4_

4.3K 567 7
                                    

ရိပေါ်
လက်ခံခဲ့ပါတယ်

Stage Performances အတွက်ပဲ
သီးသန့် သူ့ ဒီဇိုင်းကို သုံးပေးပါတဲ့လေ

တောင်းဆိုချက်တွေဟာ
တစ်ခုပေါ်တစ်ခုဆင့်လာပေမဲ့
ငြင်းပယ်ခံလိုက်ရခြင်းဆိုတာ
ဒီလူသားအတွက်
မကြားဖူးတဲ့ ဝေါဟာရဖြစ်သလို
မကြုံဖူးတဲ့ အတွေ့ အကြုံဖြစ်ကောင်းဖြစ်နေလိမ့်မယ်

ခေါင်းညိတ်ပေးနေတဲ့သူဟာ
ကိုယ်,ကိုယ်တိုင်ပဲဆိုတာတော့ ရိပေါ် မေ့သွားတယ်

ူနောက်ပြန်လှည့်လို့မရနိုင်တာ အတိတ်ဆိုရင်
ရှေ့ဆက်လို့မရတာဟာ လက်ရှိအချိန်ပေါ့လေ

ပြန်ခါနီးမှာ မသိစိတ်က မေးခွန်းတစ်ခုလွှတ်ခနဲ...

"Sean ကျွန်တော့်ကို ဘယ်လိုစ,သိတာလဲဟင်"

ခေါင်းကိုငုံ့ ပြီး ပြုံးစစနဲ့
ရိပေါ်ကို ပြန်ကြည့်လာတယ်

"Multi-talented idol တစ်ယောက်ကို
အမှတ်မထင်မြင်လိုက်နိုင်တဲ့ နေရာတွေအများကြီးပါ"

ဘာကြောင့် 'အမှတ်မထင်' ဆိုတဲ့စကားကိုပဲ
ရိပေါ် ကြားမိလိုက်တာလဲဆိုတာ
Psychoanalyst တစ်ယောက်ဆိုရင်တော့
နားလည်နိုင်လိမ့်မယ်ထင်ပါရဲ့

Shanghai Tour....

ရိပေါ်ရဲ့ သီချင်းနဲ့ ကကွက်တွေ သိပ်,ညက်တယ်
Shanghai ကို အစိမ်းရောင်ကမ္ဘာငယ်လေးအဖြစ်
ဆေးဆိုးပန်းရိုက်လုပ်ပစ်နိုင်ခဲ့တဲ့ညပေါ့

Adam's apple လေးကအစ
မြတ်နိုးလှပါတယ်ဆိုတဲ့ fan တွေရဲ့ weibo မှာ
အရင်ကလို ရိပေါ်ချွေးစက်တွေကို
မကိုးကွယ်ကြတော့တာကလွဲလို့...........

"ဝမ်ရိပေါ် မင်း ငါတို့ကို ရူးအောင်လုပ်နေတာလား
အဲ့ဒီဝတ်စုံလေးနဲ့အရမ်းလိုက်တယ်"

"Sean Xiao နဲ့ ရိပေါ်ရဲ့ collaboration ကြီးပေါ့"

"ရိပေါ် မင်း ပုံမှန်ထက်ပိုချောနေတယ်"

"ဝတ်စုံ...ဝတ်စုံ...ဝတ်စုံ........"

ရိပေါ် ဆောင့်အော်ပစ်လိုက်တယ်
24 hrs မှာ 4 hrs ပဲ အနားယူပြီး
လေ့ကျင့်ခဲ့ရတဲ့ကကွက်တွေ လ,ချီရေးခဲ့ရတဲ့
Solo တွေကို ဝတ်စုံတစ်စုံက နင်းခြေသွားတာမျိုး.....

Atelier (Completed)Where stories live. Discover now