Zaw Gyi code
တောင်တန်းများပတ်လည်ဝိုင်းကာ ကာရံထားသည့်
မိဘမဲ့ဂေဟာ၏ အသွင်သည် အပြင်ပန်းမှကြည့်လျှင်
တတ်ဆိတ်အေးချမ်းနေသယောင်ယောင်ရှိ
သည့်အပြင် ဂေဟာအတွင်းရှိ ကလေးသူငယ်များ၏
ရယ်မောပျော်ရွှင်စွာ ဆော့ကစားနေကြသည့်
အသံငယ်လေးများသည်လည်း ဆည်းလည်းသံများ
သဖွယ်...ဂေဟာနောက်ဘက်ရှိ ကလေးတစ်အုပ်မှာတော့
အခြားသောကလေးများကဲ့သို့ ဂေဟာမှူးတို့၏
ဆိုဆုံးမမှုကို နားဝင်ခြင်းမရှိကာ ကြီးနိုင်ငယ်ညှင်း
ဆိုသည့်အတိုင်း ယခုလည်း ၅ နှစ်အရွယ်သာသာ
မျှသာ ရှိသေးသည့် ကလေးမလေးထံမှ
မုန့်ကိုလုနေရာ အနောက်ဘက်မှ ခဲလုံးတစ်လုံးက
ထို အနိုင်ကျင့်နေသည့် အကောင်ကြီးကြီး ကလေး
ထံသို့ ထိမှန်မှုကြောင့် ထိုသူတို့၏ စိတ်အာရုံတို့
သည် ထိုသူထံသို့ ရောက်သွားလေသည်။ထို့နောက် ထိုအကောင်ခပ်ကြီးကြီး ကလေးမှ...
" ငါ့ကို ခဲနဲ့ ပစ်ရဲတာ ဘယ်သူများလဲလို့...
ဒီမယ် အသစ်လေး နင်မသိသေးရင် အခုတစ်ခါတည်းပြောလိုက်မယ်
ဂေဟာမှူးက ဆရာမတွေကိုအုပ်ချုပ်သလို
ငါကလည်း ဒီဂေဟာမှာရှိတဲ့ ကလေးတွေအကုန်လုံး
ကိုအုပ်ချုပ်တယ် ဒီမှာနေတဲ့ လူတွေအကုန်လုံးက
ငါ့ကိုဆက်ကြေးပေးရမယ် ဒီကောင်မလေးက
ငါ့ကိုပေးရမဲ့မုန့်ကို မပေးလို့ငါတောင်းနေတာ
နင်နဲ့မဆိုင်တဲ့ကိစ္စနဲ့ဝေးဝေးမှာနေ..
အော် ဒါနဲ့ နင်ဂေဟာကို ရောက်လာကတည်းက
စကားပြောတာမကြားပါလား
မဟုတ်မှလွဲရော နင်စကားမပြောတတ်တာတော့
မဟုတ်ပါဘူးနော် ..
တကယ်လို့နင်ကစကားမပြောတတ်တဲ့
လူဆိုရင်တော့ ငါနင့်ဆီက ဆက်ကြေးမယူတော့ပါဘူး ဘာလို့လဲဆိုတော့
ငါက အရမ်းသနားတတ်တယ်လေ "ထိုသူ၏ ခနဲ့သဲ့သဲ့ ရယ်သံကြောင့် တိမ်လွှာ
ထိုသူပြောတဲ့ စကားများကို သိပ်နားမလည်ပေမဲ့
သူမအား လှောင်ပြောင်နေမှန်းသိသည်။
ထို့ကြောင့် သူမ ထိုသူ၏ ဒူးခေါင်းကိုကန်ပြီး
မျက်နှာကို လက်သီးနှင့် တစ်ချက်ပိတ်ထိုးကာ
ထိုသူ၏ နောက်လိုက်ဘက်တော်သားများကို
ပါထိုးမည်အလုပ် အနောက်မှ
" ဂေဟာမှူး လာနေပြီ "ဆိုသောအသံကြောင့်
သူမတို့လူစုခွဲသွားကာ ထိုသူတို့လည်းထွက်ပြေး
သွားသောကြောင့် သူမ ပါပြေးမည် အလုပ်
အနောက်မှ ရယ်သံခပ်သဲ့သဲ့ကြောင့် သူမ၏
ခြေလှမ်းအစုံတို့သည်လည်း ရပ်တံ့ သွားပြန်သည်။
YOU ARE READING
ကြယ်တွေစုံသောည
Fantasyကြယ်တွေစုံတဲ့ ညတစ်ညမှာ မိန်းကလေးတယောက်က ကောင်းကင်ကို မော့ကြည့်ပြီး လောကရှိ ကံကံ၏အကျိုးတရား အကြောင်းတရား များကို မယုံသည့်ဟန်ဖြင့် မဲ့ပြုံးပြုံးပြီး ကိုယ်ပြုလုပ်သည့် ကံ၏အကြောင်းတရားများ သာ တကယ်ရှိမည်ဆိုလျှင် သူ့လုပ်ရပ်တွေကို ထိန်းပေးမဲ့ သူတစ်ယောက်လော...