Chapter 25 [U]

14.6K 2.1K 86
                                    

အမှန်တိုင်းပြောရမယ်ဆိုရင်တော့အိပ်နေတုန်း ဆူဆူညံ့ညံ့အနိုးခံလိုက်ရရင် ဘယ်သူမဆို မကျေမနပ်ဖြစ်မှာ အမှန်ဘဲ။
ငါလည်းသမ်းဝေလိုက်ပြီး ဖြစ်သလိုတီရှပ်တစ်ထည်ကောက်စွပ်ကာတံခါးသွားဖွင့်ပေးလိုက်တယ်။ တံခါးကို ဖွင့်လိုက်တာနဲ့ အပြင်ကအပူရှိန်ကိုခံစားမိတာနဲ့အတူ ရုပ်ရှင်ဧကရာဇ်ရဲ့ မျက်နှာကိုပါ မြင်လိုက်ရတော့တယ်။
မှေးစေ့အောက်မှာ ထင်ရှားနေတဲ့ အနီရောင်အမှတ်အသား(အခုတော့အနာကျက်နေပုံရတဲ့ဒဏ်ရာနဲ့) မတ်တပ်ရပ်နေပင်မဲ့လည်း သူ့ရဲ့ ခန့်ငြားမှုကိုတော့ နည်းနည်းလေးမှ မမှေးမှိန်သွားစေဘူး။ သူကတော့တံခါးဘေးက နံရံမှာမှီလိုက်ပြီး အနည်းငယ်စိတ်လှုပ်ရှားနေပုံနဲ့ ခေါင်းလေးကိုစောင်းကာ သူ့ဆံပင်တွေကို ခပ်ဖွဖွကုတ်ရင်း

"" အထဲ...အထဲကို ဝင်ဖို့ ဖိတ်ခေါ်မလားဟင်""

"" ................""" တစ်ခဏတော့ ငါဆွံအသွားပြီး ရီချင်ခဲ့မိတယ်။
သူ့မှေးက အမှတ်ကို လက်ညိုးထိုးလိုက်ပြီး
""ဒဏ်ရာက ဘယ်လိုရလာတာလဲ"" လို့မေးလိုက်တော့

""အဖမ်းခံရတာ"" သူပြန်ဖြေတယ်။ ""စိတ်မပူပါနဲ့""

ငါလည်းပြုံးပြလိုက်ပြီး အိမ်ထဲကိုဝင်ဖို့ဘေးဖယ်ပေးလိုက်တယ်။ သူ့ကိုတော့ဆိုဖာပေါ်မှာ ထိုင်စောင့်ခိုင်းထားပြီး ငါကတော့ လက်ဖက်ရည်ပြင်ပေးဖို့ မီးဖိုချောင်ထဲဝင်သွားလိုက်တယ်။
➖➖➖➖➖➖➖➖➖➖➖➖➖➖➖
ရုပ်ရှင်ဧကရာဇ်က လက်ဖက်ရည်ခွက်တစ်ခုလုံးကို လက်နှစ်ဖက်နဲ့ သေချာအုပ်ကိုင်းရင်း အခန်းပတ်ပတ်လည်ကို တောက်ပနေတဲ့ မျက်ဝန်းတွေနှင့်ကြည့်ပြီးမှ

""ခင်ဗျား ယောကျာ်းရော "" လို့စမေးတယ်။
ငါလည်း အလွန်တရာမှအားငယ်သွားကာ ဝမ်းနည်းနာကျင်သွားတဲ့ပုံ ဟန်ဆောင်လိုက်ပြီး ငိုတော့မဲ့အသံနဲ့

""သူထွက်သွားတာ ကြာပြီ "" လို့ပြန်ဖြေလိုက်တယ်။
ရုပ်ရှင်ဧကရာဇ်ကတော့ ချက်ချင်း တောက်တစ်ချက်ခေါက်လိုက်တယ်။ သူထိုင်နေရာကနေလည်းထလာပြီး ငါ့ပခုံးပေါ်လက်တင်ကာ

""ကျွန်တော့်မိဘတွေနဲ့ ဆွေးနွေးပြီးပြီ။ သူတို့က ကျွန်တော်ဘက်က စိတ်အခြေအနေအဆင်ပြေပြီး အတည်ကျဖြစ်သွားတဲ့အချိန်မှ မိသားစုလုပ်ငန်းကိုဆက်ခံလည်း နောက်မကျဘူးတဲ့။ အဲ့အချိန်ရောက်ရင်တော့....!"" သူစကားပြောရပ်သွားပြီးမှ
"" အဲ့အချိန်ရောက်ရင်တော့ ကျွန်တော်ခင်ဗျားရဲ့ ကိစ္စတွေကို ဖြေရှင်းဖို့ ကူညီပေးမယ်"" လို့ဆက်ပြောတော့တယ်။

ငါ့ယောကျာ်းက ငါ့ကို သတ်ချင်နေတယ်Where stories live. Discover now