာ ဟိုတယ်တစ်ခုစီကိုသာ လမ်းလွှဲပြီး မောင်းလိုက်ရတော့သည်...

တွေးကြည့်မိမှ အဲ့စံအိမ်ထဲ ခေါ်သွားရင်လည်း သူနိုးလာရင် တန်းရိပ်မိသွားနိုင်တာပဲမို့ တခြားနေရာကိုပဲ ခေါ်ဖို့ဆုံးဖြတ်လိုက်တော့တာ...။ ဟိုတယ်နားရောက်ခါနီးထိ လှုပ်စိလှုပ်စိလုပ်နေသေးတာကြောင့် ဆိုင်ကယ်ကို အရှိန်လျှော့လိုက်ရတော့သည်...

" Yibo ရောက်ပြီလား..."

" မျက်လုံးဖွင့်ပြီးလည်း စကားပြောပါဦး..."

" ဟီးးး...."

သူ ရင်ခွင်ထဲက အထ...ဟိုရောက်မှ သုံးဖို့လုပ်ထားတဲ့ မေ့ဆေးကို အုပ်ချပစ်လိုက်တာမို့ အခုမှပဲ အပြီးကို မေ့သွားတော့တာ....

Endless Flowers [Completed]Where stories live. Discover now