Part 6

5.1K 504 54
                                    

"ငယ် ကိုယ် မားမားတို့နဲ့ ညနေစာ အပြင်မှာ
သွားစားမယ်လေ"
"အခုလား "
"အင်း ငယ်ရေချိုးလိုက်လေ"
"ဟုတ်ဟုတ် အာ့ဆိုခနစောင့်နော်"
.
မားမားက တရုတ်ရိုးရာမစားရတာကြာပြီမို့..
သေသပ်တဲ့ ရိုးရာဆိုင်လေးကိုသာ
သွားကြသည်....
.
"ကိုကို...ကိုကို့ကို ယွန်းလေးက လွမ်းနေတာသိလား"
"ဟုတ်လား...ယွန်းလေး ဘာပူစာချင်လို့ လာချွဲနေတာလဲ
ပြော..."
_ဆိုင်ရောက်ကထဲက စကားဖောင့်ဖွဲ့နေကြသော
မောင်တို့သုံးယောက်...စကားဝိုင်းထဲမှာ..
ကိုယ်က လူပို....စဉ်းစားကြည့်မိတာက
**ငါ ကိုယ်ယောင်များ ပျောက်နေလား??**
.
_မောင်ရဲ့ မျက်လုံးလေးတွေ ကြည်တောက်နေတာပဲ...
ယွန်းလေးကို မောင်က အရမ်းဂရုစိုက်တာကို
ခံစားမိတယ်...ငယ်ငယ်ထဲက ချစ်လာတဲ့
ကလေးမလေး မို့လို့ နေမှာပါ
.

"အကို!"
??
???
_တိုးဝင်လာတဲ့ သြရှရှအသံလေးတခု...
ရုတ်ချည်းတိတ်ဆိတ်သွားတဲ့ စကားဝိုင်း....
.
"Mike!!"
_Mikeကို မြင်လိုက်ရမှ အထီးကျန်နေတဲ့
ခံစားချက်လေး ပေါ့ပါးသွားတာကို သတိထားမိလိုက်တာမို့
ပျော်ပျော်ကြီး နှုတ်ဆတ်လိုက်မိတယ်...
.
"Mike တယောက်ထဲလာတာလား.."
"အင်း...အကိုကရော"
"အကိုက အကို့မိသားစုနဲ့ လာတာပါ"
"ကျနော်ထိုင်လို့ရမလား ခဗျာ့??"
_mikeက ယဉ်ကျေးသမှုဖြင့် မားမားကို ကြည့်ပြီး
မေးလိုက်ခြင်းဖြစ်သည်...Yiboကတော့
တနေ့ကမှ ဓာတ်ပုံပြပြီး သဝန်တိုထားသော
ချစ်ယောကျာ်းကြီး မျက်နှာကိုသာ
ကြည့်လျက်...
.
"အာ..မားမားတို့ အဆင်မပြေဖြစ်နေပါ့မယ်...
ဟိုဘက်မှာပဲ ကျနော် သွားထိုင်လိုက်ပါ့မယ့်..
မောင် ခနပဲနော်"
_XZကို ခွင့်တောင်းသလိုလေး ပြောသွားတဲ့ ငယ်..
မောင့်မျက်နှာကြီးကတော့ ဆူပုပ်နေပြီ....ခုနကကျတော့
ပြုံးဖြီးနေတာများ...
.
.
"Mike.. maxလေးရော မပါဘူးလား"
"ဟင့်အင်း.သူ့အဖွားနဲ့ ထားခဲ့တယ်"
"ဟုတ်လား maxလေးကို သတိရနေတာ.."
"ကျနော့ကိုရော.."
"အမ်.."
"ကျနော့်ကိုရော သတိမရဘူးလားလို့.."
"အဲ.. ဟို...မရပါဘူး.mike မင်းမျက်နှာလာမပြောင်နဲ့"

_ဝမ်အကောင်ပေါက်တော့ တကယ်ကို ချစ်စရာကောင်းနေပြန်ပါပြီ....
.
"ဒါနဲ့ အကို ဟိုတယောက်က အကိုနဲ့ ဘာတော်တာလဲ"
"အဲ့ဒါက အကို့ အမျိုးသားပါ"
_သွားပြီ..mikeရဲ့ မျှော်လင့်ချက်ရောင်ခြည်လေး
ပျက်ပျယ်သွားရပြီ...ကိုယ်က ငယ်ရွယ်တဲ့ အချိန်
ဘာကိုမှ စဉ်းစားဆင်ခြင်နိုင်စွမ်း မရှိသေးပဲ..
ထင်ရာစိုင်းခဲ့မိတဲ့ ရလဒ်က maxလေး...
အတိတ်က သက်ဆိုင်ဖူးသူကို သင်ပုန်းခြေဖျက်နိုင်ခဲ့ပြီး
Maxလေးကတော့ ကျနော့်ဘဝသစ်လေးပါ....
အခု...အခု...အနာဂတ်အတွက် တခုတည်းသော
မျှော်လင့်မိတဲ့ ရောင်ခြည်လေးကတော့...
အကောင်အထည်မဖော်နိုင်ခင်မှာပဲ...
ပျောက်ဆုံးသွားရပြီ.....
.
.
_mikeမျက်နှာ မကောင်းဖြစ်သွားတာကို ရိပေါ်
သတိထားမိလိုက်တယ်...ဒါပေမဲ့
ဘာကြောင့်မှန်းတော့ မသိ..
.
"Mike..mike...mike"
_မျက်လုံးရှေ့ကို လက်ယမ်းလိုက်မှ အသိဝင်လာတဲ့mike
"နေမကောင်းဘူးလား.mike"
"အာ sorry အကို အတွေးများသွားလို့..အဟိ
ဒါနဲ့ ကျနော် အကို့ကို ဖုန်းဆက်လို့ရတယ်မလား"
_မိတ်ဆွေအဖြစ်လေး ရှိချင်သေးလို့...

မောင့်အိမ်သူ  { မောင့်အိမ်သူ }Where stories live. Discover now