Chapter 11

7.1K 908 135
                                    


" Xiaozhan သား လာထိုင်ဦး...။ မိုးရေတွေစိုလာတာပဲ အင်္ကျီလဲလိုက်မလား..."

" ရတယ်...အများကြီးမဟုတ်ဘူးဆို‌တော့ မလဲတော့ဘူး...။ ဒီအချိန်ကြီး လန်သခင်ကြီးဆီ လာမိတာ အားနာပါတယ်...။ အခုအချိန်ကြီးမှ သူငယ်ချင်းတွေဆီရော ပါးဆီကိုရော မသွားချင်လို့ ဒီကိုပဲ မောင်းလာလိုက်တာ..."

" ဘာမှမဖြစ်ဘူး...ဒီကိုလာပေးတာတောင် ဦးက ကျေးဇူးတင်နေရပြီ...။ မင်းတစ်နေ့ ဒီလိုရောက်လာမယ်လို့ တွက်ပြီးသားပါ...ဒီလောက်စောသွားမယ်လို့သာ မတွေးမိလိုက်တာ..."

" အော်...။ Yibo ပြောလို့ အကုန်နီးပါးတော့ သိပြီးပြီ...။ ကျွန်တော် ဒီကိုလာခဲ့တာ သူ့ကျန်းမာရေး အခြေအနေကို သိချင်လို့...။ သူ နေ့တိုင်းနီးပါး ဆေးတွေသောက်နေတုန်းပဲနော်...အဲ့တုန်းက ကြည့်လိုက်တော့ အားဆေးဘူးတွေပဲဆိုတော့ အားဆေးတွေပဲ ထင်နေတာ...။ ဒီလောက်နှစ်တွေအကြာကြီးရှိ‌နေပြီကိုတောင် သူ့ စိတ်အခြေအနေက ပုံမှန်မဖြစ်သေးတာလား...။ သေနတ်လည်း ဆောင်ထားတယ်နော်..."

" ဟုတ်တယ်...အဲ့သေနတ်ကိုလည်း သိမ်းလို့မရဘူး...။ ဦးမှာ သူ ခြေလွန်လက်လွန်ဖြစ်ကုန်မှာစိုးနေရတာ...။ ဒါပေမယ့် သူများတွေကိုတော့ လျှောက်မပစ်ပါဘူး...မှန်ထဲက သူ့ပုံကိုပဲ ထိုင်ထိုင်ပစ်နေလို့ မှန်လဲလဲပေးနေရတာကို မနည်းဘူး..."

" ဟင်းးး သူပြန်ရောသက်သာပါ့မလား...။ ဒါပေမယ့် ကျွန်တော်နဲ့ နေခဲ့တဲ့ သုံးလလုံးတော့ ပုံမှန်လိုပါပဲ..."

" မင်းနဲ့နေရလို့ ဖြစ်မှာပါ...။ တကယ်တော့ သူ့စိတ်ဒဏ်ရာတွေ ပိုများသွားတာက...သူ့တစ်မိသားစုလုံးဆုံးသွားလို့လည်း ပါသလို...ဟင်းးးတကယ်တော့ လန်အိမ်တော်ရောက်ပြီးမှ ပိုဆိုးသွားတာ...

သူ့ကို နစ်နာကြေးအနေနဲ့ မွေးစားခဲ့ပေမယ့် လန်ကတော်ကစပြီး တစ်အိမ်လုံး သဘောမတူချင်ကြဘူး...။ နစ်နာကြေးအနေနဲ့ ပိုက်ဆံ‌လုံလုံလောက်လောက်ထုတ်ပေးလိုက်ရင်လည်း ဖြစ်တာပဲဆိုပြီး စောဒက တက်‌နေကြတာ...။ ဦးအနေနဲ့ကျတော့ ဦးအမှားကြောင့် တစ်မိသားစုလုံး ဆုံးရှုံးလိုက်ရတဲ့ကလေးကို ဥပေက္ခာမပြုရက်လို့ သားအဖြစ်ပါ မွေးစားလိုက်တာ...

Endless Flowers [Completed]Where stories live. Discover now