Chapter 4

6.9K 961 173
                                    


မျက်လုံးမဖွင့်သေးခင် နားအရင်စွင့်ကြည့်လိုက်တော့ မိုးသံတွေ မကြားရတော့ဘူး...။ ဒါဆိုပြန်လို့ရပြီထင်ပါတယ်...။ မျက်လုံးတွေကို လက်နဲ့ပွတ်ပြီး အသာအယာဖွင့်လိုက်တော့မှ မြင်လိုက်ရတာက ဆိုဖာမှာ မဟုတ်တော့ဘဲ ကုတင်ပေါ်ရောက်နေတာ...။ ဝုန်းဆို ထထိုင်လိုက်ပြီး အခန်းထဲကို ဝေ့ဝိုက်ကြည့်တော့ ဘယ်သူ့ကိုမှလည်း မတွေ့...

ပြတင်းပေါက်ကိုလှမ်းကြည့်လိုက်တော့ လင်းထိန်နေသလို...နာရီကို ကြည့်တော့လည်း 7နာရီတောင် ထိုးနေပြီ...

" ဟာ...မနက် 7နာရီတောင် ထိုးသွားတာလား...ဒုက္ခပါပဲ သေလိုက်ပါတော့..."

‌စောင်ကိုဖယ်ပြီး အခန်းပြင်ဖက် ပြေးထွက်လာလိုက်ကာ ကောကိုရှာလိုက်မိတယ်...။ ကောကို မီးဖိုချောင်ထဲမှာ တွေ့လိုက်ရတာမို့ ကောနား ပြေးသွားလိုက်မိတာ...

" ကော..."

" အင်း...နိုးပြီလား..."

" ညက အိပ်ပျော်နေတာကို နှိုးလိုက်တာမဟုတ်ဘူး..."

" နှိုးမလို့ပါဘဲ...မင်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေလို့ မနှိုးတော့တာ...။ ဘယ်လောက်တောင် အိပ်ပျော်နေလဲဆို အခန်းထဲ ခေါ်လာတာတောင် မသိဘူးမလား..."

"..."

" ဟေ့..စိတ်မပူပါနဲ့ ကောက တခြားအခန်းမှာ အိပ်တာပါ..."

" အာ..အဲ့လိုသဘောမဟုတ်ပါဘူး...တစ်ညလုံးဆိုတော့ အားနာလို့...။ ဘယ်လိုတောင် အဲ့လောက်အိပ်ပျော်သွားလဲ မသိဘူး..."

" ဘာမှမဖြစ်ဘူး...တချို့ရက်တွေ ကောက ဒီမှာလည်း နေနေကျပဲ...။ မင်းအိမ်ကတော့ စိတ်ပူနေမလားမသိဘူး..."

" ဟုတ်သားပဲ..."

" ဖြစ်ရဲ့လား...အဆူခံရမှာလား..."

" ရတယ် ရတယ်...ဖုန်းမဆက်ထားလိုက်တာတော့ အဆူခံရမှာပဲ...။ ဒါပေမယ့် ကျွန်တော်က တစ်ခါတလေလည်း ဒီလိုပဲ သူငယ်ချင်းတွေ အိမ်မှာ အိပ်တတ်တာဆိုတော့ သေချာပြောပြလိုက်ရင် ရတယ်..."

" အင်း အင်း...အဆင်ပြေတယ်ဆိုရင် ပြီးတာပဲ..."

" ကော ဘာတွေလုပ်နေတာလဲ..."

Endless Flowers [Completed]Where stories live. Discover now