3_

4.8K 633 6
                                    

ရိပေါ်ခန့် မှန်းကြည့်ခဲ့သလို
အရောင်အသွေးတွေ
ဒီလူ့ မျက်နှာမှာ ရှာမတွေ့ မိ။

ထွေးဆုပ်လာသော
လက်တွေက ဘာအဓိပ္ပါယ်ကိုမှ
အထူးတလည်ဖော်ဆောင်မနေ။

ရိပေါ်အတွေးတွေက
တစ်ခါတစ်ရံတော့လည်း
သရဖူဆောင်းပြီးခါစ ရှင်ဘုရင်လေးလို
တင်းကျပ်ရီဝေနေတတ်တာ။

"ရိပေါ်ကို တွေ့ ခွင့်ရတာ ကိုယ် တကယ် ဝမ်းသာမိတယ်"

"အချိန်ဇယားထဲမှာ သုံးနေရာတိတိ
မင်နီတားပြီးမှ ကျွန်တော် လာခဲ့တာပါ"

မျက်မှောင်လေးကြုတ်သွားတာပဲ
ရိပေါ်လိုချင်တာဒါလေ ခင်ဗျားကို
ကသိကအောက် သိပ်ဖြစ်စေချင်တယ်

"မသိလိုက်ရဘူး ကိုယ် မရည်ရွယ်ပါဘူး ရိပေါ်
ဒါပေမဲ့ ကိုယ်လည်း အလုပ်ကိစ္စလေးတစ်ခုနဲ့
ရိပေါ်ကို တွေ့ ခွင့်တောင်းတာပါပဲ"

"ကျွန်တော့်ကို တိုက်ရိုက်ပြောမှ,ရမှာလားဟင်"

"သိမလား မသေချာပေမဲ့
ကိုယ်က ရိပေါ်ကို သဘောကျတယ်"

ကြိုစဉ်းစားခဲ့ဖူးတယ်
ဒီလိုပြောလာရင် ဘယ်လိုတုံ့ပြန်လိုက်ရမလဲလို့
ပြဇာတ်တစ်ခုလို Dialogue တွေကို စနစ်တကျ
စီစဉ်ထားရင် အတုကို အစစ်လုပ်နိုင်တာပဲမဟုတ်လား

"ကျွန်တော့်ကို သတိလေးထားပြီး စကားပြောပေးရင်
ပိုအဆင်ပြေပါလိမ့်မယ် ဒါမှမဟုတ်ရင်
ရိပေါ် ရိုင်းသွားမိမှာ စိုးရိမ်တယ်"

စိတ်လွတ်ကိုယ်လွတ်
ထ,ရီလိုက်မယ်လို့ 
တွေးမထားခဲ့ဘူး
ဒီလူဟာ လွင့်မျောတော့မတတ် ရယ်မောနေခဲ့တာ

"ရိပေါ် တစ်မျိုးထင်သွားတာပဲ
ကိုယ် နားလည်ပါတယ် ရိပေါ်က ကိုယ်ထင်တာထက်
ရင့်ကျက်နေပြီးသားပဲ"

ရှပ်အဖြူရောင်လက်ရှည်ရဲ့
Sleeves တွေကို စိတ်ရှည်လက်ရှည်
ခေါက်တင်နေပြန်တယ်

၂၁ ရာစုမှာ
ဒီလူ ဘာကြောင့်များ ရှင်သန်နေတာပါလိမ့်
ရိပေါ်သိတဲ့ ကမ္ဘာကြီးဟာ ဒီလူနဲ့ နည်းနည်းမှ
သဟဇာတမဖြစ်နိုင်

လိမ္မော်ရည်ဖန်ခွက်ကို ကိုင်ပြီး
စားပွဲတစ်ဖက်ဆီကနေ
ရိပေါ်ရှိရာကို
လျှောက်လာနေတယ်

Atelier (Completed)Where stories live. Discover now