Part 3

5.7K 455 13
                                    

အခန်းထဲ ရောက်ရောက်ချင်း...ဘာမှမတွေးပဲ
အိပ်ပျော်အောင် အိပ်လိုက်သည်....
မောင် လာအိပ်လား...လာမအိပ်ဘူးလားလဲ...
မသိချင်တော့....ငယ်.ခနလောက်တော့ မေ့ထားချင်လို့
.
.
.
.
.
မနက်စာ အတွက် ပြင်ဆင်နေတုံး...နောက်ကျောက
နွေးထွေးတဲ့ အထိအတွေ့ တခုကြောင့်...တွန့်ကနဲ
တော့ဖြစ်မိသွားသည်...ဒါပေမဲ့လဲ မောင်ဖြစ်နေတဲ့
အတွက် ကြည်နူးရပါတယ်...
"သဲငယ်.."
"...."
"မောင့် ငယ်ရေ.."
"...."
"မောင့်ကို စိတ်မဆိုးပါနဲ့တော့ကွာ...မောင်တောင်းပန်ပါတယ်.
မောင် ညက ငယ်နဲ့ တူတူလာမအိပ်တာကလဲ.
စာကြည့်ခန်းထဲမှာ..အလုပ်လုပ်ရင်း..အိပ်ပျော်သွားလို့ပါငယ်ရယ်...."
_အော်...ညက မောင် လာမအိပ်ဘူးပဲ...
စိတ်ဆိုးနေတဲ့ သူကို မချော့တဲ့ အပြင်...တခြားတယောက်နဲ့..ဖုန်းပြောနေမှာ..
ငယ် သိပါတယ်...
"ငယ့်ကို လာမချော့တာ မဟုတ်ပါဘူးကွာ..
ငယ် တယောက်ထဲ အေးဆေးနေရအောင်လို့ပါ."
_မောင်က ငယ့်အတွေးတွေကို သိနေသည့် အလား
ဖြေရှင်းချင်တွေ ပေးလာတယ်...ငယ် ယုံလိုက်ပါ့မယ်
ငယ် ယုံထားအုံးမယ်....
တနေ့... အင်း...ယုံကြည့်မှုတွေ အလွဲသုံးစားလုပ်ခံရတဲ့ တနေ့ ရောက်ရင်တော့....
မောင် ခံနိုင်ရည်ရှိပါစေ...
.
"ငယ်..မောင့်ကို စကားပြန်ပြောပါကွာ.."
"ငယ်ရာ...မောင့်ကို ပစ်မထားပါနဲ့.."
_အိပ်ရာနိုးထဲက လည်ချောင်းနာချင်နေသလိုဖြစ်နေတာကြောင့်
မောင့်ကို စကားပြန်မပြောမိတာကို..
ပုခုံးထက်က စိုစွတ်စွတ်ခံစားလိုက်ရတယ်...
မောင် ငိုနေတယ်....
.
"မောင့်ကို စကားမပြောပဲ မနေပါနဲ့ကွာ...
မောင်တောင်းပန်ပါတယ်...မောင်လေ...
နောက်တခါ ငယ့်ငို ပစ်မထားတော့ပါဘူးကွာ..."

_မောင်က ငယ်နဲ့ ပတ်သတ်ရင် မျက်ရည်လွယ်တုံး
ဆိုတာ သိလိုက်ရတဲ့ အတွက်...ခံစားရတဲ့ကြည်နူးမှု
ကလေးက ဘယ်လိုမှ ပြောမပြတတ်အောင်...
မောင့်ကို ချစ်လွန်းတဲ့ ငယ်ကပဲ ကလေးကြီးကို
စ ချော့လိုက်ပါ့မယ်...
မောင်နဲ့ မျက်နှာချင်းဆိုင်ကို လှည့်ပြီး...ပါးပြင်ပေါ်က
မျက်ရည်တွေကို ဖွဖွသုတ်ပေးမိသည်...

"နောက်တခါဆို ငယ် တကယ် မခေါ်တော့ဘူး.နော်"
_လိုချင်တာ ရသွားတဲ့ ကလေးငယ်လေးလို..
ခေါင်းကို တဆက်ဆက်ငြိမ့်ပြရှာတဲ့..ငယ့်ကလေးလေး

မောင့်အိမ်သူ  { မောင့်အိမ်သူ }Where stories live. Discover now