""သူငယ်ချင်းချစ်သူ""🌈BL🌈
❤❤❤❤❤❤❤❤❤❤❤
🌈အပိုင်း(၁၈)🌈
❤❤❤❤❤❤
စွဲမက်ရှင်နဲ့.မိုးရိပ်.အမေတို့ထွက်သွားကြပြီးသည့်နောက်.....
"ဦးမာန်က လေးစိုးရဲ့သူငယ်ချင်းဟုတ်လား..""
နွချေို..ရင်ထဲ.သိချင်တဲ့စိတ်ကို.မအောင့်အီးနိုင်လို့..မေးလိုက်လေသည်။ဦးမာန်က..အသာပြုံးရင်း..
""သား.မိုးရိပ်ရော..နွချေိုရော..ခဏလောက်.ထိုင်ပြီး..ဦးမာန်ပြောပြတာလေးကို.နားထောင်ပေးကြပါဦး..""
ဦးမာန်စကားကြောင့်..နွချေိုနဲ့.မိုးရိပ်..တို့ထိုင်လိုက်ကြသည်။.ဦးမာန်.ဆက်၍..
""သားမိုးရိပ်..ဦးမာန်ကို မေးချင်နေတာတွေ များနေမှာဘဲနော်..ဦးမာန် ဖြေးဖြေး ချင်းရှင်းပြ ပြောပြပေးပါ့မယ်..""
အစချီလိုက်ပြီး..
""ဦးမာန်ရယ်..မိုးရိပ်အဖေရယ်..ကိုကြိုင်ရယ်က..ကျောင်းနေဘက်သူငယ်ချင်းတွေလေ..တကယ်တော့..သားရဲ့အဖေ.ကိုစိုးက..သားအမေကို မယူခင်ကတည်းက..ကိုကြိုင်နဲ့ချစ်သူတွေဖြစ်နေကြတာလေ..ဒါကို..သားရဲ့အဘိုးသိသွားပြီး..ဇွတ်အတင်းခွဲခဲ့ကြလို့..သူ့တို့နှစ်ယောက်..ဝေးသွားကြတာ..နောက်တော့ သားရဲ့အမေ ဒေါ် မြကေဇင်နဲ့ ဇွတ်အတင်း ပေးစားခဲ့ကြတယ်..
သားရဲ့အဖေမိန်းမယူသွားပြီးနောက်ပိုင်း..ကိုကြိုင်နဲ့အဆက်သွယ် လုံးဝပြတ်သွားခဲ့ကြတယ်လေ..နောက်တော့..သားလေးမွေးပြီး..သိပ်မကြာခင်..သားရဲ့အမေက..သားအဖေနဲ့ကိုကြိုင်အကြောင်းကို သိသွားပြီး..ပြဿနာရှာတော့တာဘဲ..နေ့တိုင်း..သံသယမျက်လုံးနဲ့.ကိုစိုးကို ဒေါက်ထောက်ကြည့်ပြီး.တစ်ချိန်လုံး ရန်ရှာနေတော့တာဘဲ..တစ်စ.တစ်စနဲ့..သားရဲ့မိဘတွေရဲ့အိမ်ထောင်ရေးတစစီပြိုကွဲလာခဲ့သလို..သားရဲ့အမေကလည်း..ငယ်ရွယ်သေးတဲ့ သားကို ပစ်ပြီး သူ့အပျော်ကိုဘဲ သူရှာနေတော့တယ်..တကယ်တမ်း စမ်းစစ်ကြည့်လိုက်လို့ရှိရင်..အိမ်ထောင်ရေး စပြီး.ဖောက်ပြန်ခဲ့တဲ့သူက. သားရဲ့အမေဘဲ...ဒါကို.သားအဖေက.နားလည်မှုပေးခဲ့တယ်..ဒါပေမယ့်..ကြားထဲက..ဦးမာန်..ကိုစိုး.စိတ်ဖိစီးနေတာကို..မကြည့်ရက်လို့..သူငယ်ချင်းတစ်ဦးရဲ့.ပါတီပွဲကို.ဇွတ်အတင်းခေါ်သွားလိုက်မိတယ်..အဲ့မှာ.မထင်မှတ်ဘဲ.ကိုကြိုင်နဲ့ဆုံတွေ့ခဲ့မိတာပေါ့..အဲ့နေ့ညက..ကိုစိုးနဲ့ကိုကြိုင်တို့နှစ်ယောက်..ရိုးရိုးသားသား..တစ်ဦးကိုတစ်ဦး..ရင်ဖွင့်စကားတွေပြောဖြစ်ခဲ့ကြတယ်လေ..အဲ့ဒါကို.သားအမေ.ဘယ်လိုသိသွားလဲတော့..မသိဘူး..အဲ့နေ့က အကြောင်းနဲ့ပတ်သက်ပြီး..အကြီးကျယ်..ရန်တွေ့ရင်းကနေ..နောက်ဆုံး.
လင်ခန်းမယားခန်း.ပြတ်ဆဲတဲ့အထိကို ဖြစ်သွားရတော့တာဘဲ...အစက..
သားရဲ့အဖေက.သားကို.အုပ်ထိန်းခွင့်တောင်းခဲ့ပေမယ့်..သားအမေနဲ့ အဘိုးက.လက်မခံခဲ့တဲ့အပြင်..သားရဲ့အနားကိုပါ.မကပ်နိုင်အောင်..လုပ်ခဲ့တယ်လေ...နောက်တော့..သားရဲ့အဖေက..သားကိုစိတ်မချတာနဲ့..ဦးဆီမှာ..အကူညီတောင်းခဲ့တယ်လေ..အဲ့တုန်းက..ဦးလဲ.အခက်ခဲတွေအများကြီးနဲ့ ရင်ဆိုင်နေရတဲ့အချိန်လေ..ဦးဆီမှာ.အရမ်းချစ်တဲ့မိန်းမနဲ့.၂နှစ်အရွယ်ဘဲရှိသေးတယ် ဦးသားလေးကို.ဆုံးရှုံးကာစအချိန်ပေါ့...သားရော.မိန်းမရော ဆုံးတော့.. ဦးဘဝကြီးကို.ရေစုန်မျော ရင်း..နေ နေခဲ့တဲ့အချိန်..အဲ့ဒီအချိန်မှာဘဲ..သားကို..စောင့်ရှောက်ပေးဖို့..သားရဲ့အဖေနဲ့ အဘွားက အကူညီတောင်းခဲ့တယ်လေ..သားကိုမြင်တော့..ဆုံးသွားတဲ့..ဦးသားလေးကို အရမ်းသတိမိသေးတယ်..အဲ့တော့ သေမထူး နေမထူးဖြစ်နေတဲ့ ဦးဘဝတစ်ခုလုံး သားဆီမှာမြှပ်နှံရင်း..သားကိုဘဲ၊ဒီအရွယ်ထိရောက်အောင် ဦးပြုစုပျိုးထောင်ပေးလာခဲ့တာပေါ့..""
ဟုရှည်လျားစွာနဲ့ ပြောပြလေသည်။
မိုးရိပ် ဦးမာန်ကို ဂရုဏာသက်နေသည့် မျက်ဝန်းများနှင့်စိုက်ကြည့်နေမိ၏။
""ဒါဆို..ဖေ..ဖေ..ကကျွန်တော့်ကို.ပစ်မထားခဲ့ဘူးဆိုတဲ့ သဘောလား..""
မိုးရိပ်.လေးပင်စွာမေးလိုက်တော့ ဦးမာန်က.ပြုံးရင်း..
""ဒါပေါ့ သားရဲ့အဖေက. သားအတွက်..သူ့ကိုယ်စား..ဦးမာန်ကို.စောင့်ရှောက်ခိုင်းခဲ့တာပါ..သူ့ကြောင့်သားလေးမျက်နှာငယ်မှာ..အနှိမ်ခံရမှာကို.စိုးလို့..သားနဲ့ အဝေးဆုံးနေခဲ့တဲ့သူတစ်ယောက်ပါ..""
ဦးမာန်စကားကြောင့်..မိုးရိပ်.
.မျက်နှာညှိုးငယ်ကျသွားလေသည်။
နွချေို..မိုးရိပ်ရဲ့.လက်လေးကို.ဆုပ်ကိုင်လိုက်ပြီး...အသံတိတ်နှစ်သိမ့်ပေးလိုက်၏။
""ဟုတ်ကဲ့..ဦးမာန်..အခုလို.အဖြစ်မှန်တွေကို..ဘာဖြစ်လို့.ကျွန်တော်ကိုစောစောမပြောပြခဲ့ရတာလဲ.ဟင်.""
""အင်း.ခပ်ညံ့ညံ့အကြောင်းပြချက်တစ်ခုကိုဘဲ ပြရတော့မှာပေါ့..အခြေနေလည်းမပေးခဲ့သလို..သားကလည်း.သားအဖေနဲ့ပတ်သတ်ပြီး..ဦးတို့ထင်တာထက်ကိုပိုပြီး..အထင်မြင်တွေလွဲပြီး.မုန်းတီးနေခဲ့တာလေ.""
ဦးမာန် စကားကြောင့်..မိုးရိပ်..လေပူတစ်ချက်ကို.မှုတ်ထုတ်လိုက်၏။
""ဟူး..ဟုတ်ပါပြီ..ဦးမာန်..ထားလိုက်ပါတော့လေ..အခု..စွဲမက်ရှင်ကိစ္စကိုရော..ကျွန်တော်.ဘယ်လိုလုပ်သင့်လဲဟင်..""
""အဲ့ကိစ္စနဲ့ပတ်သက်ပြီး..သား.ဦးကို..အသေးစိတ်.သေချာပြန်ပြောပြဖို့တော့လိုတယ်.သား..""
မိုးရိပ်..ဦးမာန်ကို..အားကိုးတကြီးစိုက်ကြည့်လိုက်ပြီး..သူ.မမှတ်မိတော့သည့်..အရာအားလုံး.မှားယွင်းနေခဲ့သည့်.တစ်ညတာအကြောင်းကို.ပြောပြလိုက်သည်။
❤❤❤❤
""Rain(ရိန်း)..""
နွချေို..အိပ်ရာပေါ်မှာ လှဲအိပ်နေသည့်..မိုးရိပ်.ရင်ခွင်ထဲ.တိုးဝင်လိုက်ပြီး.နူးညံ့ညှင်သာစွာ.ခေါ်လိုက်၏။
""အင်း..ဘာလဲ.summer(ဆမ်းမား)
လေး...""
""ဟိုဝှာလေ..တကယ်လို့..စွဲမက်ရှင်က.Rain(ရိန်း)ရဲ့ရင်သွေးလေးကို.လွယ်ထားတာ တကယ်ဆိုရင်..ဘယ်လိုလုပ်မလဲ..""
တိုးညှင်းစွာနဲ့.မေးလိုက်သည့်.နွချေိုစကားကြောင့်..မိုးရိပ်..စိတ်ရှုပ်ထွေးစွာနဲ့.သက်ပြင်းချလိုက်၏။
""..အခုလိုမေးလိုက်လို့.Rain(ရိန်း)
စိတ်ညစ်သွားမယ်ဆိုတာကို..သိပါတယ်..ဒါပေမယ့်.အဲ့ကိစ္စက ဒီတိုင်းပစ်လိုက်လို့.ပြီးသွားမဲ့ကိစ္စလည်းမဟုတ်ဘူးလေ..နောက်ပြီး
မင်းကို..တာဝန်မဲ့တဲ့..လူယုတ်မာတစ်ဦးလို့..လူတွေကပြောကြမှာကိုလဲ...မလိုလားဘူး.""
""မပူပါနဲ့..summer(ဆမ်းမား)လေးရယ်.အခုလို.ကိုယ့်ကို.စိတ်ပူပေးတဲ့..အရမ်းချစ်သွားပြီနော်.ကလေးလေး.""
မိုးရိပ်.စကားကြောင့်နွချေို..မိုးရိပ်ရင်ခွင်ထဲကနေ.ဝုန်းခနဲ့ထထိုင်လိုက်ပြီး..မိုးရိပ်ကို.ပြူးကြောင်ကြောင်လေးနဲ့.ငေးကြည့်နေမိသည်။
""မိုး.မိုးရိပ်.မင်း.ဘာ..ဘာပြောလိုက်တယ်..""
တုန်ယင်နေသည့်.အသံလေးနဲ့..နွချေိုလေးပြန်မေးလိုက်တော့..
""ဟင်..ဘာကိုလဲ..ဘာလဲ.ကလေးလေးလို့ခေါ်လိုက်လို့..စိတ်ဆိုးသွားတာလား..""
""ဟာ.ကျစ်..မဟုတ်ပါဘူး..အဲ့ကလေးလေးရဲ့.ရှေ့က.ပြောလိုက်တဲ့စကား..ကိုမေးနေတာ..""
နွချေို.စိတ်မရှည်စွာနဲ့..အော်ပြောလိုက်တော့.မိုးရိပ်.ဟက်ခနဲ့တစ်ချက်ထရယ်လိုက်ပြီး..နွချေိုကိုယ်လေးကို..ပွေ့ဖက်လိုက်ပြီး..
""ချစ်တယ်..အရမ်းချစ်တယ်..အရမ်း..အရမ်း..အရမ်း.ချစ်ပါတယ်လို့...""
မိုးရိပ်.ပြောလိုက်တော့..နွချေို..မိုးရိပ်ရင်ဘတ်ကို..ထုရင်း..ဝမ်းသာလွန်းလို့.မျက်ရည်များပင်.စီးကျလို့လာခဲ့လေသည်။
""ဟောဗျာ...ဘာဖြစ်လို့.ငိုရတာလဲ..ချစ်တယ်လို့.ပြောလိုက်တာ..ငိုစရာလား..""
""ဝမ်းသာလွန်းလို့လေ..မင်းဆီကနေ.ချစ်တယ်ဆိုတဲ့..စကားကို..ကြားလိုက်ရတော့..ဝမ်းသာလွန်းလို့..မျက်ရည်တွေကျလာတာ.""
ရှိုက်သံလေးနဲ့ဆိုလာသည့်.နွချေို.ကိုကြည့်ရင်းမိုးရိပ်ပြုံးလိုက်မိသည်။
နွချေိုပါးပြင်ပေါ်ကို.မျက်ရည်စတွေကို..သုတ်ပေးရင်း..
""အဲ့လောက်ထိတောင်..ဝမ်းသာတာလား..ဒီလိုမှန်းသိရင်.ကိုယ့်ရဲ့.summer(ဆမ်းမား)လေးကို..ခဏခဏ..ချစ်တယ်လို့.ပြောပါတယ်..""
""အင်း..ခဏခဏ..ပြောပေး..""
""ဟုတ်ပါပြီ...ချစ်တယ်.summer(ဆမ်းမား)လေး..""
မိုးရိပ်..ပြောရင်း..နွချေို.နုတ်ခမ်းလေးကို..ဖိနမ်းလိုက်၏။
နောက်တော့..အခန်းကျဉ်းလေးထဲမှာခိုးခိုးခိခိ.ရယ်သံတိုးတိုးလေးတွေ.လွှမ်းခြုံသွားလေတော့သည်။
❤❤❤
""သား.နွချေို..အခုရက်ပိုင်း.ထမင်းသိပ်ပြီးမစားဘူးနော်.
ဘာလို့လဲ..စားမကောင်းလို့လား..""
ဦးမာန် နွချေိုကိုကြည့်ရင်း..စိုးရိပ်တကြီး..မေးလိုက်သည်။
""ရပါတယ်..ဦး..သားအခုရက်ပိုင်း
မအီလည်ကြီး.ဖြစ်နေလို့ပါ..""
""နေများမကောင်းလို့လား.သားရယ်..""
ဦးမာန်..နွချေိုနဖူးလေးကို.စမ်းကြည့်လိုက်တော့..ကိုယ်ပူမနေပါ..။အင်းလေ..ဒီကလေးလဲ..သားမိုးရိပ်..နဲ့စွဲမက်ရှင်တို့ကိစ္စကြောင့်..စိတ်ညစ်နေရှာမှာဘဲလေ..။အခုဆို.စွဲမက်ရှင်က..ကိုယ်ဝန်ကိုအကြောင်းပြပြီးအိမ်မှာ..ဝင်ထွက်သွားလာနေသည်မဟုတ်ပါလား..။ဦးမာန်ထိုသို့တွေးရင်း..သက်ပြင်းတစ်ချက်ချလိုက်မိ၏။ထိုအချိန်...
"ဒေါ်မေတင်..ဒီနေ့.ရိပ်အကြိုက်တဲ့.ငါးဟင်း.ကောင်းကောင်းလေး
ချက်ကျွေးရအောင်လို့..ဒီမှာ...စွဲမက်လေ..ငါးတွေဝယ်လာတယ်သိလား..""
စွဲမက်ရှင်က..နွချေို..စားပွဲရှေ့.သူဝယ်လာတဲ့.ငါးတွေကို.တင်လိုက်လေသည်။
နှာခေါင်းထဲ စူးဝင်လာတဲ့.ငါးညှီနံ့ကြောင့်..နွချေိုရင်.ထဲ. အော်ဂလီဆန်လာပြီး.ပျို့တက်လာတာကြောင့်..ထိုနေရာကနေ.အလျှင်မြန်..ထထွက်လာခဲ့လေသည်။
နွချေို..ပုံစံကို.ကြည့်ပြီး.စွဲမက်ရှင်..အောင်နိုင်သူလို..ပြုံးလိုက်သည်။
အခုရက်ပိုင်း..နွချေိုတစ်ယောက်..နေမကောင်းဖြစ်နေသည်ကို.သူမ.သတိပြုနေမိတာကြာပြီလေ..။အထူးသဖြင့်..ငါးညှီနံ့.ကိုရရင်..နွချေို.ထိုးအန်တတ်မှန်းသတိထားနေမိတာကြောင့်.တမင်ငါးတွေကိုဝယ်လာခဲ့ခြင်းဖြစ်သည်။
အဟက်..နွချေို..။နင်စောင့်ကြည့်နေပါ..။ငါ.နင့်ကိုဘယ်လို.မသိမသာ.
ပညာပြမလဲဆိုတာကို.အဟင်း..အဟင်း...။
ထိုနေ့တစ်နေ့လုံး.နွချေို..ခဏခဏအန်ခဲ့လေသည်။ဘာတွေ
ဖြစ်နေမှန်းလည်း.သူကိုယ်သူ့မသိ.။အခုရက်ပိုင်း..ဘာစားစားခံတွင်းမတွေ့သည့်အပြင်..စားထားသမျှလဲ.အန်တတ်သေး၏။
တစ်ကိုယ်လုံး နုံးချိနေပြီး..အားအင်မရှိလို.ဖြစ်နေတာကြောင့်တစ်နေ့လုံး.လှဲအိပ်နေမိ၏။
မီးဖိုချောင်ထဲမှာ..ဒေါ်မေတင်နဲ့အတူ..အလုပ်ရှုပ်နေသည့်.စွဲမက်ရှင်ကို..ဦးမာန်..စူးစိုက်ကြည့်လိုက်ပြီး.ခေါင်းကိုလေးပင်စွာနဲ့ ခါရမ်းလိုက်၏။နောက်တော့..ဦးမာန်.ထိုနေရာကနေ..လှည့်ထွက်လာခဲ့ပြီး..
တစ်စုံတစ်ဦးဆီသို့ ဖုန်းကောက်ဆက်လိုက်လေသည်။
❤❤❤
""ရိပ်..ဒါက.စွဲမက်ကိုယ်တိုင်..ချက်ထားတဲ့..ငါဟင်းလေး..စားကြည့်နော်.""
စွဲမက်ရှင်က.မိုးရိပ်ထမင်းပန်းကန်ထဲ..ဟင်းတွေခပ်ထည့်ရင်း.ဆိုလိုက်၏။
""နွချေို..ထည့်စားလေ..""
မိုးရိပ်.နွချေို..ကိုလှည့်ပြောလိုက်တော့.နွချေို.အသာခေါင်းညိတ်ပြလိုက်၏။မနည်း.အောင့်ခံနေတဲ့ကြားထဲကနေ..ပျို့တက်လာတာကြောင့်..နွချေို..ထမင်းဝိုင်းကနေ.ထပြေးရပြန်၏။
""ဟာ..နွချေို..နွချေို..ဘာဖြစ်တာလဲ..""
မိုးရိပ်စိုးတကြီးနဲ့..အနောက်ကနေ လိုက်သွားမယ်အလုပ်..စွဲမက်ရှင်က..
မိုးရိပ်ရဲ့ လက်ကို ဆွဲဖမ်းတားလိုက်ပြီး..
""နွချေိုက..ဘာမှမဖြစ်ပါဘူး.ရိပ်ရဲ့..စွဲမက်.ကိုအမြင်ကပ်နေလို့.တမင်လုပ်သွားတာပါ..စွဲမက်.ချက်ထားတဲ့.ဟင်းတွေကို..သူအရမ်းရွံ့နေလို့ ဖြစ်ပါလိမ့်မယ်..""
ဟု မျက်နှာငယ်လေးနဲ့ ပြောလာလေသည်။မိုးရိပ်..စိတ် ထဲစနိုးစနှောက်ကြီးဖြစ်သွားကာ..။စွဲမက်ရှင်ကို အားတုံ့အားနာ ကြည့်လိုက်မိ၏။
""ဟင့်အင်း..အဲ့လိုမတွေးပါနဲ့..စွဲမက်..နွချေိုက..အဲ့လို.လူစားမျိုး.မဟုတ်ပါဘူး.""
ဟု.မိုးရိပ်က.ပြန်ပြောပြီး.ထမင်းဝိုင်းကနေ ထထွက်သွားလေတော့သည်။.ထထွက်သွားတဲ့..မိုးရိပ်ရဲ့ကျောပြင်ကို.စွဲမက်ရှင်.စူးစိုက်ကြည့်ပြီး.အောက်နုတ်ခမ်းကိုဖိကိုက်ထားနေမိ၏။
""သမီးစွဲမက်..""
""ဟုတ်ကဲ့..ဦးမာန်..""
""မနက်ဖြန်...အားလား..သမီး..""
""ဟုတ်..အားပါတယ်.ဦးမာန်.ဘာဖြစ်လို့လဲ..""
"".ဘာမှမဖြစ်ပါဘူး..သမီးနဲ့အတူ.တစ်နေရာကို.အရေးတကြီး.သွားစရာရှိနေလို့ပါ.အဲ့ဒါမနက်ဖြန်..ဦးနဲ့အတူသွားကြရအောင်.""
""ဘယ်နေရာကို..သွားမှာလဲ.ဦးမာန်.""
""ဟိုရောက်ရင်.သိရမှာပေါ့..သမီးနဲ့မိုးရိပ်တို့နှစ်ယောက်အတွက်.အရေးတကြီး.စီစဉ်စရာရှိလို့ပါ..""
ဦးမာန်စကားကြောင့်..စွဲမက်ရှင်..ရင်ထဲ..အနည်းငယ်ကြည်နူးမိသွားတာကအမှန်..။သူမနဲ့မိုးရိပ်တို့နှစ်ယောက်အတွက်.အရေးတကြီး..စီစဉ်စရာရှိနေတယ်တဲ့လေ..။ဘာများလဲမသိဘူး.ဆိုတဲ့အတွေးတွေနဲ့အတူ.စွဲမက်ရှင်.ရင်ထဲပျော်နေမိ၏။
❤❤❤
အပိုင်း 🍓၁၉🍓မျှော်ပေးပြဦးနော်😁။ဒီနေ့၃ပိုင်းကြီးတောင်.တင်ပေးထားတာနော်..။အားဆေးတွေအများကြီးကျွေးခဲ့ကြပါ😚😚။
🍉ညှို့စက်ကွင်း🍉
YOU ARE READING
သူငယ်ချင်းချစ်သူ
Romanceစာရေးသူ ညှို့စက်ကွင်း စိတ်ကူးယဉ်ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..စာရေးသူဆီကနေ ခွင့်ပြုချက်ယူပြီးမှ..တင်တာပါ😉..ယူနီနဲ့ရော ဇော်ဂျီနဲ့ပါ နှစ်မျိုးနဲ့ တင်ထားပေးပါတယ်နော်.. စာရေးသူ ညှို့စက်ကွင်း စိတ်ကူးယဥ်ရေးဖွဲ့ထားတဲ့ ဇာတ်လမ်းလေးတစ်ပုဒ်..စာရေးသူဆီကနေ...