ကြယ်ပွင့်လေးရဲ့ Doctor
အပိုင်း 1"ဝမ်ရိပေါ် ...ဝမ်ရိပေါ်.... ဝမ်ရိပေါ်......
ဝမ်ရိပေါ်...ဝမ်ရိပေါ်....ဝမ်ရိပေါ်.....''
ဆိုတဲ့အသံတွေကတစ်ကွင်းလုံးကိုလွှမ်းသွားတယ်"အခုဖျော်ဖြေဖို့အလှည့်ကြရောက်တဲ့သူကတော့
ဝမ်ရိပေါ် ဖြစ်ပါတယ် ''
MC ကြော်ငြာပြီးတာနဲ့ စူးရှတဲ့ အကြည့်တွေနဲ့ကောင်လေးတစ်ယောက်စင်ပေါ်တက်လာပြီး
တစ်ကွင်းလုံးမိန်းကလေးတွေရဲ့အသဲကိုညှို့ယူသွားခဲ့တယ်ရိပေါ်ဖျော်ဖြေနေတုန်းစင်အောက်က Fanတွေရဲ့အသံကပိုပိုသာကျယ်လာတော့တယ်
ထိုသို့ ဝမ်ရိပေါ်ဆိုတဲ့ အသက်၂၂နှစ်အရွယ်ကောင်လေးရဲ့အောင်မြင်မှူကအံ့မခမ်းပင်
ငယ်စဥ်က လိုတိုင်းတရခဲ့သော Wang Group ရဲ့အငယ်ဆုံးသား အိမ်ကလူတွေရဲ့သည်းသည်းလှုပ်ချစ်ခြင်းသာမက အခုဆို သူ့Fanလေးတွေရဲ့
အူကြူးလေး အူကြူးလေးလို့ခေါ်ပြီးချစ်တာကိုပါ ခံနေရပြီလေ
အရာအားလုံးပြည့်စုံနေတဲ့သူ့အတွက် လိုအပ်ချက်ဆိုတာပင်မရှိရိပေါ်ဖျော်ဖြေပွဲပြီးတာနဲ့ မန်နေဂျာအကိုရင်းဖန်နဲ့အတူ သူ့တိုက်ခန်းကိုပြန်လာခဲ့လိုက်သည်
"ရိပေါ် နောက်လကြရင်လုပ်မဲ့ တစ်ကိုယ်တော်ဖျော်ဖြေပွဲအတွက် သေချာပြင်ဆင်ထားပါလို့ CEO ကမှာလိုက်တယ် ''"အင်း''
ရင်းဖန်ဆက်ပြောရမှာတောင်နင်သွားတယ်
သူကပွဲအတွက်ပြောနေတာကိုပြန်ပြောလိုက်တာက''အင်း''တစ်လုံးတည်းလား?
ဒါပေမဲ့ ဒါတွေကသူ့အတွက်အထူးအဆန်းမဟုတ်တော့ပါဘူး
ရိပေါ်အနုပညာလောကထဲစဝင်တည်းက သူကမန်နေဂျာလုပ်ခဲ့ရတာလေ ရိပေါ်အကြောင်းသူအကုန်သိနေပြီလေ မလိုအပ်ဘဲနဲ့စကားအပိုမပြောဘူး ရင်းဖန်လည်းတွေးနေရင်းကားသာဆက်မောင်းနေလိုက်သည်
သူစကားဆက်ပြောလည်း ဝမ်ရေခဲတုံးတို့ကဘာမှပြန်မပြောဘူးဆိုတာသိနေတာကိုးဒီလိုနဲ့ ရိပေါ်အိမ်ရောက်တော့
"ရိပေါ် ရောက်ပြီ''
"အင်း"
"မနက်ဖြန်ကစပြီးပွဲအတွက်ပြင်ဆင်ထားလိုက်တော့နော်''
ရိပေါ်ဘာမှပြန်မပြောဘဲ အိမ်ထဲသာဝင်ခဲ့လိုက်သည်
သူ့ခေါင်းထဲမှာတော့ပွဲအတွက်ဘာတွေပြင်ဆင်ရမလဲအကုန်စဥ်းစားထားပြီးသား
YOU ARE READING
ကြယ်ပွင့်လေးရဲ့ Doctor 🌟
Fanfictionကိုယ်မြတ်နိုးရသော ကိုယ့်ရဲ့ကြယ်ပွင့်လေးကတော့ လူတိုင်းအလယ်မှာ အမြဲတောက်ပနေစေချင်တယ် Xiao Zhan ကျွန်တော်လိုရေခဲတုံးလေးက Ge အပြုံးလေးအောက်မှာ ကျရှုံးခဲ့ရတာဗျ Wang YiBo