Part ( 2 )

172 23 0
                                    

Zaw Gyi code

ညနေစောင်းကိုရောက်တော့ တိမ်လွှာလည်း
အိပ်ယာကထပြီး အပြင်သွားဖို့ပြင်ဆင်နေရသာ

" တိမ်လွှာ ညနေရောက် နေပြီကို
ဘယ်သွားမလို့လဲ "

သူမကို hope လို့မခေါ်တော့လို့ပြုံးမိပေမဲ့
သူမ ကိုအခြားတစ်ယောက်က မေးခွန်းထုတ်
သည်ကို သူမ မကြိုက်.. ထို့ကြောင့်
တိမ်လွှာ သူမအနောက်က မေးခွန်းထုတ်နေသည့်
ကောင်မလေးဘက်ကိုလှည့်ပြီး ခပ်ထေ့ထေ့ပြုံးကာ

" 4 ငါကမင်းလို ဘာမှမစားဘဲ အာဟာရသိဒ္ဓိတွေ
နဲ့ပြည့်စုံနေတဲ့လူမဟုတ်ဘူး ငါ့ရဲ့ သမုဒ္ဓရာဝမ်းတထွာ အတွက် ဝမ်းမီးငြိမ်းအောင်
ရှာရဦးမယ် "

" နင် မကောင်းတာတွေလုပ်မှာမဟုတ်ပါဘူးနော် "

တိမ်လွှာ သူမ၏ မေးစေ့ကို သူပွတ်ပြီး တစ်ခုခု
ကိုစဉ်းစားဟန်လုပ်ပြကာ

" 4 နင်ကဘာလို့ငါ့ဘေးနားကိုရောက်လာတယ်
ထင်လဲ "

" နင် ဆိုးချင်တိုင်းဆိုးနေလို့ နင့်ကိုတားရအောင်
ကောင်းကင်မင်းကြီးက ငါ့ကိုလွှတ်လိုက်တာလေ "

" အဲ့ဒါဆိုရင် အဖြေကရှင်းနေတာဘဲကို
ငါ လူလိမ္မာလုပ်ဖို့ဆိုတာမဖြစ်နိုင်ပါဘူးနော် "

တိမ်လွှာ က 4 ကို ထိုသို့မဲ့ပြုံးပြုံးပြပြီး ပြောလိုက်ရာ

" တိမ်လွှာ နင်က တကယ့်လူဆိုးမကြီးဘဲ "

" ဒါပေါ့ ငါသာ လူဆိုးမဟုတ်ဘူးဆိုရင်
နင်နဲ့ငါ တွေ့စရာအကြောင်းမရှိဘူးလေ  ငါမနေ့က ဂွင်ကောင်းကောင်း တစ်ခုတွေ့ထားတယ်
နင်လိုက်ခဲ့ချင်ရင်လိုက်ခဲ့ပေါ့ "

တိမ်လွှာ့အိမ်က ဂိုထောင်ဟောင်းတစ်ခု
ဖြစ်ပြီး ထိုဂိုထောင်ရှေ့မှာတော့ သစ်ပင်အချို့က
ဝန်းရံထားသည်။သူမတို့နှစ်ယောက် တိမ်လွှာ့အိမ်
ဟုသတ်မှတ်ထားသည့် ဂိုထောင်ထဲမှထွက်လာကြ
ကာ တိတ်ဆိတ်ငြိမ်သက်နေတဲ့လေထုကို
4 မှ စတင်ဖြိုခွဲလိုက်သည်။

" ဆိုင်ကယ်က ဘယ်မှာ ရပ်ထားတာလဲ "

4 က ဘယ်ကဆိုင်ကယ်ကို လာပြောနေမှန်း
မသိရ တိမ်လွှာတစ်ယောက် သူမ၏
မျက်ခုံးနှစ်ဖက်ကို ထိလုနီးပါးအထိကွေးညွတ်ပြီး
4 ၏ မျက်နှာကိုကြည့်ကာ

ကြယ်တွေစုံသောညWhere stories live. Discover now