Chapter - 17

49.4K 4.8K 256
                                    

အန်းရက်စ်ဒီက တစ်နေရာရာကိုအလောတကြီးသွားနေတယ် … ခုတော့သူမပုံစံကအရင်လိုမောက်မာတဲ့ပုံစံပြန်ဖြစ်သွားပြီ … သူမအခန်းထဲဝင်လိုက်တော့ သူမကိုစောင့်နေတဲ့သူက အဲလက်စ် …

" ရိုး ... ရောက်လာတာမြန်သားပဲ "

" အဲလက်စ် … နင်ဘာကြောင့်ကတိမတည်တာလဲ … သူ့ကြောင့် ငါ … "

သူမကစိတ်ကြီးနေပေမဲ့ စကားကိုဆက်မပြောတော့ပဲရပ်သွားတယ် … သူမအကြည့်တွေက အဲလက်စ်အနောက်ကအမှောင်ထဲမှာထိုင်နေတဲ့လူကိုမြင်လိုက်၍ပင် … သူမဘာတစ်ခွန်းမှမဟတော့ပဲ ခုံပေါ်ကိုသာထိုင်ချလိုက်တယ် … အဲ့ဒိလူက Lion ရဲ့မျက်နှာဖုံးကိုတပ်ထားပေမဲ့ Lion မဟုတ်တာကို သူမရှင်းရှင်းလင်းလင်းသိတယ် …

" သခင်မလေးမှာလဲ ဒီလိုဦးချိုးခံရမဲ့အခြေအနေရှိလာမယ်လို့မထင်ထားဘူး "

" အဲလက်စ် နင်အဲ့လူနဲ့ပေါင်းပြီးကြံတာလား "

" ပေါင်းကြံတယ်ဆိုတာဘာစကားလဲ … ငါတို့ကမဟာမိတ်တွေပါ "

" နင်ငါ့ကိုဘာကိစ္စခေါ်တာလဲ "

" သခင်မလေးအကူအညီကို လိုအပ်နေတယ် "

" ပထမတစ်ခါတောင်အဆင်မပြေတာ ငါနင့်ကိုဒုတိယအကြိမ်ကူညီမယ်ထင်နေလား "

" သခင်မလေးက အဲ့ဒိကောင်လေးကိုရှင်းပြစ်ချင်တာမဟုတ်လား … ငါတို့သူ့ကိုလုပ်ခဲ့တာတွေကို အချိန်အကြာကြီးဖုံးကွယ်မထားနိုင်ဘူး … သူသာပြောပြလိုက်ရင် မင်းလဲမလွတ်နိုင်ဘူး … ခုတောင် Lion ကရိပ်မိနေသလိုမျိုး ငါတို့ဘက်မြှားဦးလှည့်လာပြီ … ငါနဲ့သဘောတူထားတဲ့အရောင်းအဝယ်ကိုဖျက်လိုက်တယ် … ငါသာလက်နတ်တွေမရရင် နင့်အဖေကိုဘယ်လိုမျက်နှာပြရမလဲ "

သူမကခနမျှစဉ်းစားလိုက်ပြီး …

" ရှန်ဖန်းဂူကိုပြောပေးတာကလွဲရင် ငါကူညီမယ် … ခုငါသူ့ကိုစကားမပြောရဲသေးဘူး … သူ့ဒေါသကခုသလောပိုပိုကြီးလာတယ် "

" ရှန်ဖန်းဂူကိုပြောပေးဖို့မလိုပါဘူး … ပြောပေးနိုင်မဲ့လူကို ခေါ်လာပေးယုံပဲ "

သူ့ရဲ့အကြံအစည်ကို သူမကိုပြောပြလိုက်တယ် … သူမပြန်သွားပြီးနောက် အနောက်မှာတစ်ချိန်လုံးတိတ်ဆိတ်စွာနဲ့ထိုင်နေတဲ့လူကို လှည့်ကြည့်လိုက်ပြီး …

LION 🦁 ( Mafia Is My Alpha ){ Unicode }Unde poveștirile trăiesc. Descoperă acum