Part 4

719 49 22
                                    

ကြယ်ပွင့်လေးရဲ့ Doctor 🌟
အပိုင်း 4

Unicode

" အ့ဒါဆို ဒေါက်တာရှောင်းကျန့်က ကျွန်တော့်ကိုဂရုစိုက်ပေးပါ ''

"ဟမ်''

"ဘယ်လို ''

"ငါကဘာလို့မင်းကို ဂရုစိုက်ရမှာလဲ''

"ဟုတ်တယ်လေ ဂရုစိုက်ရမှာပေါ့ ကျွန်တော်ခုခြေထောက်နာတာကိုခင်ဗျားကုပေးတာလေ အဆုံးထိတာဝန်ယူရမှာပေါ့ ''

ဆေးရုံအုပ်လည်းမနေနိုင်တော့ဝင်ပြောမှရတောပမယ်
"အ့ဒါတော့မဖြစ်ဘူးထင်တယ် ရှောင်းကျန့်ကဒီဆေးရုံရဲ့အရေးကြီးတဲ့ဆရာဝန်ထဲမှာပါတယ်
သူမရှိရင်ဆေးရုံမှာအဆင်မပြေနိုင်ဘူး''

"နောက်လထဲမှာရှိတဲ့ဖျော်ဖြေပွဲမှာခြေထောက်ပြန်ကောင်းဖို့ ကျွန်တော်သူ့ကိုလိုအပ်တယ်
နေပါအုံး ခင်ဗျားတို့ဆေးရုံက သူမရှိရင်ဘယ်သူမှမကုတတ်တော့ဘူးလား''
ဆေးရုံအုပ်လည်းဘာပြောရမယ်မသိဖြစ်သွားတော့သည် ဆေးရုံမှာတခြားဆရာဝန်တွေရှိပေမဲ့ တချို့လူနာတွေက ရှောင်းကျန့်နာမည်တပ်ပြီးလာပြကြတာတွေကလည်းရှိသေးတယ်လေ

" ဒေါက်တာရှောင်းကျန့်ကို ကျွန်တော့်​ခြေထောက်ပြန်ကောင်းတဲ့အထိအနီးကပ်ဆေးကုပေးစေချင်တယ်
ဆေးရုံအုပ်ကြီးဘက်ကအဆင်ပြေအောင်လုပ်ပေးပါ ''

"ဟုတ်ပါတယ် ဆေးရုံအုပ်ရယ် ဒေါက်တာကိုရိပေါ် ခြေထောက်ကောင်းတဲ့အထိဆေးကုဖို့သဘောတူပေးပါ ''

ရင်းဖန်လည်းမနေနိူင်တော့ဝင်ပြောရတော့သည်
ဟုတ်တယ်လေ ဝင်မပြောရင် ရေခဲတုံးဝမ်က ဒေါက်တာလေးကိုမပြေးမဲ့သဘောရှိတယ်
ဟိုဒေါက်တာကလည်းခုထိမျက်လုံးပြူးလေးနဲ့ငေးနေတုန်း...

"ဒါဆို ဒေါက်တာရှောင်းကျန့်သဘောကရော ''

"ကျွန်တော်ကတော့ ဆေးရုံအုပ်အဆင်ပြေသလိုလုပ်ပါ လူနာကိုဂရုစိုက်ပေးရမှာကကျွန်တော့်တာဝန်ဘဲလေ''

ရိပေါ်လုံးဝမကြိုက်ပါဘူး သူ့ကိုများတာဝန်အရမလိုဂရုစိုက်မှာတဲ့ အ့စကားကြီးကိုမကြိုက်ဘူး
နေပါအုံး.....ဆရာဝန်ကလူနာကိုဂရုစိုက်တာဘဲကို ငါဘာဖြစ်ချင်နေတာလဲ 🙄

"ကဲပါ ဒီလိုဆိုမှတော့ ကျွန်တော်ဘက်ကသဘောတူပါတယ် ဒေါက်တာရှောင်းကျန့် ရိပေါ်ကိုဘဲသေချာဂရုစိုက်ပေးလိုက်ပါ''

"ဟုတ်ကဲ့ပါ ဆေးရုံအုပ်''

စကားပြောပြီးတာနဲ့ ဆေးရုံအုပ်လည်းသူ့ရုံးခန်းသူပြန်သွားတယ် ရင်းဖန်ကတော့ ရိပေါ်အတွက်လိုတဲ့ဆေးဝယ်ဖို့ကောင်တာဆီသွားလိုက်တော့တယ်

"ဒေါက်တာယုန်ပေါက် ''

"ဘာ''

"အာ...မှားလို့ ဒေါက်တာရှောင်းကျန့် မနက်ဖြန်မနက်၈နာရီ ကျွန်တော့်အိမ်ကိုလာခဲ့ပါ ''

"ဘာလို့ငါကမင်းပြောတဲ့အချိန်အတိအကျလာရမှာလဲ ''

အေးလေ ကိုယ့်ဆေးရုံကိုယ်နေတာတောင်အ့လောက်အပြောမခံရတာ သူကငါ့လာပြီးအမိန့်ပေးနေတယ် ဒါမျိုးတော့ကျန့်ကျန့်လက်မခံနိုင်ပါနော်

" ကျွန်တော်က မနက်ဆို လေ့ကျင့်ခန်းလုပ်မနပ်စာစားပြီးတာနဲ့ အကလေ့ကျင့်နေကြ
အ့တော့ လေ့ကျင့်နေချိန် ခင်ဗျားဘေးမှာရှိနေရမှာပေါ့ ''

" ငါလာခဲ့မယ် ဒါနဲ့ ငါမင်းထက်အသက်ကြီးတယ်နော် ခင်ဗျားလို့တော့ မခေါ်စေချင်ဘူး ''

" သူများနည်းတူဒေါက်တာရှောင်းကျန့်လို့လည်း
ကျွန်တော်ကမခေါ်ချင်ဘူး
ကဲပါ ထားပါတော့ အခေါ်အဝေါ်ကနောက်မှပြောင်းလို့ရပါတယ် ကျွန်တော်သွားတော့မယ် ''

ရှောင်းကျန့်လည်းအ့ကောင်လေးထွက်သွားမှသက်ပြင်းချနိုင်တော့တယ်
ငါဒီရေခဲတုံးကိုဘယ်လိုကုရမှာလဲ ခနလေးတွေ့တာကို မျက်စောင်းထိုးလိုက် အမိန့်ပေးလိုက်နဲ့
တလလောက်ကိုငါဘယ်လိုဖြတ်သန်းရမှာလဲ
မာမားကယ်ပါ......

************************

ရိပေါ်လေးကတော့ ဒေါက်တာရှောင်းကျန့်ကိုအိမ်အပါခေါ်သွားပြီနော်
ဘာတွေဆက်ဖြစ်မလဲဖတ်ပေးကြပါအုံး 💚❤

You've reached the end of published parts.

⏰ Last updated: Aug 03, 2020 ⏰

Add this story to your Library to get notified about new parts!

ကြယ်ပွင့်လေးရဲ့ Doctor 🌟Where stories live. Discover now