Part (5 )

147 12 1
                                    

Zaw Gyi code

" Nozomi အသင် ရဲ့ သတ္တိက မသေးပါလား
ငါလို နတ်ဘုရားရဲ့ တန်ဖိုးထားရတဲ့သူကို
ဘာကြောင့် သင့်အိမ်မှာ ခေါ်ဆောင်ထားတာလဲ "

တိမ်လွှာ သူမ ကို ပြဿနာ ရှာနေသည့်
နတ်ဘုရားမ ကို ကြည့်ပြီးခေါင်းပင်ကိုက်ချင်သလိုလို..
ထိုအကြောင်းအရာများ၏ တရားခံကတော့
မလည်ရှုပ်ကြယ်စုတ်လေး 4 ပင်..

လွန်ခဲ့သော တစ်ပတ်လောက်က သူမတို့
ကမ်းခြေနားမှာလဲကျနေတဲ့ ကောင်မလေးကို
သာမခေါ်လာခဲ့လျင် ထိုသို့သောပြဿနာ
ဖြစ်မည်မဟုတ်..
ကောင်မလေးဟုလည်းပြော၍ လည်းမရ
အကြောင်းကား ထို ဆယ်နှစ်အရွယ်လောက်ရှိ
မည်ဖြစ်သည့်ထိုကောင်မလေး၏ မျက်ဝန်းရှိ
သူငယ်အိမ်သည် လူသားများကဲ့သို့ အမဲရောင်
ခပ်ဝိုင်းဝိုင်းပုံသဏ္ဌာန်မရှိဘဲ စိမ်းဖန့်ဖန့်အရောင်
ရှိကာ ကျဉ်းမြောင်းသော သူငယ်အိမ်ကိုပိုင်
ဆိုင်ထားသည့် ထိုကလေးမ...

ထိုကလေးမက သာမန်လူသားတစ်ယောက်
မဟုတ်ဟု ထင်မိသော်လည်း Akari လို
နတ်ဘုရားမ နဲ့ပတ်သတ်ဆက်နွယ်သူဟု
မထင်မိဘဲ 4 ကိုအလိုလိုက်ကာ သူမကိုယ်တိုင် အိမ်သို့ကုန်းပိုးချီ လာခဲ့မိသည်ကား သူမအပြစ်
ဟုလည်းဆိုရပေမည်။

ယခုတော့ သူမအိမ်ရှေ့သို့ Akari လို နတ်ဘုရားမ
တစ်ပါးက ဆင်းသက်လာခဲ့လေပြီ။
ပိုးသားကဲ့သို့ ပျော့ပြောင်းတဲ့ ဆံကေသာကို
အပေါ်သို့ထုံးတင်ထားကာ ကပိုကယိုကျနေသည့်
ဆံနွယ်အချို့တို့က ထိုနတ်ဘုရားမ၏ အလှကို
ပို၍ထောက်ပံ့နေသလိုပင်..
အရှေ့တိုင်းရှေးခေတ်ယဉ်ကျေးမှုအတိုင်းဝတ်ဆင်
ထားကာနူးညံ့ပျော့ပြောင်းသည့် အဝတ်အစားတို့
က ထိုသူ၏ ကောက်ကြောင်းအလှကို ထင်ဟပ်
စေကာ ခြေဗလာဖြင့် ရှိနေသော်လည်း
ခြေချင်းဝတ်တွင်ဝတ်ဆင်ထားသည့် ငွေရောင်
ခြေကွင်းနှစ်ခုက ထိုသူ၏ နို့နှစ်ရောင်
အသားအရည်ကို ပို၍တင့်တယ်စေသလိုပင်...

လက်တွင်ကိုင်ဆောင်ထားသည့် ဝါးပုလွေရှည်က
ထိုသူကို Akari နတ်ဘုရားမဟု သိစေနိုင်သည့်
အချက်နှစ်ချက်ထဲက တစ်ချက်ပင်..
ဒုတိယတစ်ချက်ကား
လက်ယာ ဘက်၏ လက်ဖျံတွင် အမြဲလိုလို
ရှိနေသည့် Orochi မျိုးနွယ်ဝင် မြွေဖြူလေးပင်..
ယခုမူကား ထိုသူ၏ လက်တွင် မြွေနှင့်အသွင်သူ
သည့် မည်သည့် အရာမျှ ရှိမနေ..

You've reached the end of published parts.

⏰ Last updated: Jun 04, 2020 ⏰

Add this story to your Library to get notified about new parts!

ကြယ်တွေစုံသောညWhere stories live. Discover now