Zaw Gyi code
ညနက်နေပြီဖြစ်၍ လမ်းပေါ်တွင် လူ၏အရိပ်အရောင်
ပင်မရှိတော့ချေ..
အဂ္ဂတိမ်လွှာ ကတော့ မိမိအသက်ရှင်နေထိုင်ရေး
အတွက် ကြုံရာကျပန်းအလုပ်လုပ်ပြီးပြန်လာချိန်
ဖြစ်သည်။ညနက်နေပြီဖြစ်သော်လည်း
မိုးကောင်ကင်ရှိဖိုးလမင်းကြီးနှင့် ကြယ်မှုန်
တို့၏ အကူအညီကြောင့် တိမ်လွှာလျှောက်နေသည့်
လမ်းမကြီးတစ်လျောက်တော့ လင်းထိန်နေ၏။တိမိလွှာ့နေရာမှာ တခြားသူကတော့
ကောင်းကင်ကကြယ်တွေကိုအလင်းရောင်ပေး
တဲ့အတွက်ကျေးဇူးတင်ကောင်းတင်လိမ့်မည်
အဲ့ဒီလို အားနေကျးဇူးတင်မည့်လူစားထဲတွင်တိမ်လွှာ မပါ
သူမက ကျေးဇူးဆိုတာကို မသိသလို ကံ၏
အကြောင်းတရား နှင့် ကိုယ်လုပ်သည့်ကံသည်
ကိုယ့်ထံပြန်လည်ရောက်ရှိမည်ကိုလည်းမယုံပေထို့ကြောင့်ထိုညမှာတော့ ကြယ်တွေစုံသောည
ရဲ့ကောင်းကင်ကိုမော့ကြည့်ကာ" ကံဆိုတာသာ တကယ်ရှိမယ်ဆိုရင်
ငါ လုပ်နေတဲ့ မကောင်းမှုတွေကိုတား
မဲ့သူတစ်ယောက်ပေါ်လာလိုက်လေ
မပေါ်လာလို့ကတော့ ငါလည်းဒီတစ်သက်
မင်းတို့ကောင်းကင်ဘုံက တစ်ကယ်ရှိတယ်လို့
မယုံဘူး "တိမ်လွှာ ထိုသို့ပြောပြီး သူမအိတ်ကပ်ထဲက
စီးကရက်တစ်လိပ်ကိုယူကာ မီးညှိပြီး ပါးစပ်ထဲတွင်
ခဲထားလိုက်သည်။တိမ်လွှာ့စကားကြောင့် ထိုတိမ်တွေစုံသောည
ရဲ့ ကောင်းကင်မှာ အပြောင်းအလဲတစ်ခုပေါ်
ခဲ့တယ်ဆိုတာကို ဘယ်သူမှမသိလိုက်ပါမနက်ဆယ်နာရီထိုးလုနီးပြီ။ လောကတခွင်
တိတ်ဆိတ်နေရာမှ ယခုအချိန်တွင် လောကရှိ
သက်ရှိသတ္တဝါအားလုံး သမုဒ္ဒရာ ဝမ်းတစ်ထွာ
ဆိုသည့် မိမိဝမ်းရေးကိုဖြည့်တင်းရန်အတွက်
အလုပ်ကိုယ်စီလုပ်နေကြပြီဖြစ်သော်လည်း
အဂ္ဂတိမ်လွှာကတော့ အိပ်ရာထဲတွင် စက်တော်
ခေါ်နေလျက်..ထိုစဉ် သူမဘေးနားကို ကောင်မလေးတစ်ယောက်
ယောက်လာပြီး အိပ်ရာထဲတွင်သာမက အိမ်မက်
ထဲတွင်ပါအိပ်ပျော်နေတဲ့ သူမကို အတင်းနှိုး
လေသည်။ သူမတစ်ယောက်တည်း နေသည့်
အိပ်ဖြစ်၍သာ သူမကိုနှိုမှန်းသိသော်လည်း
ထိုကောင်မလေး ပါးစပ်ထဲမှာ သူမနာမည်ကို
ခေါ်သည့်စကားလုံးတစ်လုံးမျှမပါပေ
သူမ ညက အလုပ်ကိစ္စတစ်ခုရှိကာ နောက်ကျမှ
အိမ်ပြန်ရောက်သောကြောင့်
အိပ်ချင်တဲ့စိတ်တစ်ခုတည်းသာသိရာ
သူမကိုနှိုးနေသည့်ကောင်မလေးမှာ ဘယ်သူ
ဘယ်ဝါဖြစ်သည်ကိုလည်းအထူးတလည် စဉ်းစား
မနေတော့ပေ။
YOU ARE READING
ကြယ်တွေစုံသောည
Fantasyကြယ်တွေစုံတဲ့ ညတစ်ညမှာ မိန်းကလေးတယောက်က ကောင်းကင်ကို မော့ကြည့်ပြီး လောကရှိ ကံကံ၏အကျိုးတရား အကြောင်းတရား များကို မယုံသည့်ဟန်ဖြင့် မဲ့ပြုံးပြုံးပြီး ကိုယ်ပြုလုပ်သည့် ကံ၏အကြောင်းတရားများ သာ တကယ်ရှိမည်ဆိုလျှင် သူ့လုပ်ရပ်တွေကို ထိန်းပေးမဲ့ သူတစ်ယောက်လော...