Part 3 🌟

585 46 4
                                    

ကြယ်ပွင့်လေးရဲ့ Doctor 🌟
အပိုင်း 3

"ရိပေါ်   အကိုဆေးရုံအုပ်ကိုပြောပြီးပြီ
ဒီဆေးရုံမှာ အတော်ဆုံးဆရာဝန်နဲ့တွေ့ပေးမယ်တဲ့
လာ သွားရအောင် ''

"အင်း''

ရိပေါ်လည်းအကိုရင်းဖန်လာခေါ်တာနဲ့လိုက်သွားလိုက်သည်
စိတ်ထဲတွင်တော့  စောနက ယုန်သွားနဲ့ဆရာဝန်လေးကိုသာတွေးနေမိသည်

ရှောင်းကျန့် သူ့အခန်းရောက်ရောက်ခြင်း
ဆေးရုံအုပ်ကခေါ်လို့ ဆေးရုံအုပ်ဆီသာသွားလိုက်တော့တယ်

ဒေါက် ဒေါက်
"အေး ဝင်ခဲ့ ''

"ဆရာ ကျွန်တော့်ကိုခေါ်တယ်ဆိုလို့ ''

"Aww ဟုတ်တယ် ရှောင်းကျန့် idolတယောက် ခြေထောက်ဒဏ်ရာလေးရသွားလို့
သူ့ကိုမင်းကုပေးရမယ် သူကအတော်ဆုံးဆရာဝန်နဲ့ပြချင်တာတဲ့ ငါတို့ဆေးရုံရဲ့ အရိုးအကြောဌာနမှာ မင်းကအတော်ဆုံးဆိုတော့ မင်းနဲ့တွေ့ပေး
မလို့''
"ဟုတ်  ဆရာ''

ရှောင်းကျန့်လည်း ဆေးရုံအုပ်အခန်းတွင်သာ စောင့်နေလိုက်တော့သည်

"ဒေါက် ဒေါက် ''

"ဝင်ခဲ့ပါ ''

"ဒါကျွန်တော်တို့ဆေးရုံရဲ့အတော်ဆုံးအရိုးအကြောဆရာဝန် ဒေါက်တာရှောင်းကျန့်ပါ''

ရှောင်းကျန့်လည်း သူ့ကိုမိတ်ဆက်ပေးနေတာနဲ့ လှည့်ကြည့်လိုက်တော့ စောနကတွေ့ခဲ့တဲ့ ဝမ်ရိပေါ်ဆိုတဲ့ကောင်လေးဖြစ်နေတယ်
* ငါကုပေးရမှာ အ့ကောင်လေးလား*

" တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်က ဒေါက်တာရှောင်းကျန့်ပါ''

"ဟုတ် ကျွန်တော်က ရိပေါ်ရဲ့မန်နေဂျာ ရင်းဖန်ပါ
ဒါကတော့ ဆရာတို့သိပြီးသားဖြစ်မှာပါ
အဆိုတော်ဝမ်ရိပေါ်ပါ''
ရင်းဖန် ဒေါက်တာနဲ့ရိပေါ်ကိုမိတ်ဆက်ပေးနေရင်း ရိပေါ်ဘက်လှည့်လိုက်တော့ အချေကိုယ်တော်ကဒေါက်တာလေးကိုငေးနေတာ မျက်တောင် တောင်မခတ်တော့

"ရိပေါ်     ရိပေါ် ''

"ဟမ် အင်း တွေ့ရတာဝမ်းသာပါတယ် ကျွန်တော်
ဝမ်ရိပေါ်ပါ ''

ရိပေါ် အကိုရင်းဖန်ကဆရာဝန်နဲ့ပြရပြီဆိုလို့သာလိုက်လာခဲ့ရတယ် မျက်စိထဲမှာ စောနကတွေ့ခဲ့တဲ့
ဒေါက်တာယုန်ပေါက်လေးသာမြင်ယောင်နေမိတယ်
တိုက်တိုက်ဆိုင်ဆိုင် ခုတွေ့ရတော့လည်း သူက
ကျွန်တော့်ကိုကုပေးမဲ့ဆရာဝန်လေးတဲ့လား
အကိုရင်းဖန်နဲ့မိတ်ဆက်နေရင်း ပြုံးပြနေတာလေးကလှလိုက်တာဗျာ
ယောက်ျားလေးမို့လှတယ်လို့မသုံးသင့်ပေမဲ့
သူ့အပြုံးလေးက မိန်းကလေးတွေထက်ပိုလှနေတယ်လေ

ကြယ်ပွင့်လေးရဲ့ Doctor 🌟Where stories live. Discover now