ကြယ်ပွင့်လေးရဲ့ Doctor
အပိုင်း 2နောက်တစ်နေ့ရောက်တော့ ရိပေါ် မနက်ထဲကအကလေ့ကျင့်နေလိုက်တယ်
ဒီအကတွေက သူ့အတွက်အကုန်လေ့ကျင့်ပြီးသားပေမဲ့ Fan တွေရှေ့မှာ အမြဲ Perfect ဖြစ်ချင်လွန်းတော့ အမြဲတမ်းကြိုးစားပြီးလေ့ကျင့်နေရတယ်
ကနေရင်း ခန္ဓာကိုယ်တစ်ပတ်လှည့်လိုက်တော့
အရှိန်မထိန်းနိုင်ဘဲ လဲကျသွားတော့တယ်
"ကျစ်....ပွဲကနီးနေပါပြီဆိုမှကွာ''
ရိပေါ် သူ့ခြေထောက်ကိုကြည့်လိုက်တော့ ခြေကျင်းဝတ်နာနေတာနဲ့ ဆေးလိမ်းပြီးဆက်မကတော့ဘဲ နားလိုက်တော့တယ်ရိပေါ်လည်းတနေကုန်နားပြီးညနေရောက်တော့
စကိတ်စီးပြီးအိမ်နားကပန်းခြံဆီသွားလိုက်တယ်
ရိပေါ်နေတဲ့နေရာက သရုပ်ဆောင်နဲ့အဆိုတော်တွေနေတာများတော့ သူတို့အရပ်မှာ နာမည်ကြီးတွေကိုတွေ့တာက ထူးဆန်းတာမဟုတ်တော့ပေ
ရိပေါ်လည်းစကိတ်စီးနေရင်း တစ်ဖက်ကလာတဲ့ စက်ဘီးစီးလာနေတဲ့ကလေးကိုရှောင်လိုက်တာ
လဲသွားတော့တယ်
ရိပေါ်လည်း ပြန်ထကြည့်တော့ခြေထောက်ကနာနေသေးတာနဲ့ အကိုရင်းဖန်ဆီသာဖုန်းဆက်လိုက်တယ်
" ဝေ့ ရိပေါ် ပြောလေ ''"ကျွန်တော်အိမ်နားကပန်းခြံမှာ စကိတ်လဲသွားလို့ ခုခြေထောက်လည်းနာနေတယ် အ့ဒါအကိုလာခေါ်ပေးပ့လား ''
"အေးအေး လာပြီ''
*ဒီကောင်လေးကတော့လေ ပွဲနီးပြီဆိုမှ ဖြစ်ပြီ *
ရင်းဖန်လည်း ရိပေါ်ဆီလာရင်း CEO ဆီဖုန်းဆက်ပြီး အကြောင်းကြားရသေးတယ်ရင်းဖန် ပန်းခြံကိုရောက်တော့ ရိပေါ်ကိုလိုက်ရှာနေရသေးသည်
ဟော တွေ့ပါပြီ ကိုယ်တော်က ပန်းခြံကခုံတန်းရှည်ပေါ်ထိုင်ပြီး ဖုန်းသုံးနေလေရဲ့"ရိပေါ် ခြေထောက်က ဘယ်လောက်တောင်ထိသွားတာလဲ ''
" နည်းနည်းပါ ဆေးလိမ်းလိုက်ရင်အဆင်ပြေမှာပါ ''
" ဆေးလိမ်းရုံနဲ့ရမလားကွ CEO ကမင်းကိုဆေးရုံခေါ်သွားဖို့ပြောနေတာ ''
" အကိုက CEO ကိုသွားပြောလိုက်သေးတာလား''
" မပြောလို့ရမလား ပွဲကနီးနေပြီလေ
လာပါကွာ ဆေးရုံသွားရအောင် ''
YOU ARE READING
ကြယ်ပွင့်လေးရဲ့ Doctor 🌟
Fanfictionကိုယ်မြတ်နိုးရသော ကိုယ့်ရဲ့ကြယ်ပွင့်လေးကတော့ လူတိုင်းအလယ်မှာ အမြဲတောက်ပနေစေချင်တယ် Xiao Zhan ကျွန်တော်လိုရေခဲတုံးလေးက Ge အပြုံးလေးအောက်မှာ ကျရှုံးခဲ့ရတာဗျ Wang YiBo