Part 9

5.8K 429 32
                                    

ရိပေါ်တယောက်ထဲ မနက်ထဲက ကားနဲ့ထွက်လာခဲ့တာ
အချိန်က တော်တော် လင့်မှန်းမသိလင့်လာခဲ့ပြီ...
သူ့ရဲ့ ဦးတည်ရာ တိတိကျကျမရှိပါပဲ မောင်းလာတာ
ဘယ်နေရာရောက်နေမှန်း သတိထားမိတော့
မြို့ပြင် ခပ်လှမ်းလှမ်းကို ရောက်လာတာပဲ
အချိန်က ညနေ ၆ နာရီ ရှိပြီ
သူလဲ အဲ့တော့မှ ကားပြန်ကွေ့ရတော့သည်...
ကိုယ်ဝန်ဆောင်ဖို့ ကိစ္စ နဲ့ ပတ်သတ်ပြီး
သူ စိတ်အရမ်းရှုပ်နေရသည်...
မောင်နဲ့ သူနဲ့ နှစ်ယောက်ထဲသာဆို အေးဆေး ညှိယူလို့
ရနိုင်တယ်..ဒါပေမဲ့ ကြားလူတွေ ဝင်ရှုပ်လာတဲ့
အခါမှာတော့ အဆင်ပြေမနေတော့ဘူး....
.
✴ဘုန်း✴
.
"ဟာ shittt!"
_ရိပေါ်စိတ်ပေါက်ပေါက်နဲ့ အော်လိုက်မိသည်..
အရေးထဲမှာ ကားဘီးက ပေါက်ပြီ...
ဘီး အပိုကလဲ မပါလာဘူး
မောင့်ကိုသာ ဖုန်းဆက်ခေါ်ဖို့ လုပ်ရတော့မည်
ဖုန်းကို ကြည့်လိုက်တော့ ရုံးဆင်းချိန်လောက်ထဲက
ခေါ်ထားတဲ့ မောင့်ရဲ့ miss callတွေ..
.
1st time
_လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ မအားသေးပါရှင်
.
2nd time
_လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ ပြန်လည်ဖြေကြားခြင်းမရှိပါသဖြင့်....
.
*မောင် ပြန်ခေါ်နေတာလား မသိဘူး*
.
3rd time
_လူကြီးမင်း.....
.
4th
.
5th
.
.
.
.
.
.
20th time..

အကြိမ်နှစ်ဆယ်မြောက်မှာတော့ ဖြေဆိုခြင်း မရှိတဲ့
ဖုန်းလေး အတွက် လက်လျော့လိုက်ရပြီ
အား ၂၀ကျော်ကျော်သာ ရှိတဲ့ ရိပေါ်ဖုန်းလေးလဲ
စက်ပိတ်သွားပြီ....
အကြိမ်ကြိမ်ခေါ်နေတာကို မကိုင်တဲ့
မောင့်ကိုလဲ စိတ်ပူရပြီ....
.
ထိုညက သူ့ကိုယ်သူ စိတ်မပူနိုင်ပဲ ချစ်ရသူကိုသာ
စိုးရိမ်နေရှာတဲ့ ကောင်လေးတယောက်ကတော့
ကားထဲမှာသာ မိုးလင်းရတော့မည်.....
.
တဖက်က ကောင်လေးကရော.....

..............................................................
ညနေ XZ ရုံးကပြန်လာတော့ ငယ့်ကိုမတွေ့ဘူး

"မား ငယ်ရော..."
"မသိဘူး မနက်ထဲက ထွက်သွားတာ"
_ငယ့်ကိုဖုန်းခေါ်တော့ မကိုင်ဘူး..ဘယ်တွေသွားနေတာလဲကွာ
"အားကျန့်ရယ် သူလဲ ကလေးမှ မဟုတ်တာ
ပြန်လာမှာပေါ့ သွား ​ရေမိုးသွားချိုးချေ"
_XZလဲ ရေမိုးချိုးပြီး ခနနေတော့
ဖုန်းလေးက မည်လာသည်…
ငယ် မဟုတ်ဘူး

မောင့်အိမ်သူ  { မောင့်အိမ်သူ }Where stories live. Discover now