Part 10

3.9K 373 48
                                    

Mike တခြားမြို့မှာဖွင့်ထားတဲ့ ဆိုင်မှာ စာရင်း​တွေသွားစစ်ပြီး
ပြန်လာတာက မိုးတောင်ချုပ်နေပြီ...Maxလေးကို က
သူငယ်ချင်းကို အကူအညီတောင်းပြီး ထားခဲ့ရတာမို့
ကားကိုအရှိန်နဲနဲတင်ပြီးမောင်းလာမိသည်....
မြို့ထဲ ဝင်ခါနီး လမ်းဘေးတနေရာမှ ရပ်ထားတဲ့
မှတ်မိနေတဲ့ ကားလေးကြောင့် ကားရပ်ပြီး
အနားသွားကြည့်မိတော့...ကူရှင်ပေါ်မှာ ကြုံကြုံ့လေး.ထိုင်နေတဲ့ အကိုရယ်ပါ...
.
.
"အကို!..အကို!ကျနော်ပါ mike..ဒေါက် ဒေါက်..."
".ဟင်!!Mike"
_ကူရာမဲ့နေတဲ့ သူအတွက် မျှောင့်လင့်ချက်ရောင်ခြည်လေး
တွေ့သွားသလို အားကိုတကြီး ခေါ်မိတော့သည်...
.
.
.
"အကို့ ကားကို ထားခဲ့ပြီး ကျနော်အိမ်ပဲ လိုက်ခဲ့ပါလား"
"ဟင်!"
"အာ..sry စကားပြောလေသွားတယ်..
ကျနော်က အခုMaxလေးကိုသွားကြိုရမှာ သူငယ်ချင်းအိမ်မှာ ထားခဲ့ရတာ..အရမ်းတောင်နောက်ကျနေပြီ...
အာ့ကြောင့် အကို့ကို ပြန်လိုက်မပို့နိုင်တော့လို့
အိမ်ပဲ လိုက်ခဲ့လို့ပြောတာပါ..."
"အော်..ကျေးဇူးပါ Mike မနက်မှပဲ ပြန်လိုက်ပါ့မယ်"

_မလိုပါဘူး အကို... အကို အဆင်ပြေနေဖို့သာ
အရေးကြီးဆုံးမို့....
.
.
.
.
.

Next morning.....

_ရိပေါ် ကားကို ပြင်ပြီးတဲ့ထိစောင့်ပြီး ပြန်ယူလာတာမို့
ကိုးနာရီလောက်မှ ပြန်ရောက်သည်
အိမ်ပြန်ရောက်တော့...အိမ်အကူတွေကလြွဲပီး
ကျန်တဲ့သူကိုမတွေ့ရဘူး...
မောင်ကရော....ရုံးသွားလောက်ပြီထင်တယ်
.
သူလဲ ညှင်းသိုးသိုးကြီးဖြစ်နေတာမို့...အိပ်ခန်းထဲဝင်ပြီး
ရေအရင်ချိုးဖို့ စဉ်းစားမိသည်..
အစီအစဉ် အကောင်အထည်ဖော်ဖို့
ရေချိုးခန်း တံခါးကို အဖွင့်....
ဘုရားရေ!!!
"မောင့်!!!"
ရေပန်းကြီး ဖွင့်ပြီး အသိစိတ်မဲ့သူလို ထိုင်နေတဲ့
ချစ်ရတဲ့ မောင်....ရိပေါ်လဲ အပြောသွားပြီး..
"မောင်...မောင့် ဘာတွေလုပ်နေတာလဲ
နေမကောင်းဖြစ်တော့မှာပဲ.."
"ငယ်....ငယ်လားဟင်"
"ငယ် ပါ ​မောင်ရယ်"
"ငယ်....မောင့်ကို ထားမသွားပါနဲ့.. ..."
"မောင့်ကို မထားခဲ့ပါနဲ့.."
"ဟင်....အင်းပါ အင်းပါ မောင်ရယ်
မထားခဲ့ပါဘူး...နော်...ထ..ထ အအေးပက်တော့မယ်
လာ"
ပင်ပန်းလွန်းနေပုံရတဲ့ မောင်က အဝတ်အစားလဲပြီးတာနဲ့
ရိပေါ်ရဲ့ကိုယ်လုံးငယ်ကို ဖတ်ပြီး အိပ်ပျော်သွားလေရဲ့...
.
.
.
.
_ကျနော် တရက်လေး မပြန်လာမိတာ ဘာတွေများ
ဖြစ်ခဲ့လို့လဲ မောင်ရယ်...မောင် ကျနော့်ကို အရမ်းချစ်မှန်း
ကျနော်သိပါတယ်....ဒါပေမဲ့ မောင်ရဲ့ ဗီဇဆိုးတွေကို
ကြောက်တယ်...တချိန်မှာ ပြသာနာ တစုံတရာ ဖြစ်လာခဲ့ရင်
ကျနော်ကြောက်တယ် ကျနော်ရင်မဆိုင်နိုင်လောက်ဘူး....
.
.
.
.
.
.

မောင့်အိမ်သူ  { မောင့်အိမ်သူ }Where stories live. Discover now