For three years later,
သုံးနှစ်ဆိုတဲ့ အချိန်ကို လှပစွာ ဖြတ်ကျော်လာခဲ့ပီ
သုံးနှစ်အတွင်း Taehyungက သူ့ကတိအတိုင်း companyကို ဦးစီးနိုင်ခဲ့တယ်
ကျောင်းတဖက်နဲ့မို့ Jinက သူကူမယ်ဆိုတာကို နားမထောင်ဘူး အိမ်မှာပဲထားတာ အကြောင်းပြချက်ကတော့ လူတေ ဝိုင်းကြည့်နေမှာ စိုးလို့တဲ့လေ''Hyungရေ Hyungပိစိလေးရေထတော့ ဆက်အိပ်နေရင် ခေါင်းတေ ကိုက်နေမယ်''
Taehyungအား မလွတ်တမ်းဖက်ကာ ဆက်ကွေးနေသော Hyungပေါက်လေး
''Hyungထတော့ ကိုယ်က companyသွားရဦးမာ နောက်ကျနေမယ်''
ပြောလိုက်တော့ သူကထထိုင်လိုက်တာကြောင့် ကိုယ်ပါထိုင်လိုက်တော့ ပေါင်ပေါ်ကိုအတင်းကာ ခန္ဓာကိုယ်တစ်ခုလုံး ရင်ခွင်ထဲကို တိုးဝင်လာတာကြောင့် တင်းနေအောင်
ပြန်လိုက်တော့ သဘောကျလို့နဲ့တူတယ် တခစ်ခစ်နဲ့ ရယ်သံလေးတေ ထွက်လာတယ်'' Taeလေး ''
''ဘာပြောမလို့လဲ ကိုယ့်အိပ်ပုတ်လေးက''
''အဲ့companyကို Appaကို ပြန်ပေးလိုက်ပါ့လားဟင် ''
''ဟင် ဘာလို့လဲHyungရဲ့''
''ဟွင့် မင်းက အဲ့ပဲသွားနေတာကို ငါကျအိမ်မှာ ပျင်းစရာကြီးကို ''
''ဟားးးလက်စသတ်တော့ Hyungက သူပျင်းလို့ မသွားခိုင်းတာပေါ့ ''
''အင်းးလေ မင်းမရှိတော့ ပျင်းတယ် နောက်ပီးလွမ်းလဲ လွမ်းတယ်''
''ဟားးးဟားး ဟုတ်ပါပီ ကိုယ်စောစောပြန်လာမယ် ဟုတ်ပီလား''
''ဟင့်အင် မဟုတ်သေးဘူး ''
''ကဲ ဒါဆိုHyungက ဘာလုပ်စေချင်လဲပြောပါဗျ ''
ရင်ခွင်ထဲ တစ်ဆနဲ့ တစ်ဆ ထပ်တိုးပီ ဝင်လာကာ
''Hyungကိုပါ ခေါ်သွားလေနော်
မင်းစကားနားထောင်မယ်လေနော် တကယ်ပြောတာ နောက်ပီးငြိမ်ငြိမ်လေးထိုင်ပီး မင်းကိုပဲကြည့်နေမယ်လေနော် ''ရင်ခွင်ထဲကနေ နှုတ်ခမ်းလေးဆူကာ ဖစ်ချင်တာတေကို သူ့လက်ညိုးလေးနဲ့ ကျွန်တော်ရင်ဘတ်အား တို့ကာ ခွင့်တောင်းနေသော အကောင်ပေါက်လေးအား ဖစ်နိုင်ရင် အကောင်လိုက် မျိုချပလိုက်ချင်မိတယ်