6_

3.2K 438 9
                                    

Tango သည် ကိုယ်လက်ပျော့ ပျောင်းမှုကို
အသားပေးသောအကအမျိုးအစား။

အဝတ်အစားမလဲခင် ရိပေါ်တစ်ကိုယ်လုံးကို
Soothing gel ဖြင့် နှိပ်နယ်ထားရသည်။
စိတ်ကို အဆုံးစွန်အထိ လျော့ ချပြီး ခြေလက်တွေကို
အကြောမတင်စေရန် ဂရုစိုက်လှုပ်ရှားပေးရသည်။

ဖန်သားပြင်စားပွဲပေါ်မှာ ပုံးနီနီလေးက
ရိပေါ်ကို မချေမငံစိုက်ကြည့်နေဆဲ။

နှစ်,နှစ်တာ ချစ်ခြင်းတွေဟာ
ရိပေါ်ကို ကလန်ကဆန်မလုပ်ဖို့ 
တောင်းပန်တိုးလျိုးလျက်။

နက်နက်ရိုင်းရိုင်း တိုးဝင်မိလေ
Zhan ge ဆိုတဲ့တောအုပ်လေးထဲမှာ
ကြောက်မက်ဖွယ်ရာသားရဲတွေ ရှင်သန်နေထိုင်ကြောင်း
ရိပေါ် နားလည်လာလေပါပဲ။

အခန်းတံခါးဝကနေ သမင်လည်ပြန်လှည့်ကြည့်မိတော့
ပုံးနီနီလေးမှာ ဒေါသရောင်တွေလွှမ်းခြုံထားပြီ။

ရှိပါစေလေ...။

စိတ်ကို အတတ်နိုင်ဆုံးနှစ်ပြီး ရိုက်ကူးရေးကို
ရိပေါ် သေသပ်စွာ အဆုံးသတ်လိုက်သည်။

အခန်းကို ပြန်ရောက်တော့ ညလယ်ရောက်လုပြီ။

ဖန်ပုံးလေးတစ်ခုထဲမှ အပြာရောင်မီးတောက်တွေက
လေနှင်ရာ,ဆီ ညွှန့် တက်နေသည်။

"Sean.....???"

တိုက်ခန်း Password ကို သိနေသည့်
တစ်ဦးတည်းသော ကိုယ့်လူသားလေးကို
သတိတရ အထိတ်တလန့် အော်ခေါ်မိသည်။

နံရံနောက်ကွယ်ကို လက်လှမ်းလိုက်တော့
ရိပေါ်လက်ကို ကျပ်တည်းစွာ ဆုပ်ကိုင်ခံလိုက်ရသည်။

"ကိုယ် ရောက်နေတာကြာပြီ"

အပြာရောင်မီးတောက်တွေဟပ်မိနေသော
ရိပေါ်ရဲ့ မြတ်နိုးရာလေးသည်
တစ္ဆေတစ်ကောင်အသွင်ကို ဆောင်နေသည်။

"Zhan ge....ကျွန်တော့်လက်ကို လွှတ်ပေးပါ
နာနေပြီ"

ပြေလျော့ သွားသော လက်ချောင်းတွေက
အေးစက်နေမြဲ။

"Zhan ge...ဘာတွေကို....."

ရိပေါ်ရှေ့ကို ပုံးခွံနီနီလေးပြုတ်ကျလာသည်။

"ပန်းစည်းကိုလည်း မီးထဲထည့်လိုက်ပြီ
ဝတ်စုံလေးကတော့ အခုချိန်ဆို ပြာဖြစ်နေလောက်ပြီပေါ့"

Atelier (Completed)Where stories live. Discover now