Saturday...
ဒီပိတ်ရက်က ကောတို့ရဲ့ နှစ်ပတ်လည်နေ့လည်း ဖြစ်နေတာကြောင့် ကောတို့အုတ်ဂူကို သွားနှုတ်ဆက်ပြီးမှ Yiboက လေကောင်းလေသန့်ရအောင် ဆိုင်ကယ်နဲ့ မြို့တစ်ပတ်လိုက်ပို့ပေးမယ် ဆိုပြီး ပြောလာတာ...
သူ့နောက်မှာ ထိုင်စီးလာရင်း ငယ်ငယ်က အကြောင်းတွေကို တကယ်သတိရမိလာတယ်...။ ပါးက ချုပ်ခြယ်လွန်းပြီး အိမ်မှာဆို Yibo တို့နဲ့ပေးမဆော့တာမို့ သူတို့ကျောင်းနားထိသွားပြီး ကျောင်းတူတူပြေးခဲ့ကြတာကို သတိရမိလိုက်တော့ Yiboခါးကို သိုင်းဖက်ပြီး သူ့ကျောပေါ် အသာလေး မှီထားလိုက်မိတယ်...
ငယ်ငယ်တည်းက ပါးက ကျွန်တော့်ကို လိမ်မာတယ်ထင်နေခဲ့တာ...တကယ်တော့ ကျွန်တော်ပေါ်တင်ဆိုးနေရင် အစောင့်တွေနဲ့ ထားတာမျိုးတွေ လုပ်လာမှာစိုးလို့ မိဘတွေရှေ့ဆို လိမ်မာချင်ယောင်ဆောင်ပြခဲ့တယ်...။ ပါးကိုယ်တိုင် ကျောင်းလိုက်ပို့တဲ့နေ့ဆိုရင် အယောင်ပြကျောင်းထဲဝင်သွားပြီး...ပါးပြန်တာနဲ့ တံတိုင်းကျော်ခွကာ ကျောင်းပြေးခဲ့တာ...ပြီးရင် ညနေဖက် ပါးပြန်လာမကြိုခင် အချိန်မီကျောင်းရှေ့ ပြန်ရောက်အောင် လာနေလိုက်တယ်...။ ကျွန်တော်က အဲ့လိုမျိုးကို ကြိတ်ဆိုးခဲ့တာ...
ဒါပေမယ့် ကျောင်းပြေးပြီး လျှောက်သွားနေတာမျိုးတော့ မဟုတ်ဘူး...။ ကောတို့ကျောင်းရှေ့ကိုသွားပြီး ကျောင်းတူတူပြေးဖို့ သွားခေါ်တာ...။ အဲ့လိုအချိန်ဆို ကောက မဆိုးရဘူးလေဆိုပြီး ချော့ပြောတတ်ပေမယ့် ဘီလူးသေလို့ဝင်စားလား ထင်ရတဲ့ Yibo ကတော့ ချီပြီး ပြန်လိုက်ပို့ရမလား...မားကိုတိုင်ရမလားနဲ့ ခြိမ်းခြောက်ပြီ...
ဘယ်လိုပုံစံပဲ ပြောပြော ကျွန်တော် ချွဲလိုက်ရင် အရည်ပျော်ကျသွားတတ်တဲ့ ဒီအမွှာနှစ်ယောက်က နောက်ဆုံးတော့ ကျွန်တော့်နောက်ပါလာကြတာပါပဲ...။ ဒါပေမယ့် အမြဲကျောင်းပြေးနေကြတာမျိုးတော့ မဟုတ်ပါဘူး...မှတ်မှတ်ရရ ကောတို့နဲ့ တူတူနေခဲ့တဲ့ 7လကျော်လောက်မှာ 5ခါလောက်ပဲ ပြေးခဲ့ကြတာ...။ ကျွန်တော့်အတွက်က မထိခိုက်ပေမယ့် သူတို့ကကျတော့ မိဘတွေက မရှိတဲ့ကြားက ကျောင်းထားပေးရတာကို နားလည်ခဲ့မိတာမို့ ခဏခဏသွားမခေါ်ခဲ့သလို သူတို့နဲ့မှ မဟုတ်ရင် ကျွန်တော်ကိုယ်တိုင်လည်း ကျောင်းမပြေးခဲ့ဘူး...။ အဲ့လောက်ထိကို သူတို့နှစ်ယောက်အပေါ် သံယောဇဉ်တွယ်ခဲ့မိတာ...။ မွေးချင်းမရှိတော့ အဲ့လိုအကြီးတွေလိုချင်မိသလို အမွှာလေးတွေဆို အရမ်းအသည်းယားပြီး သဘောကျခဲ့တာ..
YOU ARE READING
Endless Flowers [Completed]
Fanfictionပန်းတစ်ပွင့်ထဲ ပေးတယ်ဆိုတာ မင်းကို မြင်မြင်ချင်း ချစ်မိတယ်လို့ ဆိုလိုတာပါ. . . ဒါဆို ကျွန်တော့်ကို ချစ်တာ လန်ကျန့်လား ၊ ရိပေါ်လား. . . Lanzhan 💙 Xiaozhan ❤️ Yibo 💚 ပန်းတစ်ပွင့်ထဲ ပေးတယ်ဆိုတာ မင်းကို မြင်မြင်ချင်း ချစ်မိတယ်လို့...