မကြာခင်မှာဘဲ A ငါ့ကိုဖုန်းပြန်ခေါ်တယ်။ သူ့အသံနားထောင်ရတာ အရမ်းကို ဒေါသတွေထွက်နေပုံဘဲ။ ဒါပေမဲ့ သူ့ဘာကြောင့် အခုလိုဖြစ်ရတယ်ဆိုတာ
လောက်တော့ ငါခန့်မှန်းလို့ရပါတယ်။A ဘက်က နေပြီး
"" မင်းမှာ တကယ်ကို ကောင်းမွန်တဲ့ အိမ်ထောင်ရေးရှိတယ်ဆိုတာ ငါသိပင်မဲ့ ငါ့ညီနဲ့ အမြန်ဆုံး ကွာရှင်းဖို့ကို ငါအကြံပြုချင်တယ်။ """" ဘာလို့လဲ?""လို့ ငါပြန်မေးလိုက်တော့ ချက်ချင်းကို သူ့ဘက်က ဘာဆက်ပြောလို့ပြောရမှန်း မသိတော့တဲ့ပုံဖြစ်သွားသည်။ သူအတော်ကြာကြာလေး တုံ့ဆိုင်းနေပြီးမှ သူ့ညီဟာ တကယ်ကို မကောင်းတဲ့ကောင်ဖြစ်တာမို့ ငါအနေနဲ့ သူ့စကားကို သေချာပေါက်နားထောင်သင့်တဲ့အကြောင်းပြောလေတယ်။
A ရဲ့ ထူးဆန်းတဲ့စကားအသွားအလာကြောင့် ငါတိတ်တိတ်လေးရီလိုက်မိတယ်။ ဘယ်လို စိတ်မျိုးနဲ့များ အကို တစ်ယောက်က သူ့ညီအရင်းနဲ့ ကွာရှင်းဖို့ သူ့ခယ်မကို တိုက်တွန်းရတာတုန်း။ ငါကတော့ မသိချင်ယောင်ဆောင်ပြီး ငါ့ယောကျာ်းအဆင်ပြေရဲ့လား ဆေးရောသေချာ သောက်ရဲ့လားလို့ မေးမြန်းလိုက်သည်။
A ကတော့ ငါ့ယောကျာ်းသောက်ဖြစ်တယ်ပြောပင်မဲ့ သူ့ရဲ့ မသေချာ မရေရာတဲ့လေသံကို သတိထားမိစေသည်။ သိတာပေါ့ ငါယောကျာ်းဆေးမသောက်ဖြစ်ဘူးဆိုတာ။ ဒါပေမဲ့လည်း သူမသောက်တော့ရော ဘယ်သူက ဂရုစိုက်နေလို့လဲ။ အဓိကက A အနေနဲ့ ငါဟာ ငါ့ယောကျာ်းအပေါ် စိုးရိမ်တကြီးစိတ်ပူပင်စွာနဲ့ ဆေးတွေကအစ သေချာပြင်ဆင် ထုပ်ပိုးပေးခဲ့တာကို သိစေချင်တာ။
ပထမဆုံး သူ့ညီရဲ့ ဖောက်ပြန်မှု မြင်ကွင်းကို တွေ့မြင်ခဲ့ရတဲ့ အကိုတစ်ယောက်အနေနဲ့ ငါ့အပေါ် ကိုသနားစိတ်ဝင်မိမှာဘဲ။ အဲ့သနားစိတ်ကနေပြီး နောက်ပိုင်းမှာ အင်အားကြီး လက်နက်တစ်ခု လိုမျိုး ငါ့အပေါ် အားနာစိတ်နဲ့အတူ သူ့ညီအကြောင်းဖုံးကွယ်ထားမိတဲ့လိပ်ပြာမလုံတဲ့စိတ်ကြောင့် အလိုလို ကူညီလာစေလိမ့်မယ်။
ငါ့စုံစမ်းမှုအရတော့ ငယ်ချစ်ဦးနဲ့ ရုပ်ရှင်ဧကရာဇ်တို့နှစ်ဦး မနက်ဖြန် ပူးပေါင်းပြီး ရုပ်ရှင်အသစ်တစ်ခု အတူတူရိုက်ကူးဖို့ရှိတယ်လို့ သတင်းရထားတယ်။
[ရုပ်ရှင်ဧကရာဇ်က MC နာမည်ပေးထားတဲ့ အရူးနှစ် ပါ ...MC ကစာဖတ်သူတွေကိုစကားပြောသလိုရေးထားတော့ ဖတ်ရင်း လူတွေရောသွားမှာဆိုးလို့]
YOU ARE READING
ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်
Horror[ Translated to Myanmar🇲🇲 ] ♦️Both Uni and Zawgyi Started Date: 14 May 2020 Yaoi [BL]❗❗ ♦️All credit to original author and english translator. I think my husband wants to kill me. Whether it's forgetting to turn off the gas or finding the bathroo...