A String Attached
Epi-8
(Soo စကိတ်စီးသင်ပေးပါပြောလို့ kai နဲ့၁လ လုံး ထမင်းချက်ကျွေးဖို့ အပေးအယူလုပ်ပြီးတဲ့ ထိပြီးသွားပြီနော်)
စကိတ်စီးရန် အသွားလမ်းတွင် Soo အရမ်းပျေိာနေပုံရသည်။ Radio မှ သီချင်းများကို လိုက်ညည်းရင်း၊ တစ်ချက် တစ်ချက် လက်ဖျောက်တီးကာ စည်းချက်လိုက်ရင်း၊ မျက်နှာကို ပြတင်းပေါက်ဘက်လှည့်၍ လေညင်းခံရင်း၊
ပြုံးရင်း လိုက်လာသည်။
Kai သူမပုံစံကို ကြည့်၍ "စကိတ်လေးစီးရ မှာကို အဲ့လောက်တောင် ပျော်နေတာလား"
ဟုကားမောင်းရင်း မေးလိုက်တော့…
"Soo အတွက်တော့ စကိတ်လေး မဟုတ်ဘူး~ စကိတ်ကြီး~~~ Soo ငယ်ငယ်လေးထဲက စကိတ်အရမ်းစီးတတ် ချင်တာ၊ ဟိုလေ Kim Yuna လိုမျိုး Figure skating လေ Soo အိပ်မက် ပေါ့~ ကိုယ်ကျပ်ဝတ်စုံလှလှ လေးဝတ်… လေထဲမှာ ၂ချက်လောက် လှည့်လိုက်ပြီး~ ဒီလိုလေး ဟန်ချက်ထိန်းပြီး ပြန်ကျတာလေ~" Soo ပြောရင်း လက်နှစ်ဖက် ကို ဘေးသို့ ဆန့်တန်းကာ ရှေ့သို့ကိုယ်ကို ကိုင်းလိုက်သည်။
"ဒီလိုလေးလေ~" Soo ပြုံးပြီးပြောနေသည်။
သို့သော်ထိုအပြုံးမှာ Kai ပြုံးစိစိ ပြောသော စကားကြောင့် ပြန်မဲ့သွားလေသည်။
"ကိုယ့်ကို ထိချင်လဲ ပြောပေါ့~ ဒီလိုကြီးတန်းလာထိ တာတော့ မကောင်းဘူးထင်တယ်"
Soo ကြည့်လိုက်တော့ သူမ ဆန့်တန်းထားသော ဘယ်လက်က သူ့ရင်ဘတ်နား ရောက်နေတာက်ု တွေ့လိုက်မှ Soo လက်ကို ရုတ်လိုက် ပြီး နှုတ်ခမ်းက်ု စူလိုက်ကာ
"ထိချင်မယ် အားကြီးကြီး! ကန်စွန်းဥ မဖြစ်ချင်ဘူး" ပြောရင်း လျှာထုတ်ပြလိုက်သည်။
Kai… သူမ သူ့ကို ကန်စွန်းဥ ဟုခေါ်တိုင်း စွေ့စွေ့ခုန်! ကန်စွန်းဥ တောင် မီးဖုတ်ပြီး မဲနေတဲ့ ကန်စွန်းဥ တဲ့လေ! သူ၏ ဝါဖန့်ဖန့် အဖြူလွှမ်းသော အသားကိုများ!!!
Kai လဲပြန်ပြောလိုက်သည်။
"မထိချင်တဲ့သူက ဟိုနေ့ကကျ ကိုယ့်ရင်ခွင် ထဲအိပ်နေတာများ သိုးး လို့~ ပိုင်စိုးပိုင်နင်း ခါးကိုတောင် ဖက်ထားလိုက်သေးတယ်"