Part 4

4.3K 289 1
                                        

A String Attached

Epi-4

နောက်နေ့ Olympic ပန်းခြံတစ်နေရာတွင်…

"Hun,Soo ပြောတာကြားရဲ့လား။အဲ့ဒီတော့Soo ကို Hun ခိုးပြေးနော်။Soo Hunနဲ့မခွဲနိုင်ဘူး"

ပြောရင်းသူ့ပခုံးပေါ်ခေါင်းလေးမှီလာသော Sooကို Hunသနားကြည့်ကြည့်ကာ…

"ဖြစ်ပါ့မလား Sooရယ်…ကိုယ့်အဆင့်အတန်းက…"

"တော်တော့ Hunဒီလိုစကားမပြောပါနဲ့လို့Sooပြောထားရက်နဲ့" Sooဒေါသသံလေးနဲ့အော်တော့ Hunလဲ Sooလက်လေးကိုကိုင်ကာ…

"Arasaw Soo ya,ကိုမှားသွားတယ်။ မပြောတော့ဘူးနော်၊ Sooကသူဌေးသမီးဘဲ ကို့ကိုတာဝန်ယူမှာမို့လား" Hunခပ်နောက်နောက်ပြန်ပြောလိုက်မှ Sooလဲရယ်လိုက်ပြီး…"အင်း၊ တာဝန်ယူမှာ…ဒါဆို Hun နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့နော်"

Hun လဲ"အေးပါ Sooရယ်ကိုမမေ့ပါဘူး"ဟုပြောပြီး Sooကိုယ်လေးကိုရင်ခွင်ထဲထည့်လိုက်သည်။ Sooလဲစိတ်ချသွားမှ Comapny ကိုပြန်သွားလေသည်။

Sooပြန်သွားတော့ Sehun ခုံတန်းလေးတွင်ထိုင်လိုက်ကာ ဖုန်းကိုထုတ်၍ 1ကိုနှိပ်လိုက်သည်။ ခဏအကြာ ကြားနေကျအသံလေးက "hello"ဟုထူးလိုက်ရာ…Hun က

"Bambi လေးရေ ကိုတို့plan ရှေ့ရွှေ့ရတော့မယ်"

တစ်ဖက်မှလဲ"Bambi လဲခုပဲပြောတော့မလို့။ ဘယ်နေ့"

"နောက်တစ်ပတ်ဗုဒ္ဓဟူးနေ့"နှစ်ယောက်လုံး ပြိုင်တူပြောမိကြသဖြင့်ခေတ္တကြောင်သွားပြီးမှ Hunက…

"ဟာာာ တကယ်လား။OK! ဒါဆို Plan အတိုင်းရှေ့ဆက်ကြတာပေါ့။ Ok နော်"

"Ok! Hun.Bye~~"

တစ်ဖက်မှ Ph ချသွားပြီးမှ Sehunလဲ ရှေ့မှကန်ရေပြင်ကြီးကိုငေးကြည့်ကာ…

"Sooရေ…ကျေးဇူးလဲတင်တယ်…တောင်းလဲတောင်းပန်ပါတယ်ကွာ……"

--------

Kai လဲlu ကိုနားချလို့ရခဲ့ပါသည်။ Lu ကိုတင့်တောင်းတင့်တယ်လက်ထပ်ချင်ပေမဲ့ခိုးရာလိုက်ဖို့ပြောရသည့်အတွက်အလွန်အားနာသော်လဲ Lu လေးက Kai ကိုချစ်တဲ့စိတ်တစ်ခုထဲနှင့်လိုက်ခဲ့မည်တဲ့…ဘယ်လောက်ချစ်ဖို့ကောင်းတဲ့ မိန်းကလေးလဲ~~ထိုနေ့ညက Kai lu ကိုတွေ့ခဲ့ပုံကိုပြန်စဉ်းစားရင်း…

A String AttachedOnde histórias criam vida. Descubra agora