Chapter 21 [Z]

11.3K 1.3K 146
                                    

အဲ့အခန်းထဲမှာ မီးအိမ်တစ်အိမ်ဘဲရှိတယ်။ ပြီးတော့ ထားတဲ့နေရာကလည်း ကုတင်ဘေးမှာ။ မီးအိမ်အရောင်ကိုက ဝါဖျော့ဖျော့ဆိုတော့ အဲ့မီးရောင်ကဘဲ သူတို့နှစ်ဦးရဲ့ ရမ္မက်တွေကို ပိုမိုလောင်ကျွမ်းစေပုံရတယ်။ သူတို့ဆက်ဆံမှုက တကယ်ကို ပြင်းထန်တာဘဲ။ သူတို့ထိုးသွင်းနေတဲ့ pa pa pa အသံတွေက ငါ့နားထဲမှာတောင် ပဲ့တင်သံလိုကြားနေရတယ်။
အဲ့လိုပြင်းထန်လှတဲ့လှုပ်ရှားမှုကြောင့်ဘဲ ငါ့ယောကျာ်းရဲ့လည်ချောင်းကြွက်သားတွေကို စတင်ရုန်းကန်လာရစေပြီး တဖြည်းဖြည်းချင်း အသက်ရှူနှုန်းကို နှေးကွေးသွားစေတယ်။
ငါ့ယောကျာ်းရဲ့ နောက်ဆုံး ထွက်သက်ကို ငယ်ချစ်ဦးရဲ့ ညည်းသံတွေကြားထဲကနေ ကြားလိုက်ရတယ်။
ငယ်ချစ်ဦးကတော့ ငါ့ယောကျာ်းရဲ့ ခြေထောက်ကို အထွတ်ထိပ်ရောက်ပြီး ပြီးမြောက်သွားတဲ့ကြားက ထပ်လိုချင်သေးဟန်နဲ့ လှမ်းကန်လိုက်တာကို တွေ့လိုက်တယ်။ဒါပေမဲ့လည်း ငါ့ယောကျာ်းက မတုံ့ပြန်နိုင်တော့ဘူး။ သူ့ကြည့်ရတာ သေသွားပြီထင်တယ်။
ဒါကြောင့် ငါလည်း ပလတ်စတစ်လက်အိတ်ကို ဆွဲထုတ်ဝတ်ဆင်လိုက်ပြီး အခန်းတံခါးကို ဖြည်းဖြည်းလေးပိတ်ကာ ငါ့သော့နဲ့ လော့ချလိုက်တယ်။ အခန်းထဲမှာတော့ ငယ်ချစ်ဦးရဲ့ အလွန်တရာမှ ဆွဲဆောင်မှုရှိလှတဲ့ အသံနဲ့ ငါ့ယောကျာ်းကို ပြောနေတာ ကြားနေရတယ်။ ငယ်ချစ်ဦးကတော့ ငါ့ယောကျာ်းကိုနောက်တစ်ချီတောင် မစွမ်းဆောင်နိုင်တော့ကြောင်း စနောက်ပြောဆိုနေလေတယ်။
သို့ပင်မဲ့ သိပ်မကြာခင်မှာဘဲ အခန်းထဲမှာ သိပ်ကိုလေးလံတဲ့အရာဝတ္ထုကြီးတစ်ခုပြုတ်ကျသလိုမျိုး အသံအကျယ်ကြီး ကြားလိုက်ရတော့တယ်။ အဲ့အသံက အတော်လေးတော့ ကျယ်လွန်းတယ်။
Villa အပြင်ဘက်က cicadas ပိုးကောင်ရဲ့ အော်တဲ့အသံတွေထွက်ပေါ်ပြီး နောက်မှာတော့ အရာအားလုံး တိတ်ဆိတ်ငြိမ်ကျသွားတော့တယ်။ ငယ်ချစ်ဦးဟာလည်း မယုံကြည်နိုင်စွာနဲ့ ကယောင်ကတမ်းပြောသလိုမျိုး ""ဘယ်လိုမျိုး........"" ယောင်ယမ်းကာ
သူရဲ့အသံဟာလည်း သိပ်ကိုကြောက်ရွံနေဟန်နဲ့
""ဘယ်လို......ဘယ်လိုများ........."" လို့စတင်ရေရွတ်တော့တယ်။
ငယ်ချစ်ဦးအနေနဲ့ အခုချိန်မှာ ငါ့ယောကျာ်းအသက်ရောရှူနေသေးရဲ့လားဆိုတာ စမ်းသပ်ပြီးပြီထင်တယ်။ ဒါကြောင့်လည်း ငယ်ချစ်ဦးရဲ့ သွေးပျက်စဖွယ်အော်ဟစ်သံကို ကြားလိုက်ရတာနေမှာ။ သူ့အသံလေးနားထောင်ရတာတော့ ဖမ်းပြီးမစားသောက်ခံရခင် အကူညီလှမ်းတောင်းနေတဲ့ စာဘူးတောင်း ငှက်ကလေးလိုဘဲ။ ငါကတော့ မနှစ်မြို့ဖွယ်ရာ ကျီးမည်းပေါ့လေ။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now