""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၃)🌈
❤❤❤❤❤❤
ဧည့်ခန်းထဲက ဆိုဖာပေါ် မိုးရိပ်စိတ်ရှုပ်ထွေးခြင်းများနှင့်ထိုင်ချလိုက်၏။နှင်းသွေးဝိုင်ဆီကနေ..နွချေို.၏အကြောင်းများကို.နားထောင်ရနိုး..စောင့်မျှော်နေမိသည်။
""ကော်ဖီသောက်မလား..မိုးရိပ်..""
""ဝိုင်..ငါဘာမှ.မသောက်ချင်ဘူး..
နွချေိုအကြောင်းဘဲ.ကြားချင်တယ်..
မြန်မြန်ပြော..ငါဘန်ကောက်သွားနေတုန်း.နွချေို.ဘာတွေကြုံခဲ့ရလဲ.ပြောပြဟာ..""
မိုးရိပ်..စိတ်လှုပ်ရှားစွာနဲ့..မေးလိုက်သည်။
""အင်း...နင်ဘန်ကောက်သွားပြီ..သိပ်မကြာခင်..နွချေို.လေးလေးက.သူ့နဲ့အတူ.တစ်ရုံးတည်းမှာ.အလုပ်လုပ်တဲ့..အသိတစ်ဦးကို..အာမခံ.ပိုက်ဆံသိန်း၃၀..ချေးပေးလိုက်မိတယ်လေ..ဟိုက.ပိုက်ဆံမဆပ်ဘဲ..တခြား.မြို့ကို.ပြောင်းပြေးသွားတယ်...အဲ့တော့.ကြားထဲကအာမခံပေးလိုက်တဲ့..နွချေိုလေးလေးက.မဆီမဆိုင်.အဲ့ပိုက်ဆံသိန်း၃၀ကို ကြားထဲကနေ ဆပ်ဖို့ အကြောင်းဖန်လာတယ်ပေါ့ဟာ..နွချေို..
တက္ကသိုလ်.တက်ဖို့ဆိုပြီး.ဘဏ်မှာ.စုဆောင်းထားတဲ့..ပိုက်ဆံ.သိန်း၂၀
ကိုဘဲ အရင်ဦးဆုံး.ထိုးဆပ်ပေး
လိုက်ရတယ်..နွချေိုလည်း.တက္ကသိုလ်တက်ဖို့..မကြိုးစားတော့ဘဲ.ကျန်တဲ့.အကြွေးဆယ်သိန်းကိုဆပ်နိုင်အောင်..အလုပ်ထွက်လုပ်ရတော့တာပေါ့...နွချေို လေးလေးလည်း..အဲ့စိတ်နဲ့.စိတ်ထောင်းကိုယ်ကြေဖြစ်ပြီး..
အိပ်ရာထဲ.လဲတော့တာဘဲ.ပိုဆိုးသွားတာက.နဂိုအခံသွေးတိုးရောဂါကြောင့်..လေပါဖြတ်သွားတယ်လေ..။
နင်လည်း.သိမှာပါ.လေဖြတ်သွားတဲ့သူတွေကို.ပြုစုစောင့်လျှောက်ပေးရတာ.ဘယ်လောက်ခက်ခဲသလဲဆိုတာကို..""
မိုးရိပ်..နှင်းသွေးဝိုင်.ပြောပြနေသည့်.နွချေို၏အကြာင်းများကိုနားထောင်နေရင်း..မျက်ရည်များဝဲလို့နေ၏။
""အဲ့တုန်းက..နွချေိုသနားပါတယ်.ဟာ...သူ့လေးလေးကိုလည်း.ပြုစုပေးရ..အလုပ်လည်း.ထွက်လုပ်ရနဲ့လေ..နောက်ပြီး..ကျန်တဲ့
အကြွေး.ပိုက်ဆံ.၁၀သိန်းကိုလည်း.အကြွေးရှင်က..မရမှာစိုးပြီး.ခဏခဏအိမ်ကိုလာပြီး..ဖိအားတွေပေးပြီး.တောင်းတော့တာဘဲ..ပိုက်ဆံ၁၀သိန်းဆိုတာ.သူဌေးတွေအတွက်.ဘာမှမဟုတ်ပေမယ့်..နွချေိုတို့လို.သာမန်လူတန်းစားတွေအတွက်ကတော့..နည်းတဲ့ပမာဏမှမဟုတ်တာ..နောက်ပြီး..နွချေို.ရဲ့လေးလေးဆေးဖိုး.ဝါးခ တွေဆိုတာကလည်း.တစ်နေ့တစ်နေ့ကုန်ကျတာ.နည်းတာမှမဟုတ်ဘဲ..နောက်ဆုံး..နွချေို..လည်း.သူ့တို့အိမ်လေးကို.ပေါင်ပြီး..ကျန်တဲ့အကြွေး၁၀သိန်းကိုလည်း.ဆပ်လိုက်ရသလို..သူ့လေးလေးအတွက်.ကုန်ကျတဲ့ ဆေးဖိုးတွေကိုလည်း.ပေးချေလိုက်ရတယ်လေ..သူ့ရတဲ့လုပ်အားခ.လေးကလည်း.သူ့လေးလေးဆေးဖိုး.အတွက်တောင်.အနိုင်နိုင်လေ..နောက်ပိုင်း.အကြွေးတွေလည်း.ပတ်ချာဝိုင်းလို့ပေါ့ဟာ..နောက်ဆုံးကုန်ကုန်ပြောရရင်တော့..နွချေို..လေးလေးလည်း.ဆုံးရော.နွချေို.ဆီမှာ.ဘာတစ်ခုမှကို.မကျန်ခဲ့တော့တာဘဲ..အိမ်ကိုလည်း.ရတဲ့ဈေးနဲ့ရောင်းပြီး.အကြွေးတွေ.ပတ်ဆပ်လိုက်တာ..နွချေိုလက်ထဲ.တပြားမှကို.မကျန်တော့ဘူး..သူနဲ့ငါနောက်ဆုံးတွေ့တုန်းက..ငါ့မေမေကိုပြောပြီး..အိမ်မှာလာနေခိုင်းတဲ့နောက်ပိုင်း..နွချေိုကို.မတွေ့ရတော့တာပါဘဲဟာ..ငါ.သူ့ကိုကူညီဖို့ကြိုးစားပါသေးတယ်..နင့်လည်း.သူ့အကြောင်းသိသားဘဲ..သူ့က.သူ့အတွက်နဲ့.တခြားသူတွေကို.ဝန်ပိစေမှာအရမ်းစိုးတဲ့သူတစ်ယောက်လေ..
""
ဟု.ရှည်လျားစွာပြောပြရင်း..တအိအိနှင့်ငိုရှိုက်နေလေတော့သည်။နွချေိုအကြောင်းတွေကို.ကြားသိလိုက်ရတဲ့.မိုးရိပ်မှာလည်း.ရင်ထဲ.စူးနင့်နေအောင်.ခံစားလိုက်ရသည်။
အမြဲတမ်း.သူတစ်ပါးအတွက်ဘဲ.စဉ်းစားပေး..တွေးပေးတတ်တဲ့.နွချေို..။သူဘယ်မှာလဲ..။သူ.အဆင်ရောပြေနေရဲ့လား..။ဟူသော.မေးခွန်းတွေနဲ့အတူ..ရင်ထဲမွန်းကြပ်နေမိ၏။
မိုးရိပ်နုတ်ကနေ ခပ်တိုးတိုး.ရေရွတ်လိုက်မိသည်က..
""နွချေိုရယ်..မင်းဘယ်မှာလဲ.ကွာ..""
💜💜💜💜
"""နွချေို...အဲ့ဒါလေးပြီးရင်.နားလိုက်တော့လေ..ကျန်တာ..လေးကြိုင်.လုပ်လိုက်ပါ့မယ်..""
""ဟုတ်ကဲ့.ရပါတယ်.လေးကြိုင်ရဲ့..ကျွန်တော်ဘဲပြီးအောင်.လုပ်လိုက်ပါ့မယ်..""
နွချေို.ပြန်ပြောရင်း.ခပ်သွက်သွက်လေး..သန့်ရှင်းရေးကို..လုပ်လိုက်၏။
နွချေို.အခုရောက်နေတာက အသေးစား.စားသောက်ဆိုင်လေးတစ်ခုမှာ.ဖြစ်သည်။.စာဖိုမှုးတွေ
စားပွဲထိုးတွေ.မရှိသည့်
.စားသောက်ဆိုင်လေးတစ်ဆိုင်..။
ပုံမှန်.လာရောက်စားသုံးသူ.နည်းပါးလှသည့်.သာမန်.ရက်ကွက်လေးထဲက..သာမန်.စားသောက်ဆိုင်လေတစ်ဆိုင်..။နွချေို ရောက်မလာခင်က.ထိုဆိုင်လေးကို..ဦးခင်ကြိုင်.နဲ့.ဦးကောင်းကင်စိုး.တို့နှစ်ဦးတည်းနဲ့သာ.ရုန်းကန်နေရသည့်.ဆိုင်လေးတစ်ဆိုင်ဖြစ်၏။ သြော်..ဦးခင်ကြိုင်နဲ့.ဦးကောင်ကင်စိုးတို့က.အတူနေ.လိင်တူ.ချစ်သူ.နှစ်ဦးပါ..။အရမ်းကို.သဘောကောင်းကြတဲ့.လူတွေပေါ့..။
သူတို့နဲ့နွချေိုဆုံစည်းခဲ့ရတာက.ကံကြမ္မာက ဖန်တီးပေးခဲ့တယ်လို့ဘဲ.ဆိုရမှာဘဲ..။နွချေို..လေးလေးလည်းဆုံး..အိမ်လည်း.ဆုံးသွားတော့..။ရှိသမျှအရာအားဆုံးရူံးသွားရတယ်လို့.ခံစားလိုက်ရတယ်လေ ။စိတ်ဓာတ်တွေလည်း.ကျပြီး..တစ်ယောက်တည်း.ခြေဦးတည့်ရာ.လေလွင့်ပြီး.လျှောက်သွားနေမိတယ်..။နောက်ဆုံး..ချောင်းဆုံလေးတစ်ခုမှ..ချောင်းထဲခုန်ချပြီး.ကိုယ့်ကိုယ်ကို.အဆုံးစီရင်ပစ်ဖို့အထိကိုပါ.နွချေို.မိုက်ရူးရဲဆန်ဆန်.ဆုံးဖြတ်ခဲ့တယ်လေ..။
နွချေို.ချောင်းထဲခုန်ချဖို့အလုပ်..ဦးခင်ကြိုင်နဲ့.ဦးကောင်းကင်စိုးတို့ရောက်လာပြီး..နွချေိုကို.မလုပ်ဖို့.တားမြစ်ခဲ့ကြတယ်.။နောက်တော့.နွချေို.အကြောင်းတွေကို.ချော့မော့ပြီး.မေးမြန်းကြတယ်.။နွချေိုလည်း..သူ့ဘဝအကြောင်းတွေကို.ဖြစ်ကြောင်းကုန်စင်အောင်ပြောပြတော့..သူတို့နှစ်ဦး.နွချေိုကို.သနားပြီး.သူတို့နဲ့.အတူလိုက်နေဖို့.ခေါ်လာခဲ့တော့တာဘဲ..။သူတို့အတူနေပြီး..ဝိုင်းလုပ်.ဝိုင်းစားနဲ့.မိသားစုလိုမျိုး.အတူနေလာတာ.၇လတောင်ရှိခဲ့ပြီ..။
ဦးကောင်းကင်စိုးက ဘွဲ့ရပညာတတ်တစ်ဦးလည်းဖြစ်သလို.တစ်ချိန်က..ပြီးပြည့်စုံတဲ့ ဘဝတစ်ခုကို ပိုင်ဆိုင်ထားတဲ့..လူတစ်ဦး..။နောက်ပြီး.ကုပ္မဏီသူဌေးတစ်ဦး..။ဦးကောင်းကင်စိုး၏.မိဘတွေရဲ့.အတင်းကြပ်.စီစဉ်ပေးခဲ့လို့..မိန်းမလည်းရှိသလို..ကလေးတစ်ဦးလည်း..ရှိသည်ဆို၏။.နောက်တော့..ဦးခင်ကြိုင်နဲ့ဆုံတွေ့ပြီး...သူ..မပျော်ပိုက်သည့်.မိသားစုဘဝကိုစွန့်လွှတ်ပြီး..ဦးခင်ကြိုင်ကို.ရွေးချယ်ခဲ့လေသည်။.ဦးကောင်းကင်စိုး၏.အိမ်ထောင်ရေးက.
ဦးခင်ကြိုင်ကြောင့်.ပြိုကွဲခဲ့သည်လိုတော့.ဆိုလို၍မရ. ။နဂိုကတည်းက..ဦးကောင်းကင်စိုး၏.ဇနီးက.ကွယ်ရာမှာ.အိမ်ထောင်ရေးဖောက်ပြန်နေသည်ကလည်းပါသည်။
ဘယ်လိုမှ ရှေ့ဆက်၍မရတော့သည့်အဆုံး..။ဦးကောင်းကင်စိုး.မျက်စိစုံမှိတ်ပြီး..ဦးခင်ကြိုင်ကိုရွေးချယ်ခဲ့ခြင်းဖြစ်သည်။.သို့ပေမယ့်..လိင်တူ.ချစ်သူ.ဆိုသော.ဂုဏ်ပုဒ်နဲ့အတူ.အားလုံး၏လက်ညှိုး.ထိုး.ကဲ့ရဲခြင်းကို..ခံခဲ့ရသလို.။သူပိုင်ဆိုင်ခဲ့ရသည့်.စည်းစမ်ဥစ္စာပစ္စည်း.တွေကိုလည်း..စွန့်လွှတ်ခဲ့လေသည်။
.....ဇနီးသည်၏ဥာဏ်များပြီး.ကောက်ကျစ်မှုကြောင့်..
အသက် ၄နှစ်ကျော်သာ.ရှိသေးသည့်..သားလေးကိုပါ..ဦးကောင်းကင်စိုး.စွန့်လွှတ်ခဲ့ရလေ၏။တစ်ခါခါ..ဦးခင်ကြိုင်က..သူ့ကြောင့်..အရာအားလုံးကိုစွန့်လွှတ်ခဲ့ရသည့်..ဦးကောင်းကင်စိုးအပေါ်..အားတုံ့အားနာဖြစ်နေမိတတ်၏။
ဦးကောင်းကင်စိုးကတော့ ဘဝရဲ့.အနှစ်သာရ.ပျော်ရွှင်မှုတွေကို.ပေးစွမ်းခဲ့တဲ့..ဦးခင်ကြိုင်ကို.အမြဲကျေးဇူးတင်နေတတ်၏။
နွချေို..လေးကြိုင်နဲ့လေးစိုးတို့နှစ်ယောက်ကိုကြည့်ရင်း..အားကျနေမိသည်။သာမန်ဘဝလေးတစ်ခုမှာ
အပူပင်ကင်းကင်းနဲ့ ပျော်ရွှင်နေကြတဲ့သူတို့နှစ်ဦးကို.နွချေိုအားကျမိ၏။
""သား..နွချေို.မအိပ်သေးဘဲ.ဘာတွေစဉ်းစားနေတာလဲ..""
""သြော်..လေးစိုးရယ်..ဒီအတိုင်း..ဟိုတွေး.ဒီတွေးပေါ့..ဒါနဲ့..လေးစိုးရော..မအိပ်သေးဘူးလား..""
""အင်း..လေးစိုးလည်း..ဟိုတွေး.ဒီတွေးနဲ့.အိပ်မပျော်ဘူး..နွချေိုကို..မြင်တိုင်း..
လေးစိုး..သားလေးကို.သတိရမိလို့ပါ..အခုဆို..လေးစိုးရဲ့သားလည်း.နွချေို..အရွယ်လောက်ရှိရောပေါ့."
ဟု..လွမ်းဆွေးဆွေးလေးနဲ့.ပြောနေသည့်..လေးစိုးကိုကြည့်ရင်း..နွချေို.သနားနေမိ၏။သူအနေနဲ့..သူရဲ့အရင်ဇနီးဟောင်း၏.ကောက်ကျစ်ယုတ်မာမှုများကြောင့်.သူ့ရဲ့သားကို.တွေ့ခွင့်လေးတောင်မှ.မရှိရှာသည့်ဘဝ..။ဟူး..
လောကကြီးက..ဘာဖြစ်လို့များ..
ဒီလောက်ထိတောင်.ရက်စက်ရတာလဲမသိ..။
💜💜💜💜
မိုးရိပ်မြန်မာပြည် ပြန်ရောက်ကတည်းက.တချက်ကလေး.အငြိမ်မနေရ..။နွချေိုဘယ်မှာလဲဆိုတာကို.အသဲသန်.စုံစမ်းနေမိ၏။၂ပတ်ရှိပြီ..။နွချေို..ရဲ့သတင်းကို.ဘာတစ်ခုမှမကြားရသေး..။မိုးရိပ်.စိတ်ပြေ.လက်ပျောက်..ခြေဦးတည့်ရာ.လျှောက်သွားနေရင်း.ဗိုက်ဆာ.လာတာနဲ့..
"ဦးမာန်..ကျွန်တော်ဗိုက်ဆာလာပြီ..ဟိုဆိုင်လေးထဲမှာ ဝင်စားရအောင်..""
မိုးရိပ်လမ်းဘေးနားက ဆိုင်လေးတစ်ဆိုင်ကို.လက်ညိုးထိုးပြီး.ပြောလိုက်တော့.ဦးမာန်.မျက်နှာတစ်ချက်ပျက်သွားလေသည်။မိုးရိပ်.ဒီဘက်ရက်ကွက်ထဲကို.သွားခိုင်းကတည်းက..ဦးမာန်.မလိမ့်တပတ်နဲ့..မိုးရိပ်ကို..ပ.ထုတ်နေသည်ကို.မိုးရိပ်...ရိပ်မိနေတယ်လေ..။
""သား..မိုးရိပ်..ဒီကနေ..နာရီဝက်လောက်ဘဲ.မောင်းလိုက်ရင်..ဟိုတယ်.တစ်ခုရောက်ပြီ..အဲကျမှဘဲ.စားလိုက်နော်..""
""ဦးမာန်..ကျွန်တော်.ကလေးမဟုတ်တော့ဘူး...အဲ့ဆိုင်က..ဟိုလူကြီး.ရဲ့ဆိုင်မလား..""
မိုးရိပ်အမေးစကားကြောင့်..ဦးမာန်..တအံ့တသြနှင့်.မိုးရိပ်အား.လှည့်ကြည့်လိုက်သည်။
""တစ်ခါလောက်တော့...သူဘယ်လိုနေထိုင်စားသောက်နေလဲ..ဆိုတာကို.ကျွန်တော်.မြင်ဖူးချင်တယ်..ငယ်ရွယ်သေးတဲ့
ကျွန်တော့်ကိုတောင်.စွန့်ပစ်ပြီး..သူရွေးချယ်ခဲ့တဲ့.လူက.ဘယ်လောက်တောင်မှ.ကြီးကျယ် ခန်းနားနေလို့လဲဆိုတာကို..သိချင်နေမိတယ်...မတားပါနဲ့တော့..ဦးမာန်...သူရဲ့ဂုဏ်သိက္ခါတွေကို.နင်းချေပေးဆပ်ခဲ့ရလောက်အောင်ထိ..အဲ့လူကြီးက.ထိုက်တန်နေလို့.လား.ကျွန်တော်သိချင်တယ်. ""
ဦးမာန်..မိုးရိပ်ကိုကြည့်ရင်း..သက်ပြင်းလေးတစ်ချက်.ချလိုက်သည်။ဒီကလေးရင်ထဲမှာ.ကိန်းအောင်းနေတဲ့..အစိုင်ခဲတွေ.အနည်းငယ်.ပြေပျောက်ကောင်းပါရဲ့ဟုသာ.တွေးနေမိတော့၏။
💜💜💜💜
ဆိုင်ထဲကို ဝင်လာတော့..သက်လတ်ပိုင်းအရွယ်..လူကြီးတစ်ယောက်.အနားကိုရောက်လာပြီး.
""ကောင်လေး..ဘာမှာမလဲ..ဦးလေးတို့ဆိုင်မှာ.ခေါက်ဆွဲကြော်..ကွေ့တီယို..
အအေးအမျိုးမျိုး...""
သူတို့ဆိုင်မှာရနိုင်မဲ့.ဟင်းအမယ်တွေကိုလာရွတ်ပြနေလို့..မိုးရိပ်လက်ကာပြလိုက်၏။နောက်တော့ ထိုလူကြီးကို.ခြေဆုံးခေါင်းဆုံး..သေချာကြည့်လိုက်ပြီး..။
""ဟွန့်...ခင်ဗျားလား...ငယ်ရွယ်သေးတဲ့သားကို.ပစ်ပြီး.သူရွေးချယ်.ခဲ့တာ.ခင်ဗျားကြီးလား..""
တစ်လုံးချင်း.ခပ်ထန်ထန်မေးလိုက်တော့..ထိုလူကြီး၏.မျက်လုံးအစုံဟာ.ပြူးကျယ်သွားလေတော့သည်။
ထိုအချိန်..
""ကြိုင်..အဲ့ကလေးက.ဘာမှာတာလဲ..အစ်ကို..ပြင်ပေးမလို့..""
အဝတ်စား ခပ်လတ်လတ်နဲ့..အနည်းငယ်အိုစာသွားပေမယ့်.ထိုလူကြီး၏.မျက်နှာကို.မိုးရိပ်မြင်လိုက်တာနဲ့.ဘယ်သူလဲဆိုတာကို.တန်းပြီးသိလိုက်၏။
""အဟက်...ပြီးပြည့်စုံတဲ့.မိသားစုဘဝတစ်ခုကို.ဖျက်စီးပြီး.ရွေးချယ်ခဲ့တဲ့.ဘဝတစ်ခုက..ဒီလိုပုံစံမျိုးတဲ့လား..
ဦးကောင်းကင်စိုး..""
မိုးရိပ်..ခက်ထန်သည့်အကြည့်များနဲ့.လေသံခပ်မာမာ.မေးလိုက်တော့..။
""သား...သား..မိုးရိပ်လား..""
""မခေါ်ပါနဲ့..ခင်ဗျားကြီး.ပါးစပ်ကနေ..ကျွန်တော့်ကိုသားလို့.ခေါ်ပိုင်ခွင့်မရှိဘူး..""
""မိုးရိပ်...ဖေဖေကို.လာတွေ့တာလား..""
""အဟက်..ဖေဖေဟုတ်လား..အဲ့နာမ်စားနဲ့.ခင်ဗျားကြီးနဲ့ထိုက်တန်လို့လား.ဗျ..ကျွတ်..ကျွန်တော်.ထင်ထားတာနဲ့.ခင်ဗျားတို့နှစ်ယောက်ရဲ့လက်တွေ့ဘဝက.အရမ်းကွာခြားလွန်းလှပါလား...အရမ်းစုတ်ပြတ်သတ်နေတဲ့.ဒီလို.ဘဝကြီးမှာ..ပျော်တယ်ပေါ့..ဟုတ်လား..""
မိုးရိပ်၏.ရင့်ရင့်သီးသီး.ပြောလာသည့်.စကားများကြောင့်..ဦးခင်ကြိုင်ရော..ဦး.ကောင်းကင်စိုး.ပါမျက်နှာပျက်သွားလေသည်။
""အင်းလေ..ခင်ဗျားတို့လို..gayတွေက..တစ်ဦးနဲ့တစ်ဦးနဲ့..သွေးသားဖလှယ်နေရရင်ကို.ကျေနပ်နေကြတဲ့.အမျိုးဆိုတော့..""
""သား.!! ""
မိုက်မိုက်ရိုင်းရိုင်းပြောထွက်လာသည့်..မိုးရိပ်စကားများကို..ဦးကောင်းကင်စိုး..နားထောင်နိုင်စွမ်းမရှိတော့တာကြောင့်.တားမြစ်လိုက်ရ၏။
""သားလို့.လာမခေါ်နဲ့..ခင်ဗျားလို့.gayတစ်ယောက်ရဲ့.သားဖြစ်နေရတာကို..ကိုယ့်ကိုယ်ကိုလည်း.ရွံ့တယ်..ခင်ဗျားကြီးကိုလည်း.အရမ်းရွံ့တယ်.သိလား.."
မိုးရိပ်.ဒေါသတကြီးနဲ့.ရင့်သီးမောက်မာ.စွာနဲ့..ဦးကောင်းကင်စိုးအားစော်ကားမော်ကားပြောဆိုလိုက်၏။
""တော်တော့..ဘာဘဲဖြစ်ဖြစ်.
.သူက.ခင်ဗျားရဲ့အဖေလေ..အဖေကအဖေဘဲ..သူ့ဘာဘဲဖြစ်ဖြစ်
...ခင်ဗျား.ဝေဖန်ပြီး.စော်ကားပိုင်ခွင့်မရှိဘူး..ခင်ဗျား..ကံကြီးထိုက်မှာ.မကြောက်ဘူးလား..""
နောက်နားဆီကနေ..ခပ်စူးစူးအသံလေးနဲ့..ရန်ခံတွေ့လာတာကြောင့်..မိုးရိပ်.နောက်လှည့်ကြည့်လိုက်၏။
မိမိ၏အရပ်ထက် အနည်းငယ်ပုပြီး.ခန္ဓာကိုယ်သေးသေးလေးနှင့်..ချစ်စဖွယ်.မျက်နှာလေးကို.ပိုင်ဆိုင်ထားသည့်.ကောင်လေးတစ်ဦးကို.တွေ့လိုက်ရ၏။သူ့ရဲ့စူးရှတောက်ပနေတဲ့မျက်ဝန်းနက်နက်လေးတွေကို.မိုးရိပ်ငေးကြည့်နေရင်း...
""နွချေို....!!!!""
💜💜💜💜💜
အပိုင်း🍓၄🍓မျှော်ပေးကြဦး.😁😁😁။တစ်ဝက်တစ်ပျက်နဲ့.ဦးညှို့.အကျင့်ယုတ်လိုက်ဦးမယ်..။ဘယ်လိုလဲ.ဇာတ်လမ်းလေးက.ဖတ်လို့ကောင်းကြရဲ့လားလို့😚။readerလေးတွေကို ချစ်တယ်နော်..အာဘွား😘😘😘။
🍉ညှို့စက်ကွင်း🍉
YOU ARE READING
သူငယ်ချင်းချစ်သူ
Romanceစာရေးသူ ညှို့စက်ကွင်း စိတ်ကူးယဉ်ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..စာရေးသူဆီကနေ ခွင့်ပြုချက်ယူပြီးမှ..တင်တာပါ😉..ယူနီနဲ့ရော ဇော်ဂျီနဲ့ပါ နှစ်မျိုးနဲ့ တင်ထားပေးပါတယ်နော်.. စာရေးသူ ညှို့စက်ကွင်း စိတ်ကူးယဥ်ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..စာရေးသူဆီကနေ...