A String Attached
Epi-1
"ကျွန်မ ကိုဒီအင်္ကျိလေးပေးပါ"
"ကျွန်တော့ကိုဒီအင်္ကျိလေးပေးပါ"
ပြိုင်တူထွက်လာသောအသံကြောင့် တစ်ယောက်ကိုတစ်ယောက်ကြည့်လိုက်ကြသည်...သူတို့နှစ်ယောက်ပြောလိုက်သော ဆိုင်အရောင်းဝန်ထမ်းမလေးက...
"ဟို...အစ်ကိုနဲ့အစ်မ အားတော့နာပါတယ်...
ဒီ couple t-shirt ကအရမ်းရောင်းရလို့ ဒီတစ်စုံပဲ ကျန်တော့တာပါ နှစ်ယောက်သားညှိလိုက်ကြပါနော်"
ထိုအခါမိန်းကလေးကစ၍...
"ဒီအင်္ကျိကို soo အရင်အပတ်ထဲက လာဝယ်တာ ကုန်သွားလို့ဒီနေ့ထပ်လာတာ မိန်းကလေးကိုဦးစားပေးလိုက်ပါ"
ယောကျာ်းလေးမှလဲ...
"ဟာာာ ဒီမိုကရေစီခေတ်မှာ ယောကျာ်းမိန်းမ အတူတူဘဲလေ။ ဒီလိုဘယ်ရမလဲ။ကျွန်တော်လဲ ဟိုတစ်ပတ်ထဲက Lu နဲ့တူတူလာကြည့်ထားတာ။ ကျွန်တော့ကောင်မလေးက ပန်းရောင်မဟုတ်ရင်မဝတ်ဘူးဗျ!"
"ကျွန်မချစ်သူကလဲ ပန်းရောင်လို အရောင်နုနုလေးတွေမှ ကြိုက်တာ"
Kai 'ဟက်'ခနဲ တစ်ချက်ရယ်လိုက်မိသည်။ဘယ့်နှယ့် ယောကျာ်းလေးက ပန်းရောင်ကြိုက်ရတယ်လို့...ထို့နောက်...
"ကျွန်တော်ကတော့မလျှော့နိုင်ဘူးး Lu ကိုဝယ်ပေးမယ်လို့ကတိပေးထားပြီးသားး ယောကျာ်းကတိမပျက်နိုင်ဘူး"
"ရှင်တော်တော် တွက်ကပ်တဲ့ ယောကျာ်းပါလားး ဒီမှာမရ တခြားဆိုင်သွားဝယ်ပေါ့!!ကျွန်မ လဲကျွန်မချစ်သူကို အတန်တန် ပြောပြီးမှ ပထမဆုံး couple t-shirt ဝတ်ရတာ! ကျွန်မ ကတော့မလျှော့နိုင်ဘူး!"
ကဲ...ဒီမိန်းကလေး မျက်လုံးကပြူးပြူး အသည်းပုံနှုတ်ခမ်းလေးနဲ့ ချစ်စရာကောင်းသလောက် တော်တော်စွာပါလားး Kai တို့ကိုတော့
ဒီလိုလာလုပ်လို့ဘယ်ရမလဲ!Ah! ဟုတ်ပြီဒီ အကြံကောင်းတယ်!Kai တစ်ချက်ပြုံးလိုက်ပြီး...
"ကဲ မျှမျှတတ ဖြစ်သွားအောင်မင်းလဲ တစ်ထည်ယူ...ငါလဲတစ်ထည်ယူမယ်။ ငါတို့အဓိက ဝတ်စေချင်တာ ငါတို့ချစ်သူတွေကိုဘဲ။ဒီတော့ မင်းကယောကျာ်းလေး အင်္ကျိယူ ငါကမိန်းကလေး အင်္ကျိယူမယ်"
"ဘာာ ရှင့်!!! ကျွန်မ အရင်ပြောထားတာလို့ပြောပြီးပြီလေ!"
Kai,Soo စကားကိုနားမထောင်တော့ဘဲ ဆိုင်ဝန်ထမ်းကောင်မလေးကို...
"အဲ့လိုပဲ ထုပ်ပေးပါ"ဟုပြောလိုက်ရာ ကောင်မလေးလဲ အမြန်ပြီး ပြီးရောသဘောဖြင့် ထုပ်ပေးလိုက်သည်။
Kai လဲ"ရော့ဒီမှာ ပိုက်ဆံ" ဟုပိုက်ဆံပေးပြီး Soo နားကပ်၍...
ကဲ မင်းရဲ့ ယောကျာ်းဆန်လှတဲ့ ပန်းရောင်ကြိုက်တဲ့ ချစ်သူကိုဒီအင်္ကျိလေး ဝတ်ပြီး လှနေတာ မြင်ရတော့ မှာပေါ့ ဟားဟား"ဟုလှောင်ရယ် ရယ် ပြီးထွက်သွားလေသည်။
အင်္ကျိဆိုင်မှာဒေါသအိုးပေါက်ကွဲပြီးကျန်ခဲ့သူ Soo ကတော့...
"ချောကလက်သုတ်ထားပြီး ကန်စွန်းဥမီးတူးနေတဲ့ ရုပ်နဲ့ များ(Kai ကတော်များ Mian ပါ^^)ငါ့ Hun ကိုပြောသွားသေးတယ် ကြည့်နေ သူများချစ်သူ ကိုဆင်တူမဝတ်နိုင်အောင်လုပ်တာ နင့်ချစ်သူနဲ့ကွဲပါစေ ဗျား! ဟွန်း!"
Soo ကြိမ်းဝါးလိုက်ပြီး အင်္ကျိ ကိုယူကာ ထွက်သွားတော့သည်...
......... Part-1 Ends......
Thz for reading~
Plz vote for me~ု
